တစ်ကြိမ်စီNegativeဖြစ်သောသူများစာရင်းမှာ အဆိုတောမျိုးကြီးနှင့်ဇနီး ဒေးဗစ်လားတို့ပါဝင်

6:34 pm, 28-4-2020

ဓာတ်ခွဲနမူနာများတွင် နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့သူ စုစုပေါင်း ၁၆ ဦးရှိကြောင်း ယမန်နေ့ည ၈ နာရီသတင်းမှာ ဖော်ပြပြီးဖြစ်ပါသည်
ပထမအသုတ် ၁၀ ဦးမှာ လူနာနံပါတ် ၃,၄,၇,၉,၁၀,၁၁,၁၂,၁၅,၂၁ နဲ့ ၂၇ ဖြစ်ပါတယ်

နောက်ထပ် ၆ ဦးမှာ လူနာနံပါတ် ၆,၁၉,၂၀,၂၄,၂၅ နဲ့ ၂၉ တို့ဖြစ်ပါသည်

တစ်ကြိမ်စီ Negative ဖြစ်သောသူများထဲတွင် အဆိုတော်မျိုးကြီး ၎င်း၏ဇနီးနှင့် ဒေးဗစ်လားပါဝင်နေသည်ကို တွေ့ရပါသည်

အထူးကြပ်မတ်ကုသမှုခံယူနေသောလူနာ ၃ ဦးရှိပါသည် ဝေဘာဂီဆေးရုံတွင် လူနာနံပါတ် ၈၇,၈၉ နှင့် တောင်ဥက္ကလာပဆေးရုံတွင် လူနာနံပါတ် ၁၁၀ တို့ဖြစ်ပါသည်

သေဆုံးလူနာ ၅ ဦးရှိပါသည် ၎င်းတို့မှာ နံပါတ် ၅,၁၆,၁၇,၃၉ နှင့် ၈၆ ဖြစ်ပါသည်
သေဆုံးနှုန်း ၃.၄ ရာနှုန်းရှိပါသည်

လက်ရှိအချိန်အထိ ပြည်ပနိုင်ငံများမှ ကူးစက်ဖြစ်ပွားသူ ၂၅ ဦးရှိပြီး နိုင်ငံတွင်းကူးစက်ဖြစ်ပွားသူ ၁၂၁ ဦးရှိပါသည်

ကိုဗစ်လူနာနှင့် အနီးကပ်ထိတွေ့မှုရှိခဲ့သူများကို အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုထားသူ ၃,၁၉၁ ဦးရှိပြီး

တိုင်းဒေသကြီး/ပြည်နယ်များရှိ သတ်မှတ်နေရာ အဆောက်အအုံ (၈,၄၉၉) ခုတွင် အသွားအလာ စောင့်ကြပ်ကြည့်ရှုထားသူ ၄၁,၄၅၃ ဦးရှိပါသည်

ကိုဗစ်ကြောင့် သေဆုံးမှုအများဆုံးနိုင်ငံ ၁၀ နိုင်ငံမှာ အမေရိကန်နိုင်ငံ စပိန်နိုင်ငံ အီတလီနိုင်ငံ ဂျာမနီနိုင်ငံ အင်္ဂလန်နိုင်ငံ ပြင်သစ်နိုင်ငံ တူရကီနိုင်ငံ အီရန်နိုင်ငံ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ရုရှနိုင်ငံတို့ဖြစ်ပါသည်

အရှေ့တောင်အာရှနိုင်ငံများနှင့် မြန်မာနိုင်ငံနှင့် ဆက်သွယ်မှုရှိသည့်နိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံ စင်ကာပူနိုင်ငံ ဂျပန်နိုင်ငံ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် နေ့စဉ်ဓာတ်ခွဲလူနာအသစ် တွေ့ရှိမှုအခြေအနေမှာ ဆက်လက်မြင့်မားလျက်ရှိပါသည်။

သတင်း  – ခင်ခင်ကြီး

Tags:

Add a Comment

Your email address will not be published. Required fields are marked *