CHAT BOX မှ မဖွယ်မရာ VIDEO တွေပို့ပြီး မြှူဆွယ်သူကို VIDEO CALL ခေါ်ပြီး အမိဖမ်းလိုက်တဲ့ မိန်းကလေး

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ကျောက်တံခါးမြို့မရဲစခန်းအပိုင် ကွင်းမြောက်ရပ်ကွက်နေသူ မ—–သည်နေအိမ်၌၎င်း၏ Nge-Nge အမည်ရှိလူမှု့ကွန်ယက် FaceBook အား အသုံးပြုနေစဉ်Starlay White Starlayအမည်ရှိFaceBookAccount မှလာအပ်သဖြင့် မ———-မှလက်ခံခဲ့ပြီး Friend ဖြစ်သွားသည့် နောက်ပိုင်းတွင် အဆိုပါအကောင့်မှ မ——အားဂုဏ်သိက္ခာကျဆင်းစေမည့်စကားများပြောဆိုသဖြင့်မ——-မှ အဆိုပါအကောင့်အား blockခဲ့ပါသည်။

blockပြ ုလုပ်ပြီးနောက်ပိုင်းတွင် မ——မှ ၎င်း၏ NgeNge.အမည်ရှိ လူမူ့ကွန်ယက်စာမျက်နှာ FaceBookတွင်အသုံးပြုထားသောPro file Picture အား Copyယူ၍ အမည်မသိလူတစ်ဦးမှFake Account ပြုလုပ်ကာ မ—–၏ရင်းနှီးသူများအား Messengerတွင် မ——အနေဖြင့် စကားလိုက်လံပြောဆိုနေကြောင်း ကြားသိရသဖြင့်မ——-မှတစ်အိမ်တည်းနေ ညီမဝမ်းကွဲတော်စပ်သူမ—-(၁၉)နှစ်အားအဆိုပါအမည်မသိFaceBookAccount ပိုင်ရှင်အားစုံစမ်းပေးရန် ပြောဆိုခဲ့ရာ မ——မှ၎င်းအသုံးပြုနေသော MiyaFaceBookAccount ဖြင့် Friend Add ပြုလုပ်ခဲ့ရာ အဆိုပါNgeNge အမည်ဖြင့် Face Book Accountအသုံးပြုနေသော အမည်မသိမှ Accept ပြုလုပ်ခဲ့ရာFriend ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင်း မ—–မှအဆိုပါသူနှင့် Messenger မှ ဆက်လက်စကားပြောဆိုရာအဆိုပါ Fake Account အသုံးပြုသူမှ မ—–အနေနှင့် ယောက်ျားလေးများနှင့် အတူနေဘူးလား မောင်နှင့်နှမ မကြားဝန့်မနာသာ စားသားများအားပေးပို့ပြီး ဇာတ် ကားတွေရှိတယ် ကြည့်မလား မိန်းကလေးချင်းဘဲ သမီးကတော့ကြည့်တယ်။

စသဖြင့်မိန်းခလေးတစ်ယောက်၏ အရှက်နှင့်ဂုဏ်သိက္ခာအားကျဆင်းအောင်ပြောဆိုလာသဖြင့် မ—–မှ VIDEOCall နှင့် စကားပြောခဲ့ရာ Fake Accountပိုင်ရှင်မှာ တင်မျိုးထွေး(ခ)ငယ်ငယ်(၂၅)နှစ်(ဘ)ဦးတင်ဝင်း ကွင်းမြောက်ရပ်ကွက် ဇရပ်ကုန်းပိုင်းကျောက်တံခါးမြို့နေသူဖြင့်ကြောင်း သိရှိခဲ့ရသဖြင့်

မ—-မှ လူမူ့ကွန်ယက်စာမျက်နှာမှာ Fack Bookပေါ်ရှိ ၎င်းတင်ထားသော Profile Picture အားအသုံးပြု၍ Fack Account ဖွင့်လှစ်ကာ ၎င်းနှင့်ညီမဝမ်းကွဲတော်စပ်သူ တို့၏ အရှက်နှင့်ဂုဏ်သိက္ဓာထိခိုက်ကျဆင်းအောင်ပြုလုပ်သူ တင်မျိုးထွေး(ခ) ငယ်ငယ်အား ဧပြီလ (၂၈) ရက်နေ့ နံနက်၂ နာရီအချိန်တွင် ဥပဒေအရ အရေးယူပေးပါရန်တိုင်တန်းလာသဖြင့် ကျောက်တံခါးမြို့မ ရဲစခန်းမှ(ပ)၁၅၅/၂၀၁၉ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)အရ အမူ့ဖွင့်အရေးယူထားပြီး
အမူ့အား ဒုရဲအုပ်ဇော်မင်းဦးမှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

သတင်း – ZPLUS-သတင်းအေဂျင်စီ

Add a Comment

Your email address will not be published. Required fields are marked *