ကမ္ဘာမှာ ပိုးတွေ့သူ 3 သန်းပြည့်လုနီးပါဖြစ်လာခြင်းနှင့်အတူ APRIL 27 ရက် COVID-19 သတင်းစုံ
| မြန်မာနိုင်ငံမှာ ယနေ့အထိ COVID-19 တွေ့သူ ( 146 ) ယောက်ရှိပြီး သေဆုံးသူ 5 ယောက် ရှိပါပြီ။
ကမ္ဘာမှာ ပိုးတွေ့သူ 3 သန်းပြည့်လုပါပြီ။ 2.99 သန်းရှိနေပါပြီ။
အာစီယံဒေသအတွင်းအခြေအနေ
စင်ကာပူမှာ ရောဂါရှိသူအသစ် 931 ယောက် အထိ တွေ့ခဲ့ပါတယ်။ စုစုပေါင်း 13624 ယောက် ရှိပါပြီ။
စင်ကာပူမှာ Covid-19 အရေးမှာ တနိုင်ငံလုံး စည်းလုံးညီညွတ်မှုကို ပြတဲ့အနေနဲ့ အလံတွေကို နိုင်ငံအနှံ့ စက်တင်ဘာလ 30 ရက်နေ့အထိ လွှင့်ထူဖို့ အမိန့်ကို ပြင်ပေးလိုက်ပါတယ်။
အင်ဒိုနီးရှားမှာ တွေ့သူ 8882 ယောက်ရှိကာ သေသူ 743 ယောက်ရှိပါပြီ။ အင်ဒိုဟာ အာစီယံနိုင်ငံတွေအတွင်း သေနှုန်းအများဆုံးဖြစ်ပါတယ်။
မလေးရှားမှာ အသစ်တွေ့ရှိသူ 38 ယောက်ရှိခဲ့ပါတယ်။ စုစုပေါင်း 5780 ယောက် အထိ ရှိလာပြီး သေဆုံးသူ 98 ယောက်ရှိပါပြီ။
မလေးရှား CID ရဲမင်းကြီးက မြို့တွေမှာ ပိတ်မိနေသူတွေအတွက် ဧပြီ 26 ကနေ ဧပြီ 29 အတွင်း QR code တွေနဲ့ ပြပြီး MCO 🚧 လမ်းအတားအဆီးဂိတ်တွေမှာ ဖြတ်သန်းသွားလာခွင့် ပြုထားပါတယ်။
မလေးရှားမှာ အခြားရောဂါတွေနဲ့ ဆေးရုံတက်ဖို့ လိုနေသူတွေဟာ ဆေးရုံမှာ Covid လူနာတွေကို ဦးစားပေးနေရတဲ့အတွက် ကြားညှပ်ပြီး ဆေးကုသဖို့ ခက်နေပါတယ်။
လာအို တွေ့သူ 19 ယောက်ရှိသွားပါပြီ။ အသစ် မတိုးတာ 12 ရက်ရှိပါပြီ။ သေသူမရှိသေးပါ။
ဖိလစ်ပိုင်နိုင်ငံ Luzon ကျွန်းမှာ ရဲက စစ်မှုထမ်းဟောင်းတစ်ယောက်ကို lockdown ကိစ္စစစ်မေးရာမှ အိတ်ထဲကသေနတ်ထုတ်တယ်ထင်ပြီး ပစ်သတ်ခဲ့ပါတယ်။ အိတ်ထဲမှာ သေနတ်ရော Quaratine pass ရောရှိနေပါတယ်။
ကျန်အာရှနိုင်ငံများ အခြေအနေ
—————————–
တရုတ်ပြည်မှာ လူနာအသစ်တွေ့ရှိမှုက ရှိနေဆဲဖြစ်ပါတယ်။ မနေ့က တရုတ်မှာ တွေ့သူအသစ် 11 ယောက်တွေ့ခဲ့ပါတယ်။
တရုတ်ပြည်ဝူဟန့်မှာ ကိုရိုနာလူနာအားလုံး ဆေးရုံဆင်းသွားပြီလို့ ဆိုပါတယ်။
တရုတ်ရဲ့ အကြီးဆုံး တစ်ရှုးစက္ကူလုပ်ငန်းကြီး Vinda International Holding ရဲ့ အမြတ်ဟာ 2020 ပထမ 3 လအတွင်းမှာ 37.5 % ထိုးတက်ခဲ့ပါတယ်။
တရုတ်ပြည်မှာ လူအယောက် 100000 ဆန့်တဲ့ ကြာပန်းပွင့်ပုံ ကမ္ဘာ့အကြီးဆုံး အားကစားရုံကြီးကို စတင်တည်ဆောက်နေပြီဖြစ်ပါတယ်။
တရုတ်ပြည်ဟာ Covid-19 ကာလအပြီးမှာ စီးပွားရေးပြန်တည်ဆောက်ဖို့ကြိုးစားနေပေမယ့် ထင်သလောက်မမြန်နိုင်ဘူးလို့လဆိုကြပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးဟာ Covid ကြောင့်အကြွေးတွေပိနေတဲ့အတွက် တရုတ်အကြွေးကို ပြန်ဆပ်ဖို့ နှောင့်နှေးနိုင်ပါတယ်။ ဒါ့အပြင် တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းဟာလည်း နှောင့်နှေးနိုင်ဖွယ် ရှိပါတယ်။
ကနေဒါရှိ တရုတ်သံရုံးက တရုတ်ကပို့တဲ့ KN95 mask 😷 1 သန်းကိစ္စကို စုံစမ်းစစ်ဆေးမယ်လို့ ဆိုပါတယ်။ဟောင်ကောင်မှာ လူနာ 8 ယောက်ဟာ ဆေးရုံဆင်းပြီးမှ Covid-19 positive ပြန်ဖြစ်နေတာ တွေ့ရပါတယ်။
WHO ကတော့ အခုလို ပျောက်ကင်းသက်သာသူတွေကနေ ပြန်လည်ကူးစက်တဲ့ အထောက်အထားမတွေ့ရဘူးလို့ ဆိုပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ရဲ့ ရထားဟာ Wonsan မှာ ရပ်ထားတာတွေ့တယ်လို့ဆိုပါတယ်။ အခု Kim ဟာ အပန်းဖြေစခန်းမှာ အနားယူနေတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယိ။
မြောက်ကိုရီးယားခေါင်းဆောင်တွေဟာ လေယာဉ်ပျံနဲ့ ခရီးသွားရတာ ကြောက်လန့်လေ့ရှိပြီး ရထားနဲ့ပဲ ခရီးသွားလေ့ရှိပါတယ်။
အိန္ဒိယမှာ တရုတ်ကထုတ်တဲ့ Rapid Test Kit တွေကို သုံးတာ ရပ်နားထားရပါတယ်။ အနည်းဆုံး ပြည်နယ်သုံးခုမှာ ကျေနပ်မှုမရှိပါဘူး။
တိကျမှု accuracy ဟာ 5% ပဲရှိတယ်လို့ ဆိုပါတယ်။ သူတို့ positive လို့သိထားတဲ့လူတွေကို တရုတ်က Rapid test kit နဲ့စမ်းရာမှာ negative ပဲ အဖြေထွက်နေပါတယ်တဲ့။
အိန္ဒိယဝန်ကြီးချုပ် Modi က 😷 mask ဟာ ခေတ်သစ်ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းရဲ့ သင်္ကေတဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။
👉 လူတွေရဲ့ #စဉ်းစားတွေတောပုံဟာ Covid-19 ကြောင့် အများကြီးပြောင်းလဲ သွားလိမ့်မယ်လို့ဆိုပါတယ်။
😷 mask ဟာ ခေတ်သစ်လူ့အသိုင်းအဝိုင်းမှာ အရေးပါလာသလို #တံတွေးထွေးတာလည်း အရေးပါလာပါမယ်တဲ့။
🚫 ကွမ်းတံတွေးကို စည်းကမ်းမဲ့ထွေးတာမျိုးကို လူတွေ လုံးဝလက်ခံကြတော့မှာ မဟုတ်ပါဘူး။
ပါကစ္စတန်မှာ ဆရာဝန်နဲ့ သူနာပြုဟာ အစာအငတ်ခံဆန္ဒပြနေကြပါတယ်။ အလုပ်လုပ်တဲ့သူကလုပ်ပြီး အလှည့်ကျဆန္ဒထွက်ပြကြတာ ဖြစ်ပါတယ်။
ဆေးရုံတွေမှာ လုံလောက်တဲ့ PPE မရှိတာကို ထောက်ပြနေခဲ့ကြတာ ကြာပြီဖြစ်ပါတယ်။ မကြာခင်ကမှ အလုပ်ဝင်ခဲ့တဲ့ အသက် 26 နှစ်အရွယ် သမားတော်တစ်ယောက်ဟာ Covid ကြောင့်သေဆုံးသွားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ တွေ့နှုန်းများလာနေပါတယ်။ တွေ့သူ 5416 ယောက်ရှိပါပြီ။ သေသူ 145 ယောက် ရှိပါပြီ။
ကျန်နိုင်ငံများ အခြေအနေ
———————
အမေရိကန်နိုင်ငံမှာ တွေ့သူ 987160 ရှိသွားပါပြီ။ သေဆုံးသူ 55413 ယောက်ရှိပါပြီ။
အမေရိကန်သမ္မတ Trump အနေနဲ့ အိမ်ဖြူတော်မှာ လုပ်နေကျ သတင်းစာရှင်းလင်းပွဲကို လုပ်ချင်မှ လုပ်တော့မယ်လို့ ဆိုပါတယ်။
👶 Trump က disinfectant အစွန်းချွတ်ဆေးရည်ကို အပြင်မှာပိုးကို 1 မိနစ်အတွင်းသေစေတဲ့အတွက် လူ့ကိုယ်ထဲထိုးစမ်းတာမျိုး ပညာရှင်တွေစမ်းသင့်တယ်လို့ဆိုအပြီးမှာ အတော်လေးလှောင်ပြောင်ခံခဲ့ရပါတယ်။
ဆရာဝန်တွေနဲ့ disinfectant ထုတ်တဲ့လုပ်ငန်းတွေက လူတွေကို မသောက်ဖို့နဲ့ ကိုယ်ထဲမထိုးထည့်ဖို့ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။
🎖️ ကာကွယ်ရေးဝန်ကြီး Mark Esper ဟာ Covid ကိစ္စမှာ ရာထူးမှဖယ်ရှားခံထားရတဲ့ လေယာဉ်တင်သင်္ဘောကြီး USS Theodor Roosevelt ရဲ့ ကပ္ပတိန်ဟောင်းကို ရာထူးပြန်ပေးဖို့ ဖိအားပေးတာ ခံနေရပါတယ်။
Sir. Branson ဟာ သူ့ရဲ့Virgin Atlantic Airways လေကြောင်းလိုင်းကို ကယ်ဖို့ မေလကုန်ထားပြီး ပေါင်ငွေ သန်း 500 ကို အသည်းအသန်ရှာဖွေနေပါတယ်။
စပိန်နိုင်ငံမှာ lockdown ကာလအတွင်း လုပ်သားရှားပါးမှုကြောင့် ကညွတ်ဖူးတွေကို မခူးဆွတ်နိုင်ပဲ ထားရပါတယ်။
ဧပြီလကစပြီးအစိုးရက နိုင်ငံခြားလုပ်သားတွေကို လယ်ယာလုပ်ငန်းအတွက် ငှားခွင့်ပေးလိုက်သော်လည်း လုပ်နေကြသူတွေမဟုတ်တဲ့အတွက် မလုပ်နိုင်ကြပါဘူးတဲ့။
ဒီကညွတ်ခူးတဲ့လုပ်ငန်းဟာ ရွံ့မြေထဲမှာ လမ်းလျှောက်ပြီး ဒါးရှည်နဲ့ခုတ်ဖြတ်တတ်ရတယ်လို့ ဆိုပါတယ်။
ပီရူးနိုင်ငံမှာ ရဲ 1300 ဟာ lockdown ကိစ္စကြီးကြပ်နေစဉ်အတွင်း Covid-19 ကူးစက်ခံရပြီး 17 ယောက် သေဆုံးခဲ့ပါတယ်။🦚 ကမ္ဘာကြီးမှာ Covid-19 ကာလအတွင်း သဘာဝဂေဟစနစ်ဟာ ပြန်လည်ရှင်သန်လာတာကို တွေ့ရပါတယ်။
အိန္ဒိယမှာ ဒေါင်းတွေမြို့ထဲမှာ လွတ်လပ်စွာ အစာလာရှာတာ တွေ့ရသလို အီတလီနိုင်ငံ Venice မြို့က မြောင်းတွေထဲမှာ ရေတွေကြည်လင်ပြီး Jelly fish ပန်းရောင်တွေ ကူးခတ်နေတာကို တွေ့ရပါတယ်။
🌍 ယနေ့ တကမ္ဘာလုံး ရောဂါပိုးတွေ့သူ 2994436 ယောက်၊ သေသူ 206973 ယောက်။ ပြန်ကောင်းသူ 878707 ယောက်။
👉 အခုထိစစ်တမ်းအရ လူ ၁၀၀ ဖြစ်ရင် 3% က အသည်းအသန်ဖြစ်ပါတယ်။ 16% မှ ကျလာတာပါ။
👉 ပိတ်လိုက်တဲ့ case 1085680 မှာ 878707 ပြန်ကောင်းပြီး 206973 ယောက်သေဆုံးခဲ့တာကြောင့် သေနှုန်းက -> 19% ဖြစ်ပါတယ်။