အစာအမြဲကျွေးနေတဲ့ ခွေးတွေက အရှင်လတ်လတ် စားသောက်တာကို ခံခဲ့ရတဲ့အဖွား
|အဖွား Anne ဟာ အိဂျစ်နိုင်ငံ၊ ပင်လယ်နီမြို့တော် Dahab က တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာမှာ အလုပ်လုပ်တဲ့ ဗြိတိန်လူမျိုးဖြစ်ပါတယ်။ သူမဟာ ပြီးခဲ့တဲ့သောကြာနေ့က ခွေးတွေရဲ့ဝိုင်းဝန်ကိုက်ဖြတ်ခြင်းကို ခံခဲ့ရပြီး အရှင်လတ်လတ် စားသောက်ခြင်းကို ခံခဲ့ရပါတယ်။ ဝန်ထမ်းတစ်ဦးက Anne ရဲ့ ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ အလောင်းကို ခွေးတွေရဲ့ လှောင်ခြံထဲမှာ တွေ့ခဲ့ရတာပါ။
တိရစ္ဆာန်ရုံဝန်ထမ်းတွေကလည်း အချိန်နှောင်းမှ သိခဲ့ရပြီး၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို အမြန်အကြောင်းကြားခဲ့ပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့ရောက်ချိန်မှာ အဖွား Anne ရဲ့ အသားစတွေစာ ဆိုးဆိုးရွားရွား ကိုက်ဖြတ်ခဲ့ထားရပြီး ရသလောက် ဖဲ့ယူစားသောက်ခံထားရတယ်လို့ ရဲက ဆိုပါတယ်။ ဝန်ထမ်းတွေဟာ ခါတိုင်းလည်း အစာကျွေးချိန်မှာ ခွေးတွေက ဆူညံနေလို့ အခုလို ဖြစ်လိမ့်မယ်လို့ မထင်ထားပါဘူးတဲ့။
Anne ဟာ အဲဒီစောင့်ရှောက်ရေးဂေဟာမှာ စေတနာ့ဝန်ထမ်းအဖြစ် အလုပ်လုပ်ပေးနေခဲ့တာ တစ်နှစ်နီးပါးလောက် ရှိနေပါပြီ။ နေ့လည်ပိုင်း ခွေးတွေကို အစာကျွေးနေချိန်မှာ ခွေးအချင်းချင်း ရန်ဖြစ်တိုက်ခိုက်ရာမှ အဖွား Anne ကိုပါ ဝိုင်းပြီး ကိုက်ခဲ့ကြတာပါ။ ခွေး(၃)ကောင်ဟာ အဖွားကို သားကောင်လို သဘောထားပြီးတော့ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခဲ့ပါတယ်။
တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာမှာ အလုပ်လုပ်တဲ့ အသက်(၆၁)နှစ်အရွယ် အဖွားအိုတစ်ယောက်ဟာ သူမ အမြဲကျွေးနေတဲ့ ခွေးတွေက အရှင်လက်လက် ဝိုင်းဝန်းကိုက်ဖြတ်ခြင်းကို ခံရပြီး၊ စားသောက်ခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။ အဖွားရဲ့အမည်ကတော့ Anne Johnson ဖြစ်ပြီး၊ Macclesfield ဇာတိပါ။
အဖွား Anne ဟာ အီဂျစ်မှာနေထိုင်တာ (၁၆)နှစ် ရှိနေပါပြီ။ ခွေးလေခွေးလွင့်တွေကို ဂေဟာဆီယူဆောင်လာပြီး ထိန်းသိမ်းစောင့်ရှောက်တဲ့ လုပ်ငန်းကို ဝါသနာနဲ့အတူ အချိန်ပေးလုပ်ကိုင်ခဲ့သူပါ။ သို့သော်လည်း အသက်နည်းနည်းကြီးလာတော့ စေတနာ့ဝန်ထမ်းသဘောမျိုသာ အချိန်ပေးနိုင်ပါတယ်။ ခွေးတွေကလည်း သူမနဲ့ ယဉ်ပါးနေကြပါတယ်
Anne ရဲ့အလောင်းကို နီးစပ်ရာဆေးရုံကို အမြန်ပို့ပေးခဲ့ပါတယ်။ သူမဟာ လည်ပင်း၊ ဦးခေါင်း၊ ဝမ်းဗိုက်နဲ့ ခြေထောက်တွေမှာ ခွေးတွေ ဆိုးဆိုးရွားရွားကိုက်တာကို ခံထားရပါတယ်။ ဆေးရုံကို ရောက်ရှိစဉ်၊ ဒေါက်တာတွေက အဖွားဟာ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီးဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ သေမှုသေခင်းနဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။
Ref : The Sun