နာတာရှည်ရောဂါအခံ မရှိသည် လူငယ်များအတွက် COVID-19 သည် သာမန် တုပ်ကွေးရောဂါတစ်ခုထက် မပို

နာတာရှည်ရောဂါအခံ မရှိသည် လူငယ်များအတွက် COVID-19 သည် သာမန် တုပ်ကွေးရောဂါတစ်ခုထက် မပို
စင်ကာပူတွင် ဧပြီ (၂၄) ရက်နေ့အထိ COVID-19 ကူးစက်ခံ ရောဂါသည် အရေအတွက် စုစုပေါင်း (၁၂,၀၇၅) ဦး ရှိသွားခဲ့ပြီဖြစ်သည်။ ၎င်းထဲမှ ရောဂါအရှင်းပျောက်သွားသူ (၉၅၆) ဦးနှင့် ရောဂါဖြင့် တရားဝင် သေဆုံးသူ (၁၂) ဦးကို နှုတ်လိုက်မည်ဆိုလျှင် စင်ကာပူတွင် COVID-19 ရောဂါသည် (၁၁,၁၀၇) ဦး ကျန်ရှိနေသည်။ စင်ကာပူတွင် ယနေ့အချိန်အထိ ရောဂါပျောက်ကင်းသူများမှ Positive ပြန်ဖြစ်သူ မရှိသေးကြောင်း တွေ့ရသည်။

အဆိုပါ ရောဂါသည်များထဲမှ ICU တင်ထားရသည့် လူနာ (၂၄) ဦး အပါအဝင် စုစုပေါင်း လူနာ (၁,၂၂၉) ဦးသာ အစိုးရ ဆေးရုံများတွင် ထားရှိကုသပေးနေကြောင်း သိရသည်။ ကျန်ရှိ လူနာ (၉,၈၇၈) ဦးသည် Community Facilities များတွင် နေရာထိုင်းခင်း စီစဥ်၍ သီးသန့် ထားရှိပေးထားသည်။ ယခုလို စီစဥ်ခြင်းအားဖြင့် အစိုးရဆေးရုံများတွင် ဝန်ပိုကို လျှော့ချခြင်းဖြင့် အမှန်တကယ်လိုအပ်သည့် လူနာများအတွက်သာ ပြင်ဆင်ထားသည်။

စင်ကာပူတွင် Community Isolation Facilities (၃) ခု ဖြစ်သည့် D’Resort NTUC chalet (လူ ၅၀၀ ထားရှိနိုင်သည်) ၊ Singapore Expo (လက်ရှိ Hall ခန်း (၂) ဖြင့် လည်ပတ်နေပြီး လူ ၉၅၀ ထားရှိနိုင်သည်။ နောက်ထပ် Hall ခန်း (၄) ခု ပြင်ဆင်နေသည်) ၊ Changi Exhibition Centre (လူ ၂၈၀၀ ထားရှိနိုင်သည်) နှင့် အခြားသော Isolation Facilities ဖြစ်သည့် Concord International Hospital ၊ Bright Vision Hospital ကဲ့သို့သော ပုဂ္ဂလိကဆေးရုံးများ၊ Community ဆေးရုံများ ရှိသည်။

“We have learnt that for many patients, particularly those who are young and have no chronic medical conditions, Covid-19 is no worse than an ordinary flu,” Prof Hsu.

စင်ကာပူရှိ လူနာအများအပြားကို လေ့လာပြီးနောက် အထူးသဖြင့် နာတာရှည်ရောဂါအခံ မရှိသည် လူငယ်များအတွက် COVID-19 သည် သာမန် တုပ်ကွေးရောဂါတစ်ခုထက် မပိုကြောင်း National University of Singapore ၏ Saw Swee Hock School of Public Health ကျောင်းမှ Infectious Diseases Programme ကို ဦးဆောင်သူ Prof Hsu မှာ ပြောသွားခဲ့သည်။

Source: ST

Add a Comment

Your email address will not be published. Required fields are marked *