ဆိုင်ကယ်လှည့်ကင်းရဲအဖွဲ့မှ အိမ်ရှင်ကိုနှိုးပြီး ဖမ်းလိုက်ရတဲ့ ဖောက်ထွင်းသူခိုးဖမ်းပွဲ မုံရွာမြို့တွင် ဖြစ်ပွား


မုံရွာ၊ ဧပြီ ၂၉
ဖောက်ထွင်းသူခိုးက အိမ်ဖောက်ပြီးခိုးနေလို့ လှည့်ကင်းရဲအဖွဲ့က အိမ်ရှင်ကိုနှိုးပြီး ဖမ်းလိုက်ရတဲ့ဖြစ်စဉ် တစ်ရပ် မုံရွာမြို့တွင်ဖြစ်ပွားခဲ့သည်။ မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက် ပြည်ထောင်စုလမ်းရှိ လူနေအိမ်တိုက်တစ်လုံးအား ညအချိန် ၂ နာရီခန့်တွင် တိုက်တံခါးသော့များ ဖျက်စီးဖောက်ထွင်းပြီး သူခိုးသုံးယောက်မှ တိုက်အတွင်းဝင် ရောက်ကာ စူကူဘီ ဆိုင်ကယ်နှစ်စီးအား ခိုးယူနေစဉ် လှည့်ကင်းရဲအဖွဲ့မှ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။


“ မုံရွာမြို့မရဲစခန်းက နယ်ထိန်းအဖွဲ့ ခေါင်းဆောင် ရဲအုပ် အောင်ထွန်းဝင်း ညဉ့်နက်ဆိုင်ကယ်လှည့်ကင်း အဖွဲ့နဲ့ .. ရဲတပ်ရင်း (၂၈) လှည့်ကင်းအဖွဲ့ ပူးပေါင်းပြီး ကင်းလှည့်နေချိန်မှာ ဖမ်းမိတာဖြစ်တတယ်..” မုံရွာခရိုင်ရဲတပ် ဖွဲ့မှူး ဒုရဲမှူးကြီး သောင်းညွှန့်မှ ပြောသည်။
လှည့်ကင်းအဖွဲ့သည် ကင်းလှည့်နေစဉ် အဆိုပါ လူနေအိမ်တိုက်ရှေ့နေရာသို့ အရောက်တွင် မသင်္ကာဖွယ်ရာ လူတစ်ယောက်အား တွေ့ရသဖြင့် ရှာဖွေစစ်ဆေးခဲ့ရာ အိမ်ဖောက် မာစတာကီးမျိုးစုံနှင့် လွန်ပူအကြီးတစ် ချောင်းတွေ့ရသည်။ ထို့ကြောင့် လှည့်ကင်းအဖွဲ့မှ အိမ်ရှင်အား နှိုး၍ မေးမြန်းခဲ့ရာ အိမ်အတွင်းရှိ ဇက်သော့ ခတ်ထားသည့် စကူဘီ ဆိုင်ကယ်တစ်စီး ပျောက်ဆုံးနေပြီး ကျန် စကူဘီ ဆိုင်ကယ်တစ်စီးမှာ ဇက်သော့များ ဖျက်စီးထားသည်ကိုတွေ့ရှိရသည်။


အဆိုပါ ဖောက်ထွင်းသူခိုး သုံးယောက်အနက် နှစ်ယောက်အား လက်ရဖမ်းဆီးနိုင်ခဲ့သော်လည် ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေသဖြင့် လှည့်ကင်းအဖွဲ့မှ ညတွင်းချင်း မြို့အားပိတ်ဆို့ရှာဖွေ ဖမ်းဆီးခဲ့ရာ မနက် ၅ နာရီအချိန်ခန့်တွင် ခိုးရာပါ စကူဘီဆိုင်ကယ်နှင့်အတူ သာစည်ကျေးရွာအနီးတွင် ဖမ်းဆီးရရှိခဲ့ကြောင်း မုံရွာ ခရိုင်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။
သတင်း – မုံရွာနယ်မြေရဲစခန်း ကိုတိုးကြီး ( မုံရွာ)

Add a Comment

Your email address will not be published. Required fields are marked *