fbpx

ကိုရိုနာဗိုင်းရပ်စ်သည် လူတွေဖန်တီးထားသော လက်နက်တခုဟု ဂျပန်နိုင်ငံ၏ ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာပါမောက္ခ ဒေါက်တာ TASUKU HONJO က ကမ္ဘာ့မီဒီယာများရှေ့ထွက်ဖွင့်ချ

ဂျပန်နိုင်ငံ၏ ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာပါမောက္ခ ဒေါက်တာ Tasuku Honjo သည် ကိုရိုနာဗိုင်းရပ်စ်သည် “သဘာဝမဟုတ်သော အရာ” ဟု ယနေ့မီဒီယာများရှေ့တွင် ဖွင့်ဟခဲ့ပါသည်။

အကယ်၍သာ ၎င်းသည် သဘာဝအတိုင်းဖြစ်ပေါ်လာသည်ဆိုပါက ကမ္ဘာတစ်ခုလုံးကို ဆိုးဆိုးရွားရွားထိခိုက် လိမ့်မည်မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံများတွင် အပူချိန်များသည် ကွဲပြားခြားနားသောကြောင့် ဖြစ်ပါသည်။ အကယ်၍သာ ၎င်းဗိုင်းရပ်စ်သည် သဘာဝအလျှောက်ဖြစ်ပေါ်လာပါက တရုတ်နိုင်ငံနှင့် အပူချိန်တူသောနိုင်ငံများကိုသာ ထိခိုက်ပေလိမ့်မည်။ ၎င်းအစား ဆွစ်ဇာလန်နိုင်ငံကဲ့သို့သော နိုင်ငံတစ်နိုင်ငံတွင် ပျံ့နှံ့နေသည်၊ သဲကန္တာရဒေသများတွင် ပျံ့နှံ့နေသည်။

ကိုရိုနာဗိုင်းရပ်စ်သည် သဘာဝအလျှောက်ဖြစ်ပေါ်ခဲ့လျှင် အအေးပိုင်းနေရာများတွင် စတင်ပျံ့နှံ့ခဲ့သော် ပူသောနေရာများတွင် သေဆုံးသွားပေမည်။ ထို့အတူ ပူသောနေရာတွင် စတင်ပျံ့နှံ့ခဲ့သော် အေးသောနေရာများတွင် သေဆုံးသွားပေလိမ့်မည်။

ကျွန်တော်သည် နှစ်ပေါင်း ၄၀ ကြာသည့်တိုင်အောင် တိရိစ္ဆာန်များနှင့် ဗိုင်းရပ်စ်များအပေါ်သုတေသနပြုခဲ့ပြီးပါပြီ။ ဒါဟာ သဘာဝ မဟုတ်ပါဘူး။ ၎င်းဗိုင်းရပ်စ်သည် ဓာတ်ခွဲခန်းမှ ထုတ်လုပ်ထားပြီး လူများဖန်တီးလိုက်သော ဗိုင်းရပ်စ်အတုသာလျှင် ဖြစ်ပါသည်။

ကျွန်တော်သည် တရုတ်နိုင်ငံရှိ Wuhan ဓာတ်ခွဲခန်းတွင် ၄ နှစ်ကြာအောင် အလုပ်လုပ်ခဲ့ပါသည်။ ကျွန်တော်သည် ထိုဓာတ်ခွဲခန်း၏ ဝန်ထမ်းအားလုံးနှင့် ကောင်းစွာသိကျွမ်းပါသည်။ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှုံ့ပီးနောက်ပိုင်းတွင် ကျွန်တော်က သူတို့အားလုံးကို ဖုန်းဆက်ခဲ့ပါသည်။ သို့ရာတွင် သူတို့ဖုန်းများအားလုံးသည် ပြီးခဲ့သည့် ၃ လတွင် SIM Card များသည်သေနေပြီး ဖုန်းခေါ်ဆို၍ မရခဲ့ပါ။ အခုတော့ ဒီဓာတ်ခွဲခန်းပညာရှင်တွေအားလုံး သေသွားပြီဆိုတာ သိလိုက်ရပါပြီ။

ကျွန်တော်၏ ယနေ့အထိ ဗဟုသုတနှင့်သုတေသနအပေါ် အခြေခံ၍ ကိုရိုနာဗိုင်းရပ်စ်သည် သဘာဝအလျှောက်ဖြစ်ပေါ်လာခြင်း မဟုတ်ကြောင်း 100% ယုံကြည်မှုအပြည့်ဖြင့် ပြောနိုင်ပါသည်။

“ကိုရိုနာဗိုင်းရပ်စ်သည် လင်းနို့များမှလာသည် မဟုတ်၊ တရုတ်က ၎င်းကိုထုတ်လုပ်ခြင်း ဖြစ်ပါသည်”

အကယ်၍ ယနေ့ ဒါမှမဟုတ် ကျွန်တော်သေဆုံးပြီးနောက်ပိုင်း ကျွန်တော့်ပြောကြားချက်ကို မှားယွင်းကြောင်း သက်သေပြနိုင်ခဲ့လျှင် အစိုးရက ကျွန်တော့်နိုဗယ်ဆုကို ပြန်၍ရုပ်သိမ်းနိုင်ပါသည်။ ဒါပေမယ့် တရုတ်နိုင်ငံသည် လိမ်နေပြီး ဒီအမှန်တရားကို တစ်နေ့နေ့တချိန်ချိန်မှာ လူတိုင်းက ထုတ်ဖော်ပြောဆိုလာပါလိမ့်မယ်။

ဘာသာပြန်သူ – KoTinNaingOo

ဗွီဒီယိုတွင်

Tags:

Add a Comment

Your email address will not be published. Required fields are marked *