မေလအတွက် တစ်လတာ နေ့နာမ်အလိုက်ဟောကိန်း

တနင်္ဂနွေ သားသမီးများအတွက် မေလတစ်လတာ ဟောကိန်း

စီးပွားရေး၊ အသက်မွေး၀မ်းကျောင်းမှုနဲ့ အနာဂတ်ရည်မှန်းချက်များ ကို အဓိကဦးစားပေးသင့်တဲ့လဖြစ်ပါတယ်။ မိသားစုအရေးကိစ္စများကို ခဏလောက်လျစ်လျူရှုထားလို့ရပါသေးတယ်။ သင်ဟာ ဇွဲကောင်းသူ၊ ယုံကြည်ချက်ပြင်းထန်သူ ဖြစ်တာနဲ့အညီ လုပ်သမျှကို အောင်မြင်အောင်လုပ်ဆောင်နိုင်မှာ သခြောပါတယျ။မိသားစုအရေးကိစ်စများကို လျစ်လျူရှုထားလို့ရတယ်ဆိုပေမယ့် လုံးဝြကီးပစ်ပယ်ထားလိုက်ဖို့တော့ မဆိုလိုပါဘူး။ မိသားစုဆိုတာကလဲ သင့်ဘ၀တိုးတက်အောင်မြင်ဖို့အတွက် အရေးပါတဲ့အစိတ်အပိုင်းပါပဲ။လူမှုဆက်ဆံရေးအရည်အချင်းတော ကောင်းမွန်အောင် ကြိုးစားသင့်ပါတယ်။ စီးပွားရေး၊ အသက်မွေး၀မ်းကျောင်းမှုနဲ့ပက်သက်လာရင် လူမှုရေးဆိုတာ ကြီးမားတဲ့ကဏ္ဍတစ်ခုပါပဲ။ အခြားသူများရဲ့ အကြံပေးမှုများကို ခေါင်းမမာ ဂရုတစိုက်နားထောင်ပေးပါ။

အချစ်ရေး၊ အိမ်ထောင်ရေး

အချစ်ရေးမှာ သတ္တိကောင်းနေမယ့်လပါပဲ။ အချစ်ကို ရှာမတွေ့သေးသူများ ထာ၀ရတွဲလက်တစ်စုံကို ရှာဖွေတွေ့ရှိသွားနိုင်ပါတယ်။ အချစ်နဲ့ ပတ်သတ်တဲ့ အဆင်ပြေမှုတွေကို ပြေလည်အောင် စွမ်းဆောင်နိုင်မယ့် လတစ်လလည်း ဖြစ်နေပြန်ပါသေးတယ်။ အိမ်ထောင်ရှင်များ မိမိ အိမ်ထောင်ဖက်ရဲ့ အကြိုက်ကို အလိုက်အထိုက် နေတက်ရုံနဲ့ အိမ်ထောင်ရေး ပျော်ရွှင်မှုကို ရရှိမယ်လ တစ်လဖြစ်ပါတယ်။

မိသားစုအရေး

ဒီလထဲမှာတော့ သင့်မိသားစု အခက်အခဲတစ်ချို့ကြုံတွေ့ရတတ်ပါတယ်။ အဓိကကတော့ နားလည်မှုကွဲလွဲခြင်း၊ ပူပင်သောကများရခြင်းတို့ကြောင့်ပါပဲ။ အကြံပေးချင်တာကတော့ မိမိရဲ့မိသားစု၀င်များနဲ့ပြာဆိုဆက်ဆံတဲ့အခါ စိတ်ရှည်ရှည်ထားစေချင်ပါတယ်။

ကျန်းမာရေး
ကျန်းမာရေး ဒေါင်ဒေါင်မြည်ဖြစ်နေမှာပါ။ (၂၂) ရက်နေ့နောက်ပိုင်းမှာတော့ အသေးစားကျန်းမာရေးချို့တဲ့မူလေးတွေဖြစ်တဲ့ ခေါင်းကိုက်တာ၊ အအေးမိတာတို့ဖြစ်တတ်ပါတယ်။ တစ်လလုံးကျန်းမာရေး ဒေါင်ဒေါင်မြည်ဖြစ်ချင်ရင်တာ့ ကိုယျလကျလှုပျရှားလေ့ကငြျ့ခန်းလုပ်ပါ။ အစားအသောက်ဆင်ခြင်ပါ။ စိတ်ညစ်မခံပါနဲ့။

အသက်မွေး၀မ်းကျောင်း
(၂၂) ရက်နေ့မတိုင်ခင်အချိန်အထိတော့ အလုပ်ခွင်တွင်းမှာ စိန်ခေါ်မှုတွေ ကြုံတွေ့ရတတ်ပါတယ်။ အဲ့နောက်ပိုင်းမှာတော့ သင့်စွမ်းဆောင်မှုရဲ့ အသီးအပွင့်တွေကို ခံစားရမယ့်အချိန်ရောက်ပါပြီ။ အလုပ်ရှာနေသူများလဲ ကိုယ်နဲ့လိုက်ဖက်မယ့်၊ ကိုယ့်ဝါသနာနဲ့ ကိုက်ညီမယ့်အလုပ်များ ရရှိနိုင်ပါတယ်။

စီးပွားရေး
ငွေအမြောက်အများ၀င်ကိန်းရှိပါတယ်။ သင်အနာဂတ်အတွက် မည်သို့မည်ပုံ အစီအစဉ်ဆွဲထားသလဲဆိုတာအပေါ်မူတည်ပြီး ၀င်ငွေကလဲ ကွာဟသွားနိုင်ပါတယ်။ ရသမျှ၀င်ငွေတွေကို သင့်အနာဂတ်ရည်မှန်းချက်များအတွက် လုံး၀အပြည့်အ၀အသုံးချမိပါစေ။

ပညာရေး
ဒီလထဲမှာတော့ ပညာရေး ကံဇာတာညံ့ပါလိမ့်မယ်။ကျောင်းသူ၊ ကျောင်းသားများအနေနဲ့ ပုံမှန်ထက်ပိုပြီး ကြိုးစားဖို့လိုပါလိမ့်မယ်။ အာရုံမများဘဲ စာတစ်ခုထဲကိုပဲ အာရုံစိုက်ထားနိုင်ဖို့ အရေးကြီးပါတယ်။

စနေသားသမီးများအတွက် မေလတစ်လတာဟောကိန်း

ဒီလကတော့ မိမိကိုယ်တိုင် လုပ်ကိုင်ကြိုးစားရမယ့် လပဲဖြစ်ပါတယ်။ သင့်အသက်မွေးဝမ်းကြောင်းအလုပ်မှာ ကြီးမားတဲ့အောင်မြင်မှု့ကြီး ရရှိအောင် လုပ်ဆောင်ရမယ့် လပါပဲ။ သင်ဟာ သင့်မိသားစုအပေါ်မှာ အမြဲတမ်းဂရုတစိုက်ရှိခဲ့တဲ့ လူတစ်ယောက်ပါ။သင်ဟာ အနာဂတ်မှာ အတားအဆီးတွေ ဖြစ်ပေါ်နိုင်မယ့် အတိတ်က အမှားတွေကို သင်ခန်းစာယူဖို့ အမြဲတမ်း အသင့်ရှိနေတဲ့ သူတွေပဲ ဖြစ်ပါတယ်။ အတိတ်က ဖြစ်ရပ်တွေဆိုတာ မကောင်းတဲ့ အရာတွေ မဟုတ်ပါဘူး။ သူတို့က ကျွန်တော်တို့ကို ပိုကောင်းတဲ့ လူသားတစ်ယောက်ဖြစ်စေပါတယ်။
ဒီလကတော့ သင့်ရဲ့လူမှု့အသိုင်းအဝိုင်းကို လျော့ချပစ်ရမယ့် လပဲဖြစ်ပါတယ် ။ အထူးသဖြင့် သင့်ကို လမ်းမှားရောက်စေမယ့် မိတ်ဆွေအပေါင်းအသင်းတွေကို လျော့ချပစ်ရမှာပဲ ဖြစ်ပါတယ်။
အချစ်ရေး၊ အိမ်ထောင်ရေး
ဒီလရဲ့ အချစ်ရေး အိမ်ထောင်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ချင့်ချိန်ပီးမှ ဆုံးဖြတ်ပါ။ အလောသုံးဆယ်မဆုံးဖြတ် မလုပ်ကိုင်သင့်တဲ့ လတစ်လဖြစ်ပါတယ်။ အထူးသဖြင့် တစ်ဦးပေါ်တစ်ဦး သံသယစိတ်တွေနဲ့ လွန်ဆွဲနေတက်တဲ့ လတစ်လဖြစ်တာကြောင့် ပကတိ ရိုးသားသူများသာ စိတ်ချမ်းသာကြရမယ့် လတစ်လဖြစ်ပါတယ်။

မိသားစုအရေး
ဒီလထဲမှာတော့ သင့်အနေနဲ့ မိသားစုအတွင်း စည်းလုံးမှု့တွေ၊ ငြိမ်းချမ်းမှု့တွေကို ပြန်လည်ရယူနိုင်အောင် ဆောင်ရွက်ရမယ့် လပဲဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ သဘောထားကွဲလွဲမှု့တွေ ၊ ဘာမဟုတ်တဲ့ကတောက်ကဆလေးတွေကြာင့် သင့်မိသားစုဟာ ဖရိုဖရဲဖြစ်နေမှာပဲ ဖြစ်ပါတယ်။ သင့်ထက်အသက်ကြီးသူတွေကတော့ မိသားစုတွင်း ပြန်လည်ညီညွတ်အောင်ကြိုးစားပေးတဲ့ သင့်ရဲ့အားထုတ်မှု့တွေအတွက်ကြေနပ်နေကြမှာပါ။

ကျန်းမာရေး
ဒီလထဲမှာတော့ သင့်ရဲ့ကျန်းမာရေးဟာ အရမ်းကို ကောင်းမွန်နေမှာပဲ ဖြစ်ပါတယ်။ သို့သော်လည်း သင့်အနေနဲ့ နှာစေးတာ၊ ခေါင်းကိုက်တာ မျိုးတွေ ခံစားနေရရင် ပေါ့ဆမနေပဲ ချက်ချင်းဆေးကုသမှု့ခံယူပစ်လိုက်ဖို့တော့ လိုအပ်ပါတယ်။
အသက်မွေးဝမ်းကြောင်းခရီး
ဒီလထဲမှာတော့ သင့်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်တွေရဲ့ တိုးတက်မှု့တွေဟာ ရပ်တန့်နေဦးမှာပဲ ဖြစ်ပါတယ်။ အလုပ်ထဲက အတွေးတွေကို အလုပ်ထဲမှာပဲ မထားခဲ့တဲ့အတွက် သင့်ရဲ့အိမ်တွင်းမှာလဲ မိသားစုပြဿနာပေါင်းစုံ စောင့်ကြိုနေဦးမှာပဲ ဖြစ်ပါတယ်။ သင့်ရဲ့အသိမိတ်ဆွေတွေကလည်း သင့်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်အပေါ်မှာ ကြိုးစားလုပ်ကိုင်လိုစိတ်တ် ဖြစ်ပေါ်လာတဲ့အထိ သင့်ကိုအကူအညီတွေ ပေးကြဦးမှာပဲဖြစ်ပါတယ်။

စီးပွားရေး
ဒီလအတွက် စီးပွားရေးအခြေအနေတွေကတော့ ဝင်ငွေပိုင်းမှာ ခက်ခဲနေဦးမှာပဲ ဖြစ်ပါတယ်။ သင့်မိသားစုအသုံးစရိတ်တွေနဲ့ သင့်ကိုယ်ပိုင်အသုံးစရိတ်တွ ကာမိနိုင်အောင် သငြ့အနနေဲ့ အလုပ်ကိုကှိုးစားလုပကြိုငနြဖေို့ လိုအပ်ပါတယ်

ပညာရေး
သင့် ဦးနှောက်ကို ကောင်းချီးပေးခြင်းခံထားရတဲ့လလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ညဏ်ပညာ ကွန့်မြူးမယ့် လတစ်လ ဖြစ်နေပါတယ်။ဒါအပြင့် အခြားကျောင်းသားတွေရဲ့ ပညာရေးပိုင်းဆိုင်ရာဖက်မှာ အကူအညီတွေ ပေးရတက်ပါတယ်။

သောကြာသားသမီးများအတွက် မေလတစ်လတာဟောကိန်း

ဒီလထဲမှာ အရာအားလုံးထက် မိမိကိုယ်မိမိပဲ ဦးစားပေးလိုက်ပါ။ ဒီလထဲမှာ မိသားစုအခြေအနေများလဲ ပြန်လည်အဆင်ပြေချောမွေ့လာပါလိမ့်မယ်။
အသက်မွေး၀မ်းကျောင်းလုပ်ငန်းများမှာတော့ စိန်ခေါ်မှုအချို့ရှိလာပါလိမ့်မယ်။ ဒါပေမယ့် ဒီလအကုန်ပိုင်းလောက်မှာ သင်အပင်ပန်းခံကြိုးစားခဲ့ရသမျှတို့ရဲ့ အသီးအပွင့်များကို စတင်ခံစားရတော့မှာပဲဖြစ်ပါတယ်။ ဒီလထဲမှာ စီးပွားဖက်များနဲ့ မိတ်ဆွေအပေါင်းအသင်းများထံကနေ အထူးအကူအညီများရတတ်ပါတယ်။

အချစ်ရေး၊ အိမ်ထောင်ရေး
ဒီလထဲမှာ ပုံမှန်ထက်ပိုပြီး အချစ်ရေးကံအားသာနေတဲ့လတစ်လ ဖြစ်ပါတယ်။Single ဖြစ်နေသူများ စွံနိုင်မယ့်ကာလဖြစ်ပါတယ်။ အိမ်ထောင်ရှင်များအနေနဲ့ အိမ်တွင်းရေး ပိုမိုခိုင်မာအောင်ပဲ ဦးစားပေးနေမိပါလိမ့်မယ်။ အစွံထုတ်မယ့်သူများ ဒီလထဲမှာ အိမ်ထောင်ပြုသင့်ပါတယ်လို့ အကြံပေးချင်ပါတယ်။

မိသားစုအရေး
ဒီလထဲမှာတော့ သင့်ရဲ့အငယ်များကလဲ သင့်အပေါ် တလေးတစားရှိ၊ သင့်ထက် အကြီးများကလဲ သင့်အပေါ် အမြင်ကြည်နေမှာပါ။ သင့်ကိုယ်တိုင်ကလဲ မိသားစုအပေါ် သိတတ်သူဖြစ်နေရင်တော့ မိသားစုအိမ်တွင်းအခြေအနေကတော့ စိတ်ချမ်းသာဖွယ်အတိဖြစ်နေမှာပါ။

ကျန်းမာရေး
ဒီလထဲမှာတော့ သင့်ကျန်းမာရေးက ထိပ်တန်းအဆင့်ပါပဲ။ အစားအသောက်မှန်ပြီး ကိုယ်လက်လှုပ်ရှားမှန်မှန်လေး လုပျဖို့တော့ အကွံပေးပါရစေ။ သငျ့မိသားစုရဲ့ကနြျးမာရေးကိုလဲ ဂရုစိုက်ပေးဖို့လိုပါတယ်။ အရည်ရွှမ်းတဲ့အသီးအနှံများများစားပေးဖို့ အကြံပေးချင်ပါတယ်။

အသက်မွေး၀မ်းကျောင်း
ဒီလထဲမှာ အသက်မွေး၀မ်းကျောင်းလုပ်ငန်းများမှာ အတက်အကျအရမ်းများပါလိမ့်မယ်။ ဒါပေမယ့် လကုန်ပိုင်းလောက်မှာ ခြေလှမ်းပြန်မှန်လာပါလိမ့်မယ်။ ပြီခဲ့တဲ့လပိုင်းတွေမှာ အမှားတစ်ချို့ကြောင့် ငွေကြေးဆုံးရှုံးခဲ့ရတာတွေ ရှိကောင်းရှိခဲ့ပါလိမ့်မယ်။ သို့ပေမယ့် ကိုယ်မှားခဲ့တဲ့အမှားတွေကို ပြန်လည်သုံးသပ်ဆင်ခြင်ပြီး နောက်တစ်ခါမမှားဖို့ပဲ အရေးကြီးပါတယ်။

စီးပွားရေး
ပြီးခဲ့တဲ့ လတွေတုန်းက နမောနမဲ့နဲ့ လက်ဖွာခဲ့မှုတွေကြောင့် ဒီလထဲမှာ ငွေကြေးကျပ်တည်းမှုတွေ ကြုံတွေ့ရတတ်ပါတယ်။ သင်ဟာ ပိုက်ဆံကို လူအထင်ကြီးအောင် သုံးစွဲတတ်ပြီး စုမိဆောင်းမိမရှိ အမြဲဖြစ်နေတတ်ပါတယ်။ သို့ပေမယ့်လည်း သင့်မိသားစု၀င်များနဲ့ မိတ်ဆွေအပေါင်းအသင်းများထံက ငွေကြေးအကူအညီများရတတ်ပါတယ်။

ပညာရေး
ဒီလကတော့ ပညာရေးဖက် အာရုံသိပ်မစိုက်မိတာမျိုးဖြစ်တတ်ပါတယ်။ သို့ပေမယ့်လဲ စာဖက်လုံး၀မပေါ့သွားမိအောင် သတိထားဖို့လိုပါတယ်။ အာရုံတွေ မထွေပြားသွားပါစေနဲ့။ အပျော်အပါးနဲ့ ပညာရေးကို သေသေချာချာ အချိန်စာရင်းချခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်မှာပါ။

ကြာသပတေးသားသမီးများအတွက် မေလတစ်လတာဟောကိန်း

ဒီလထဲမှာ စီပွားရေးအခက်အခဲတွေ၊ ကိုယ်ရေးကိုယ်တာပြဿနာတွေကြောင့် မိသားစုအတွင်း ကတောက်ကဆဖြစ်ရတတ်ပါတယ်။ စိတ်ခံစားချက်ကို အတတ်နိုင်ဆုံးထိန်းချုပ်နိုင်ဖို့က ဒီလထဲမှာ အရေးကြီးပါလိမ့်မယ်။ အများသူငါကို စိတ်ရင်းနဲ့ ကူညီရိုင်းပင်းတတ်ကြသူများပါ။ သင့်ဘ၀တိုးတက်အောင်မြင်ဖို့ရာ စိတ်ရှည်သည်းခံမှုနဲ့ လူမှုဆက်ဆံရေးကောင်းမွန်မှုတို့အပေါ် မူတည်ပါတယ်။ ဒီလထဲမှာ အပေါင်းအသင်းမိတ်ဆွေများရဲ့ ပံ့ပိုးကူညီမှုကြောင့် ယခု လက်ရှိအနေအထားထက် တစ်ဆင့်တိုးအောင်မြင်မှုများရရှိတတ်ပါတယ်။
အချစ်ရေး၊ အိမ်ထောင်ရေး
အချစ်ရေးမှာ တိမ်ကင်းစင်နေတဲ့ကာလပါပဲ။ အိမ်ထောင်ရှင်များ သားသမီးရတနာရကိန်းရှိပါတယ်။ အချစ်ရေးမှာ နောက်တစ်ဆင့်တက်ဖို့ လက်တွန့်နေသူများ အရဲစွန့်ကြည့်သင့်တဲ့အချိန်လဲဖြစ်ပါတယ်။

မိသားစုအရေး
မိသားစုအိမ်တွင်းရေး ကံကောင်းမယ့်လဖြစ်ပါတယ်။ အငြင်းအခုံ ကတောက်ကဆမရှိ၊ အေးအေးချမ်းချမ်း အပူအပင်ကင်းကင်းရှိနေပါမယ်။ ဒါပေမယ့် ကိုယ့်အထက်အကြီးများနဲ့ သဘောထားချင်းမတိုက်ဆိုင်တာတွေကြောင့် စိတ်မချမ်းသာစရာကိစ္စတစ်ချို့တစ်လေတော့ ရှိတတ်ပါမယ်။

ကျန်းမာရေး
ကျန်းမာရေး အတော်အသင့် ညံ့မယ့်ကာလလို့ပဲဆိုပါရစေ။ သွားသတိ၊ လာသတိ၊ စားသတိရှိပါစေ။ အစားကောင်းကောင်းစားပါ၊ လုံလုံလောက်လောက်အနားယူပါ၊ စိတ်ရောကိုယ်ပါ သက်တောင့်သက်သာဖြစ်အောင်နေပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။
အသက်မွေး၀မ်းကျောင်း
ဒီလအစပိုင်းကာလတွေမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အမြောက်အများတွေ့ကြုံရပါလိမ့်မယ်။ ဒါပေမယ့် လကုန်ခါနီးလာလေလေ အလုပ်ခွင်ကံဇာတာလဲ ကောင်းလာလေလေဖြစ်ပြီး ရည်မှန်းထားတဲ့အတိုင်းပေါက်ရောက်အောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်။ မိသားစု၀င်များ၊ မိတ်ဆွေအရင်းအချာများထံက အကူအညီကောင်းကောင်း ရပါလိမ့်မယ်။
စီးပွားရေး
ဒီလထဲမှာတော့ ငွေကြေးနဲ့ပက်သက်ပြီး သိပ်ပြီးပြောင်ပြောင်ရောင်ရောင်တော့ ရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့် (၂၃) ရက်နေ့နောက်ပိုင်းမှာတော့ စုမိဆောင်းမိဖြစ်လာပါလိမ့်မယ်။ ၀င်ငွေနဲ့ထွက်ငွေကို သေချာစီစစ်နိုင်ဖို့တော့ လိုပါလိမ့်မယ်။

ပညာရေး
ပညာရေးနဲ့ပက်သက်ပြီး ဒီဇင်ဘာလထဲမှာတော့ သင်ရည်မှန်းထားတဲ့အတိုင်း ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ပညာရေးခက်ခဲလေလေ သင်ကိုယ်တိုင်က ပိုပြီးကြိုးစားကြည့်ချင်လေလေ ဖြစ်နေပါလိမ့်မယ်။

ဗုဒ္ဓဟူး သားသမီးများအတွက် မေလတစ်လတာဟောကိန်း

ဒီလထဲမှာတော့ သင့်အနေနဲ့ မိသားစုအရေးကိစ္စများနဲ့ စိတ်ခံစားချက်များကို ဂရုပြုရပါလိမ့်မယ်။ အတိတ်ကအရိပ်ဆိုးများရဲ့ ခြောက်လှန့်မှုကြောင့် အနာဂတ်အတွက် ရှေ့ဆက်မတိုးရဲတာမျိုးဖြစ်နေတတ်ပါတယ်။သင်ဟာ တစ်ဦးတစ်ယောက်ထဲ တစ်ကိုယ်တည်းအထီးကျန်နေရတာထက် အများသူငါရဲ့ စိတ်၀င်စားမှုကိုခံချင်သူမျိုးပါ။ သင့်အနားမှာ မိတ်ဆွေအပေါင်းအသင်းပေါများဖို့ရာ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ဖို့လဲလိုပါသေးတယ်။ သင်အောင်မြင်ဖို့အတွက် ကူညီပေးသူမှန်သမျှ သင့်အတွက် အရေးအကြီးဆုံးမိတ်ကောင်းဆွေမွန်များပါပဲ။

အချစ်ရေး၊ အိမ်ထောင်ရေး

ဒီလထဲမှာအချစ်ရေး၊ အိမ်ထောင်ရေး အထူးကံကောင်းနေမှာဖြစ်ပြီး အိမ်ထောင်ရှင်များလဲ သားသမီးရတနာရကိန်းရှိပါတယ်။မစွံသေးသူများလဲ ဒီလထဲမှာပဲ စွံသွားအောင် ကြိုးစားဖို့ အကြံပေးချင်ပါတယ်။

မိသားစုအရေး

ဒီလရဲ့အစပိုင်းမှာတော့ မိသားစုအတွင်း မူမမှန်တာတွေ တွေ့ကြုံရတတ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ တစ်ဦးအပေါ်တစ်ဦးနားလည်သဘောပေါက်လာပါလိမ့်မယ်။ ကိုယ့်အထက် လူကြီးမိဘများနဲ့ စကားနည်းရန်စဲဖြစ်အောင်သာနေဖို့ အကြံပေးပါရစေ။

ကျန်းမာရေး
ဒီလအစကနေ အဆုံးအထိ ကျန်းမာရေးပြဿနာကြီးကြီးမားမား ဘာမှမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဘာမှမဖြစ်နိုင်ဘူးဆိုပြီး လက်လွတ်စပယ်တော့မနေလိုက်ပါနဲ့။ ပုံမှန်အတိုင်း ကိုယ်လက်လှုပ်ရှားအားကစားလုပ်ပါ၊ အချိန်မှန်အိပ်ပါ၊ အစားအသောက်ဆင်ခြင်ပါ။ရောဂါဆိုတာ ဂျိုနဲ့လားလို့ မေးလိုက်လို့ရပါပြီ။
အသက်မွေး၀မ်းကျောင်း
ဒီလထဲမှာ အလုပ်နဲ့ပက်သက်ပြီး တက်လမ်းကောင်းကောင်းမရှိသေးပေမယ့် သင့်ရဲ့ ဖန်တရာတေအောင်လုပ်ရလုပ်ရ ဇွဲမလျော့တတ်တဲ့စိတ်ကြောင့် ဒီလရဲ့လကုန်ပိုင်းလောက်မှာ သင်နဲ့ထိုက်တန်တဲ့ ထူးခြားမှုတစ်ခုခုတော့ တွေ့ကြုံရအုန်းမှာပါ။

စီးပွားရေး
လုပ်ငန်းအခြေအနေ သိပ်ပြီးတိုးတက်မှုမရှိသေးတဲ့ကာလဖြစ်တာကြောင့် ငွေကြေးလဲ အနည်းငယ်ကြပ်တည်းနေတတ်ပါတယ်။ ဒါပေမယ့် ဒီလရဲ့အကုန်ပိုင်းလောက်မှာတော့ စီးပှားရေး ပွနျလညျဦးမော့လာပွီး ငှကွေေးမြားလဲ တသှငျသှငျစီးဝငျလာပါလိမျ့မယ်။

ပညာရေး
ဒီလကတော့ ပညာရေးအထူးကံကောင်းမယ့်လပါပဲ။ နိုင်ငံရပ်ခြား ပညာသင်သွားဖို့ စဉ်းစားထားရင် မှန်ကန်တဲ့ရွေးခြယ်မှုဖြစ်မှာပါ။

အင်္ဂါ သားသမီးများအတွက်လမေလတစ်လတာ ဟောကိန်း

ယခုလမှာတော့ ဘ၀တိုးတက်ရာတိုးတက်ကြောင်းနဲ့ ရုပ်ရည်အသွင်အပြင်ကို ဦးစားပေးရမှာဖြစ်ပါတယ်။ သင်ဟာ ကိုယ်စွမ်းကိုယ်စနဲ့ အကောင်းဆုံးမဖြစ်ဖြစ်အောင် ကြိုးစားလုပ်ကိုင်တတ်ကြသူပါ။ သင်ဟာအချိန်တိုင်းလိုလို အနာဂတ်အစီအစဉ်များဆွဲနေတတ်ပြီး ရည်မှန်းချက်ကြီးသူမျိုးပါ။ လူတွေက သင့်ကို ရည်မှန်းချက်ကြီးသူအဖြစ်လက်ခံထားတတ်ကြပါတယ်။
ဒီလရဲ့ ကံဇာတာအရ ယခုလအတွင်းရရှိမယ့် အောင်မြင်မှုများဟာ သင့်ရဲ့မိသားစု၀င်များ၊ မိတ်ဆွေအရင်းအချာများ၊ စီးပွားရေးမိတ်ဖက်များရဲ့ အကူအညီတွေကြောင့်ဖြစ်ပါလိမ့်မယ်။

အချစ်ရေး၊ အိမ်ထောင်ရေး
ဒီလထဲမှာ သင့်ရဲ့ချစ်သူ၊ အိမ်ထောင်ဖက်ကို တတ်နိုင်သမျှ စိတ်ချမ်းသာအောင် ထားပေးပါ။ ကိုယ့်ကိုယ်ထက် သူ့အပေါ်ကို ပိုပြီးအလေးထားပေးပါ။ သားသမီးရတနာရနိုင်ချေများတဲ့ လလဲဖြစ်ပါသေးတယ်။ လူပျို၊ အပျိုကြီးများ အစွံထုတ်သင့်တဲ့လလဲပဲ ဖြစ်ပါသေးတယ်။

မိသားစုအရေး
ဒီလထဲမှာ သင့်မိသားစု၀င်များဟာ အခြားသောမိသားစုများ အထူးသဖြင့် အကူအညီလိုအပ်နေသော မိသားစုများကို ၀မ်းမြောက်၀မ်းသာပင် လိုက်လံကူညီပေးနေကြပါလိမ့်မယ်။ သင့်မိသားစု၀င်များက သဘောမနောကောင်းတယ်ဆိုတာ ၀မ်းသာစရာပါ။ တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီကြတယ်ဆိုတာ ချစ်စရာကောင်းတဲ့ မြန်မာဓလေ့မဟုတ်ပေဘူးလား။

ကျန်းမာရေး
ကျန်းမာရေးက လူမှုရေးနဲ့ တိုက်ရိုက်အချိုးကျနေတဲ့ကာလဖြစ်ပါတယ်။ လူမှုရေးပိုင်း ၀င်ဆံ့လေလေ သင့်ကျန်းမာရေးကောင်းလေလေပါပဲ။ သို့ပေမယ့်လဲ အလုပ်ခွင်ပင်ပန်းမှု၊ ရာသီအပြောင်းအလဲများကြောင့် သတိထားဆင်ခြင်ဖို့တော့ မမေ့လိုက်ပါနဲ့။ (၂၃)ရက်နေ့ နောက်ပိုင်းမှာ ကျန်းမာရေး အညံ့ကာလဖြစ်တာကြောင့် အထူးသတိထားစေချင်ပါတယ်။

အသက်မွေး၀မ်းကျောင်း
ဒီလထဲမှာ အသက်မွေး၀မ်းကျောင်းနဲ့ပက်သက်ပြီး အထူးကံကောင်းပါမယ်။ အလုပ်ရှာနေသူများ ဒီလအကုန်ပိုင်းလောက်မှာ အလုပ်ကောင်းကောင်းရပါလိမ့်မယ်။ ဝါသနာအလျောက်လုပ်ကိုင်နေသောလုပ်ငန်းများလဲ အခွင့်အလမ်းကောင်းများရရှိလာပါလိမ့်မယ်။ ခေတ်နဲ့ပတ်၀န်းကျင်ကို အဆက်မပြတ်မိဖို့တော့လိုပါလိမ့်မယ်။

စီးပွားရေး
ငွေအ၀င်ကောင်းမယ့်လပါ။ မြုပ်နေသောငွေများ ပြန်လည်ရရှိတတ်ပါတယ်။ အမြတ်အစွန်း များများရတဲ့အခါ စုသင့်တာစု သုံးသင့်တာသုံးပြီး ပိုတာကို အလှူအတန်းလုပ်ပေးဖို့ မမေ့ပါနဲ့။ အထူးသဖြင့် မိဘမဲ့ကလေးကျောင်းများ၊ လူမှုကယ်ဆယ်ရေးလုပ်ငန်းများမှာ လှူဒါန်းတာအကောင်းဆုံးပါပဲ။

ပညာရေး

ပညာရေးမှာ ဂုဏ်ထူးတွေ တသီတတန်းကြီးနဲ့ ထူးထူးချွန်ချွန်အောင်မြင်နိုင်မယ့် ကာလဖြစ်ပါတယ်။ ဆွေမျိုးအသိုင်းအဝိုင်းများကြားတွင်လဲ ပညာရေးထူးချွန်မှုကြောင့် မျက်နှာပွင့်နေမယ့် ကာလဆိုလဲမမှားပါဘူး။ ကျောင်းသား၊ ကျောင်းသူများအဖို့တော့ ကံထူးတဲ့ လပါပဲ။

 

တနင်္လာသားသမီးများအတွက် မေလတစ်လတာ ဟောကိန်း

သင့်ရဲ့အသက်မွေး၀မ်းကျောင်းအရေးနဲ့ ပက်သက်ပြီး အထူးအာရုံစိုက်ရမယ့်ကာလဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာကိစ္စများနဲ့ မိသားစုအရေးကိစ္စများတွင်လဲ အခက်အခဲ၊ ပြဿနာများကိုဖြေရှင်းရာမှာ ခြေလှမ်းမမှားမိအောင် ဂရုပြုသင့်ပါတယ်။
သင်ဟာ အကောင်းမြင်စိတ်ရှိသူဖြစ်တာကြောင့် အနာဂတ်ပန်းတိုင်ကို အာရုံစူးစိုက်မှုအပြည့်နဲ့ လျှောက်လှမ်းနိုင်မှာပါ။ အခုလိုအချိန်မျိုးမှာ အနာဂတ်ရည်မှန်းချက်များကလွဲပြီး တခြားကိစ္စများ ခေါင်းထဲထည့်မနေပါနဲ့။ သင့်ရဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ရာ အားသွန်ခွန်စိုက်ကြိုးစားရမယ့် အချိန်ရောက်လာပါပြီ။ တစ်ပါးသူရဲ့အကူအညီကိုစောင့်ဆိုင်းမနေပဲ ကိုယ့်စွမ်းကိုယ်စဖြစ်သာ လျှောက်လှမ်းပါ။

အချစ်ရေး၊ အိမ်ထောင်ရေး
လူပျို၊ အပျိုကြီးများ စွံကိန်းရှိပါတယ်။ အိမ်ထောင်မရှိသေးသူများ အိမ်ထောင်ကျကိန်းရှိသလို တစ်ကိုယ်တည်းအထီးကျန်နေသူများလဲ ကိုယ်နဲ့ပနံသင့်မယ့် ချစ်သူရကိန်းရှိပါတယ်။ အိမ်ထောင်ရှင်များ သားသမီးရတနာရကိန်းရှိပါတယ်။ အချစ်ကို မတော်တဆတွေ့ရှိပီး ချစ်သူကောက်ရမယ့်ကိန်းဆိုက်တဲ့ လတစ်လဖြစ်ပါတယ်။

မိသားစုအရေး

ဒီလထဲမှာတော့ မိသားစုအတွင်း အဆင်မပြေမှုတွေ တွေ့ကြုံရတတ်ပါတယ်။ ကိုယ့်အထက် အကြီးများနဲ့ ကတောက်ကဆဖြစ်တာ၊ နားလည်မှုလွဲတာတွေဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ဖက်ကနေ အလွန်မဖြစ်အောင် သတိထားဆင်ခြင်လိုက်ပါ။ အချိန်တန်ရင် အိမ်တွင်းအပူတွေ ငြိမ်းသွားပါလိမ့်မယ်။

ကျန်းမာရေး
ဒီလထဲမှာ တာ၀န်၀တ္တရားတွေ၊ စီးပွားရေးတို့ကြောင့် အားအင်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ သင့်အနေနဲ့ သင့်တင့်လျောက်ပတ်တဲ့ အနားယူမှုမျိုးလုပ်သင့်ပါတယ်။ ရက်တိုခရီးထွက်ခြင်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း စတာတွေက သင့်အတွက် အကျိုးရှိမယ့်နည်းလမ်းများပါပဲ။

အသက်မွေး၀မ်းကျောင်း
သင့်အတွက် အလုပ်ရှုပ်မယ့်လပါပဲ။ ဒါပေမယ့် အကျိုးအမြတ်လဲ ကောင်းပါလိမ့်မယ်။ အရှိန်အဟုန်ကောင်းကောင်းနဲ့တိုးတက်ကြီးပွားနိုင်ပြီး ကြိုးစားသမျှလဲ အရာထင်ပါလိမ့်မယ်။ အဲ့ဒါကြောင့် သင့်အနေနဲ့ ခွန်အားအပြည့်နဲ့ အားသွန်ခွန်စိုက်လုပ်နိုင်ဖို့ပဲ အရေးကြီးပါတယ်။

စီးပွားရေး
သင့်ရဲ့စီမံခန့်ခွဲနိုင်မှုစွမ်းရည်နဲ့အရည်အချင်းတို့က အဆုံးအဖြတ်ပေးသွားမယ့်လပါပဲ။ ငွေကြေးစုဆောင်းမိလိုလျင်တော့ သင့်နေ့စဉ်အသုံးစရိတ်ကိုစီစစ်ပါ။ မလိုအပ်တဲ့နေရာတွေမှာ မသုံးမိပါစေနဲ့။ ငွေကြေးအ၀င်များသလို အထွက်လဲများမယ့် ကာလဖြစ်နေလို့ပါ။

ပညာရေး

ပညာရေးအထူးကံကောင်းနေတဲ့ လဖြစ်ပါတယ်။ နိုင်ငံရပ်ခြားတွင် ပညာသင်ကြားနေကြသူများ ရလာဒ်ကောင်းပါလိမ့်မယ်။ သင့်ဘ၀တိုးတက်အောင်မြင်ဖို့ရာ ပညာရေးက အဓိကသော့ချက်ပါပဲ။

Add a Comment

Your email address will not be published. Required fields are marked *