fbpx

ယနေ့အထိဒုက္ခပေးနေဆဲဖြစ်တဲ့ ဒေးဗစ်လား ဆေးရုံဆင်းသွားပေမဲ့ ဆုတောင်းပွဲမှ ကူးစက်မှု

အတည်ပြုလူနာတွေနဲ့ထိတွေ့မှုရှိထားတဲ့ရာဇဝင်အရ သူတိုနဲ့ထိတွေ့ခဲ့တဲ့ လူနာ နံပါတ် (၁၀၁)နဲ့ (၁၀၇)က သူတို့မိဘနှစ်ပါးဖြစ်ပြီး မိသားစုလိုက် ကူးစက်ခံရတာဖြစ်တယ်လို့ မြောက်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က Duwun ကိုပြောပါတယ်။

“ အခုက ညီမနှစ်ဦးကူးစက်ခံရတာပါ။ မိဘနှစ်ပါးကနေတစ်ဆင့် ကူးစက်တာ။ သူတို့ အဖေနဲ့အမေက ဒေးဗစ်လားပွဲမှာ ထမင်းဟင်းချက်ခဲ့တာပါ။

မျိုးကြီးတို့မိသားစုမှာ ရောဂါပိုးတွေ့ရှိခဲ့ကတည်း သူတို့ မိသားက သူတို့ အသိစိတ်နဲ့သူတို့ Quarantine ဝင်ခဲ့ကြတာ။ အဖေနဲ့ အမေမှာ ရောဂါပိုးအရင်တွေ့တာ။ ဒီနေ့မှာတော့ သမီးနှစ်ယောက်မှာရောဂါပိုးတွေ့တော့ မိသားစုလိုက်ကူးစက်ခံရတာပေါ့” လို့ ဦးတင်ထွန်းနိုင်က Duwun ကိုပြောပါတယ်။

လူနာနံပါတ် (၁၅၈)က အသက် (၂၄)နှစ်အရွယ် မိန်းကလေးဖြစ်ပြီး လူနာနံပါတ်(၁၅၉)တော့ အသက်(၂၇)နှစ်အရွယ်ဖြစ်ပါတယ်။ သူတို့မိသားစု (၄)ဦးလုံး Quarantine ဝင်ရောက်ကတည်းက မြောက်ဒဂုံက သူတို့နေအိမ်ကို lock Down လုပ်ထားပြီး ထိတွေ့ထားတဲ့ သူတွေလည်းမရှိဘူးလို့ သိရပါတယ်။

သူတို့မိသားစုက မြောက်ဒဂုံကို ပြောင်းလာတာ (၃)လသာရှိသေးပြီး မြောက်ဒဂုံမြို့နယ်အတွင်းမှာ COVID 19 အတည်ပြုလူနာအဖြစ် အခုကူးစက်ခံရတဲ့ မိသားစု(၄)ဦးသာရှိတယ်လို့ ဦးတင်ထွန်းနိုင်ကပြောပါတယ်။

တရားဟောဆရာ ဒေးဗစ်လားဟာ လက်ရှိအချိန်မှာ ကျန်းမာရေးကောင်းမွန်လို့ ဆေးရုံက ဆင်းခွင့်ရသွားပြီဖြစ်ပေမယ့် အဆိုပါဘာသားရေးပွဲကနေတစ်ဆင့် ကူးစက်မှုတွေကတော့ ယနေ့ထိရှိနေပါသေးတယ်။

Add a Comment

Your email address will not be published. Required fields are marked *