FDA ဟာ COVID-19 လူနာတွေကို ကုသဖို့ Gilead Sciences ကုမ္ပဏီရဲ့ Remdesivir ဆေးကို အတည်ပြုချက်ပေးလိုက်ပါပြီ

အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကွဲရေးအဖွဲ့ FDA ဟာ COVID-19 လူနာတွေကို ကုသဖို့ Gilead Sciences ကုမ္ပဏီရဲ့ Remdesivir ဆေးကို အတည်ပြုချက်ပေးလိုက်တယ်လို့ သမ္မတဒေါ်နယ်ထရမ့်က မေ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီဆေးကို ကိုဗစ်နိုင်တင်းလူနာတွေအတွက် အရေးပေါ်အခြေအနေမှာ စမ်းသပ်ဆေးဝါးအဖြစ် အသုံးပြု ကုသပေးနေတာဖြစ်ပါတယ်။
အိမ်ဖြူတော်မှာ သမ္မတ ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် Gilead ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဒန်နီယယ် အိုဒေးက ကုမ္ပဏီဟာ ထိုးဆေးပုလင်းငယ်ပေါင်း ၁ ဒသမ ၅ သန်းကို လှူဒါန်းသွားမယ်လို့ ပြောပါတယ်။ FDA ရဲ့ အခုအတည်ပြုချက်ဟာ ဆေးကို အရေးပေါ် အခြေအနေဖြစ်နေတဲ့ လူနာတွေအတွက် ကုသရာမှာသာ အသုံးပြုရမှာဖြစ်ပါတယ်။ Gilead ကုမ္ပဏီဟာ မူလကလည်း လူနာ ၁ သိန်း ၄ သောင်းကို ကုသဖို့ ဆေးအလုံအလောက်ရှိထားပြီး ဆေးရုံတွေကို ဆေးဖြန့်ဝေတာ အမေရိကန်အစိုးရက ကြီးကြပ်ပေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အတိပြုချက် ထုတ်ပြန်စာ ဒေါင်းယူကြည့်ရန်အတွက် ဒီနေရာမှာ နှိပ်လိုက်ပါ။

Tags:

Add a Comment

Your email address will not be published. Required fields are marked *