စက်ရုံ၊ အလုပ်သမား၊ လူသားအရင်းအမြစ်နှင့် မြန်မာ


ယခုလိုမျိုး ကပ်ရောဂါကျရောက်လာတဲ့ အချိန်မှာ အရေးကြီးသည့် ဌာနကတော့ Human Right ဆိုတဲ့ ဌာန စက်ရုံ၊ အလုပ်ရုံတိုင်းမှာရှိသင့်ပါတယ်။ ဒီဌာန မရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေဟာ လူသားတွေကို အနိုင်ကျင့်ခြင်း၊ ခေါင်းပုံးဖြတ်ခြင်း၊ လူ့အခွင့်အရေး ကောင်းမွန်စွာမပေးခြင်းတွေ ရှိလာစေလို့ပါ။ နိုင်ငံတော်တော်များများ စက်ရုံ၊ အလုပ်ရုံတိုင်း ဒီလိုဌာနတွေ ထားရှိပါတယ်။ ပြသနာ တစုံတစ်ရာဖြစ်လာတာနဲ့ Human Right ဌာနက ရှေ့ကနေ လူသားအရင်းအမြစ် ဖြစ်တဲ့ အလုပ်သမားတွေကို ကာကွယ်ပေးပါတယ်။ နိုင်ငံရဲ့ ဥပဒေနဲ့အညီပါ။ ဥပဒေကိုလည်း အမှန်အကန် လေးစားလိုက်နာရပါတယ်။ စက်ရုံ/အလုပ်ရုံ စတင်မည်ဟု ပြုလုပ်ထဲက အလုပ်ရှင်ဘက်၊ အလုပ်သမားဘက်၊ နိုင်ငံဘက် အစစအရာရာ သေချာ စာချုပ်ချုပ်ပြီး ပြုလုပ်ရတာပါ။ ဘယ်ဘက်မှ မနှစ်နာအောင်လည်း မျှတအောင် ချိန်းညှိနေရပါတယ်။ သဘာဝဘေး၊ ကပ်ဘေး စတဲ့ အရာတွေအတွက် အာမခံ လုပ်ငန်းနဲ့ ချိတ်ဆက်ထားရတယ်။ အသက်အမခံတွေလည်းထားရတယ်။ ဒီလိုမှမဟုတ်ရင် ခွင့်ပြုချက်မပေးသင့်ပါ။ နောက်ထပ်က လုပ်ငန်းရှင်အတွက် လည်း သေချာပြုလုပ်ပေးရပါတယ်။ လုပ်ငန်းကြီးတစ်ခုစတင်ပြီးဆိုတာနဲ့ ဥပဒေနဲ့အညီပြုမူဖို့ လိုက်နာမှုရှိရပါသေးတယ်။

Human Right ဌာန(ခေါ်) လူသားအရင်းအမြစ် ဌာနက ဘာတွေလုပ်သလဲ?

အလုပ်သမားတွေရဲ့ ကျန်းမာရေးဆိုင်ရာ၊ အလုပ်သမားတွေရဲ့ ရပိုင်ခွင့် လစာ/လုပ်အားခ မှန်ကန်ရေး၊ ရသင့်သည့် ခွင့်ရက်၊ အလုပ်ခွင်အတွင်း ထိခိုက်ရှနာဖြစ်မှု စသည်ဖြင့် လူသားတွေအတွက် ကူညီကာကွယ်ဖို့ ပြုလုပ်ထားသည့် အဖွဲ့တစ်ခုဖြစ်ပါတယ်။ မြန်မာပြည်က စက်ရုံ၊ အလုပ်ရုံတွေမှာ Human Right ဆိုတဲ့ ဌာန ရှိလား ဆိုတာ စဉ်းစားစရာပါပဲ။ ဒီလိုမျိုးကပ်ဆိုးတွေဖြစ်တဲ့အချိန် စက်ရုံအလုပ်ရုံက လုပ်အားခစိုက်ပေးစရာမလိုအပ်ပါဘူး။ ဒီအတွက် အသက်အာမခံလုပ်ငန်းက စိုက်ထုတ်ပေးရမှာပါ။ ဒီလိုဖြစ်ဖို့အတွက်လည်း အလုပ်သမားတွေဆီက လစဉ် အသက်အာမခံကြေး ကောက်ခံရပါတယ်။ ဒီကောက်ခံတဲ့ ငွေကြေးတွေကလည်း အလုပ်သမားတွေ ဘာပဲဖြစ်ဖြစ် အခမဲ့ ဆေးကုသခွင့်နှင့်အတူ အသက်လျော်ကြေးအထိပါဝင်နေလို့ပါ။ ကျွန်တော်သိရသလောက်ကတော့ ခုလို Human Right ဌာနတွေမရှိတဲ့ စက်ရုံ/အလုပ်ရုံတွေက မြန်မာပြည်မှာ တော်တော်များတယ်ဆိုတာပါပဲ။
writer by ဦးသာကြီး

Add a Comment

Your email address will not be published. Required fields are marked *