ဗေဒါပင်ကနေ နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေရနေတဲ့ ဗီယက်နမ်

ဗီယက်နာမ်နိုင်ငံသည် ဗေဒါပင်မှ လက်မှုထည်နှင့်ပရိဘောဂထုတ် လုပ်သည့် ထိပ်တန်းနိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း သိရသည်။ထို့ပြင် နှစ်စဉ် ဥရောပနှင့်အမေရိကသို့ဗေဒါထုတ်ကုန်များ တင်ပို့ခြင်းကြောင့် ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေရရှိနေကြောင်း သိရသည်။ ဘာတွေလဲဆိုတော့ ဗေဒါပေါ့။ သူကတော့မြန်မာလို ဗေဒါပေါ့။ အင်္ဂလိပ် – Water Hyacinth၊ သိပ္ပံနာမည်နဲ့ဆိုရင် Eichornia crassipes လို့ ခေါ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ရေထဲမှာနေတဲ့ အပင်။ ရေနေပင်ပေါ့။ အရမ်းပွားမြန်ပြီး ချောင်းရိုးကို ပြည့်စေနိုင်တာကလည်း သူ့ရဲ့ မကောင်းတဲ့ အချက်လေး တစ်ချက်ပါပဲ။ အဲ့မကောင်းတဲ့ အချက်ကိုပဲ ယူပြီးတော့ တစ်ချက်ခုတ် နစ်ချက်ပြတ် ဆိုတာလေးကို လိုက်ကြည့် လိုက်တာပေါ့။

ပြသနာ

ဗေဒါကတော့ သမပိုင်းဒေသတွေမှာ အများဆုံးတွေ့ရနိုင်တယ်။သူ က အရမ်းများလာပြီဆိုရင် ရေထဲမှာ သူတို့ချည်းပဲ။ ခရမ်းရောင်အပွင့်၊ နဲ့ အစိမ်းရောင်အရွက်တွေချည်းပဲ၊ တက်နင်းမိရင်တောင် ရေထဲ မကျဘူးလို့ ထင်ရတဲ့အထိပါပဲ။ အချိန်အကြာကြီး ထားလိုက်ရင် သက်တမ်း (၂၀) ကနေ (၂၅)နှစ် လောက်တောင် ကြာနိုင်ပါတယ်။

မြေဆွေးပုံ ပြုလုပ်ခြင်း

ဗေဒါတွေကို ရေထဲကနေ ဆယ်ထုတ်လိုက်ရင် မြန်မြန်ခြောက်လွယ်ပါတယ်။ ရိုးရိုးမြေဆွေးပုံသလို အဆင့်လေးတွေကို လိုက်ကြည့်လိုက်တော့ လွယ်ပါ့။ ဗေဒါတွေဆိုတာကလည်း ချောင်းထဲမှာ ကြပ်သိပ်နေအောင် ပေါက်နေတယ်ဆိုရင်တော့ ရွှေတွင်းကြီးပေါ့။ အဆင့်လေးတွေကိုလုပ်ကြည့်တာပေါ့။

အဆင့် (၁) လိုက်ပြီးတော့ ရိတ်သိမ်းတဲ့အဆင့်ပါ။ ဘာခက်လို့တုန်း၊ လှေလေးကိုလှော်ပြီး မဗေဒါတွေကို လိုက်ဆည်နေရုံ အဆင့်လေးပါ။

အဆင့်(၂) (၃) ရက်လောက်ကို နေပူလှမ်းပစ်လိုက်ပါ။

အဆင့် (၃) အားရှိပါးရှိသာ ခုတ်ထစ်လိုက်ပါ။ သူက အပွဆိုတော့ခုတ်လို့ ထစ်လို့ကောင်းမှကောင်း

အဆင့် (၄) ပြီးတော့ မြေဆွေးပုံသလို ပြန်ပြီးတော့ ပုံပေးရမှာဖြစ်ပါတယ်။ ဗေဒါတစ်ထပ်၊ နွားချေးတစ်ထပ်၊ လွှစာလို အဆွေးတွေကတစ်ထပ် အထပ်လိုက် (၃) လွှာလောက်လုပ်ရင် ရပါပြီ။

အဆင့် (၅) (၃)လလောက်ထားရပါမယ်။ ကြားထဲအဆင့်တွေမှာ မြေဆွေးပုံကို အပေါ်အောက် လှန်ပေးတာမျိုး လုပ်ပေးရပါမယ်။

အဲ့လို အဆင့်လေးတွေ လိုက်လုပ်ရင် ကိုယ့်အတွက် မြေဆွေးလုပ်ဖို့ သစ်ရွက်ဆွေးတွေ စုရတဲ့အချိန်လည်း သက်သာပါတယ်။

ဗေဒါကနေလုပ်ထားတဲ့ မြေဆွေးကို ထည့်ပေးမယ်ဆိုရင် သူ့မှာက နိုက်ထရိုဂျင် ပါဝင်မှုများတာကြောင့် မြေပြင်ချိန်မှာ ထည့်ပေးနိုင်ရင်အကောင်းဆုံးဖြစ်ပါတယ်။ မြေမှာအာဟာရပြည့်ဝနေရင် နောက်ကိုယ်စိုက်တဲ့ အပင်တွေက အာဟာရပြည့်ဝပြီး အရည်အသွေးပြည့်တဲ့ သီးနှံတွေကို ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

နောက်တစ်ခုက မြေဖုံးတာမျိုး လုပ်ပေးလို့ရပါတယ်၊ သူတို့ဆီမှာတော့ နှင်းပေါ့။ ကိုယ်တွေဆီမှာတော့ မိုးရော နှင်းရော ကာကွယ်တဲ့အနေနဲ့ မြေဖုံးတာမျိုး လုပ်ပေးနိုင်ပါတယ်။ ကောက်ရိုးလိုမျိုး အစားထိုးပြီး သုံးနိုင်တာပေါ့။

မိုးဗေဒါနဲ့ ကောင်းကွက်တွေလေ

မိုးလေးတစ်ဖြောက် နှစ်ဖျောက်လောက် ကျလိုက်တာနဲ့တင် ရေတွေက မြောင်းတွေထဲ ပြည့်လာပြီးတော့ ခရမ်းရောင်ပွင့်လေးတွေနဲ့ မဗေဒါတွေက တစ်ပင်နှစ်ပင်ကနေ ပွားများလာလိုက်တာ ရှင်းလို့တောင် မနိုင်တော့တဲ့အထိပါပဲ။ အပြောင်ရှင်းဖို့ဆိုရင် ပိုက်ဆံတွေအများကြီးကုန်ပြီးမှ ဖြစ်လာတာပါ။ ကဲ အခုတော့ အော်ဂဲနစ် မြေသြဇာလုပ်ပြီးတော့ ပြန်သုံးလိုက်တယ်ဆိုရင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲလေ။ အဲ့ဒီ အကျိုးကျေးဇူးတွေကြောင့်မို့ Makkason စိမ့် တောထဲမှာဆိုရင် ဗေဒါပင်တွေကို ဘောင်လေးတွေလုပ်ပြီးတော့ စိုက်ပြီးတော့ကို အသုံးချနေကြတယ်။

ရေရဲ့(၁၀) ရာခိုင်နှုန်းကို ဗေဒါပင်တွေကိုပွားများယူတယ်။(၁၅)ပေ ၊ ပေ(၆၀) ဘောင်ကြီးတွေ လုပ်ပြီးတော့ သေသေချာချာလေး လုပ်ထားတာပါ။ ဘာလို့ အဲ့လိုလုပ်လဲ ဆိုတော့ ဗေဒါပင်တွေက ရေထဲကိုစွန့်ပစ်လိုက်တဲ့ စက်ရုံထွက် စွန့်ပစ်ပစ္စည်းတွေမှာပါတဲ့ ကြေးနီနဲ့ ခဲဓာတ်တွေကို စုပ်ယူသန့်ရှင်းပေးပါတယ်။ ရေထဲမှာ ပျော်ဝင်နေတဲ့ ပြဒါးနဲ့ ခဲဓာတ်တွေကိုလည်း စုပ်ယူပြီးတော့ ပေးနိုင်ပါသေးတယ်။

ဗေဒါပင်တွေဟာဆိုရင် ရေထဲမှာရှိတဲ့ သတ္တုဓာတ်တွေနဲ့ အော်ဂဲနစ်မဟုတ်တဲ့ ပစ္စည်းတွေကိုလည်း စုပ်ယူပေးနိုင်ပါသေးတယ်။ ဗေဒါပင်လေးတွေက ဘယ်လိုအခြေအနေ ပတ်ဝန်းကျင်မှာဖြစ်ဖြစ် ကောင်းကောင်း ကြီးထွားနိုင်ပါတယ်။ ကြီးတာကလည်းမြန်တယ်။မ ကောင်းတာတွေ စုပ်ယူသန့်စင်ပေးပြီးတော့ အော်ဂဲနစ်မြေသြဇာကိုလည်း ထုတ်လုပ်ပေးနိုင်ပါတယ်။

မြေအသုံးချတိုးတက်ရေးဌာနက Mr.Sima Morakul ကဗေဒါပင်တွေကို မြေဆွေးလုပ်ပြီးတော့ အပင်ကိုထည့်ပေးရင်ဖြစ်ဖြစ်၊မြေကိုထည့်ပေးရင်ဖြစ်ဖြစ် ကောင်းကျိုးတွေ များနိုင်တယ်ဆိုတာကို တွေ့ခဲ့ပါတယ်။

ဗေဒါပင်ရဲ့ ပွားများဖြာထွက်နေတဲ့ အမြစ်တွေဟာ အပင်အာဟာရ တွေကို ကောင်းကောင်းစုပ်ယူပြီးတော့ ပင်စည်တွေနဲ့ အရွက်တွေမှာ သိုလှောင်ထားပါတယ်။ အဲ့လို ဗေဒါပင်တွေကို မြေဆွေးပြုလုပ်မယ်ဆိုရင် တန် (၃၀) ကိုလုပ်ရင် မြေဆွေး (၅.၅) တန် ပြန်ရမှာပါ။ အဲ့ (၅) တန်ခွဲဆိုတာကလည်း တကယ်ကို အော်ဂဲနစ်ပစ္စည်းတွေဖြစ်ပြီးတော့ မြေကြီးထဲ ထည့်ပေးရင် မြေသားကိုကောင်းစေပါတယ်။ ဘာတွေကောင်းလဲဆိုတော့ မြေသားတည်ဆောက်မှုကို ကောင်းစေတယ်။ လေဝင်လေထွက်ကောင်းစေတယ်။ ရေစုပ်ယူအားကို ကောင်းစေတယ်။ ဒါက မြေကြီးရဲ့ ရုပ်ဂုဏ်သတ္တိကိုကောင်းစေတာပါ။

ဓာတ်ဂုဏ်သတ္တိကို ပြောင်းလဲစေတာတွေဆိုရင် မြေကြီးထဲကိုအာဟာရဓာတ်တွေကို ပေါင်းထည့်ပေးတယ်။ ပြီးတော့ တစ်ဖြည်းဖြည်းချင်း ပြန်လည်ထုတ်လွှတ်ပေးတယ်။ အဲ့ဒီတော့ အပင်တွေကအာဟာရတွေကို အမြဲတမ်း ရရှိစေတာပေါ့။ မြေချဉ်တာ ငန်တာတွေအတွက်လည်း ထည့်လို့ရတယ်။ အဲ့တော့ မြေထဲမှာ အကျိုးပြုသက်ရှိတွေက များလာရော၊ အဲ့လို အကောင်လေးတွေ များလာလေလေ၊ စိုက်ပျိုးမြေဟာ ပိုကောင်းလေလေ ဖြစ်လာတော့တာပါပဲ။

ကဲ အဆုံးသတ် စကားဆိုရရင်တော့ ဗေဒါပင်နဲ့ မြေသြဇာလုပ်လို့ရတယ်။ မြေဖုံးလုပ်လို့ရတယ်။ အဲ့လိုလုပ်ပေးရင် မြေကိုလည်း သန့်စင်စေပြီးတော့ ကောင်းသွားမယ်။ အရမ်းကောင်းတဲ့အချက်ဆိုတော့ အကျိုးရှိရှိပဲ ဖြတ်သန်းကြပါစို့လားလို့။

ဆီးချို၊ သွေးချိုအတွက် ဗေဒါပွင့်လေးတွေရဲ့ အစွမ်း

တိုင်းရင်းဆေးပညာဦးစီးဌာန၊ သုတေသနဌာနခွဲမှ ဗေဒါ၏ဆီးချို၊ သွေးချိုအပေါ် အာနိသင်သက်ရောက်မှုကို သိပ္ပံနည်းကျ သုတေသန ပြုလုပ်ကြပါသည်။

ဗေဒါပွင့်ပြုတ်ရည် (20)ml/kg သည် ဂလူကို့စ် (.2)g/ kgတိုက်ထားသော ယုန်၏ သွေးထဲသို့ သကြားပမာဏကို ကျဆင်းစေကြောင်း တွေ့ရှိ ရသည်။ ဗေဒါပွင့်ပြုတ်ရည် (၅၀)မီလီကို သာမန်တိုက်ကျွေးခြင်းဖြင့် စမ်းသပ်ရာ တိုက်ကျွေးပြီး တစ်နာရီအကြာတွင်ဆီချို၊ သွေးချိုကျ အာနိသင်ကို စတင်တွေ့ရှိရခြင်း၊ (၂)နာရီခွဲ ကြာသည်အထိ တွေ့ရှိရပါသည်။ ထိုသို့စမ်းသပ်ခံရသူတို့၏ ကိုယ်တွင်းအင်္ဂါများ၊ ထိခိုက်ပျက်ဆီးမှု တစ်စုံတစ်ရာ မတွေ့ရှိ ရပါ။

အဆိပ်အာနိသင်ရှိ / မရှိ

ဗေဒါပွင့်ပြုတ်ရည်မှ ထုတ်ယူရရှိသော ရေတွင် ပျော်ဝင်ပစ္စည်း၏လက်တလော အဆိပ်အာနိသင်ကို ကြွက်ဖြူများနှင့် စမ်းသပ်ရာ အဆိပ်အာနိသင် မတွေ့ရပါ။

အသုံးပြုပုံ

ဗေဒါကို မြန်မာနိုင်ငံတွင် ဟင်းအဖြစ် စားသုံးရုံမျှမက ဆီးချို၊ သွေးချို ရောဂါများတွင်လည်း အသုံးပြုပါသည်။ ဗေဒါပွင့်ကို ပြုတ်၍လည်းကောင်း၊ အခြောက်ခံပြီး လက်ဖက်ခြောက်ကဲ့သို့ ရေနွေးခတ် ၍လည်းကောင်း၊ အပွင့်ကို ပြုတ်သုပ်စားခြင်းဖြင့် ဆီးချို၊ သွေးချိုကို ထိန်းချုပ်နိုင်ပါသည်။

ဆီးချိုရှင်တစ်ဦးက ကျုပ်ကတော့ ဆီးချိုကို ဆေးစစ်ပြီးထဲက အင်္ဂလိပ်ဆေးတွေနဲ့ မကုနိင်ဘူးလေ။ ဒီတော့ဘာဆေးမှလည်း မသောက်ဘူးပေါ့။ ဗေဒါပွင့်ကို အရည်ညှစ်ပြီး နေစဉ်လက်ဖက်ရည်အကြမ်း ပန်းကန်တစ်လုံး သောက်ပေးတယ်။ သိပ္ပံဆေးဝါးတို့ဖြင့် ကုရန် ခက်ခဲနေသူများ၊ ငွေကြေးအဆင်မပြေသူများအတွက် လိုအပ်ပါကဗေဒါပွင့်လေးကို အရည်ညှစ်သောက်ပေးပြီး ဆီးချို၊ သွေးချိုကိုကုသနိုင်ပါကြောင်း လေ့လာမိသမျှ တင်ပြမိပါသည်။

Shein Mg Mg(Madaya)

Add a Comment

Your email address will not be published. Required fields are marked *