PPE ဝတ်စုံ ထုတ်လုပ်တဲ့ KMစက်ရုံ အလုပ်သမားရေး လှုံ့ဆော်သူ၂ဦးကို တိုင်းအစိုးရကပုဒ်မ၂ခုနဲ့အမှုဖွင့်မည်ပြော

COVID-19 ရောဂါ ကာကွယ်ရေးမှာ လိုအပ်နေတဲ့ PPE ဝတ်စုံ ထုတ်လုပ်နေတဲ့ KM စက်ရုံ မှအလုပ်သမားများ ဆန္ဒထုတ်ဖော်မှုမှ အလုပ်သမားအရေး လှုံ့ဆော်သည် ဆိုသူ ပဲခူးမြို့က၂ ဦးကို တိုင်းအစိုးရက ပုဒ်မ၂ခုနဲ့ အမှုဖွင့် တရားစွဲဆိုမယ်လို့ သိရပါတယ်။

‟အလုပ်သမား အရေးမှာ လှုံ့ဆော်သူ၂ယောက်ကို တရားစွဲမှာပါ တိုင်းဒေသကြီး အစိုးရ အဖွဲ့ကို အကြည် ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့တရားစွဲဆိုဖို့ ဝန်ကြီးချုပ်က ဆုံးဖြတ်ပေးပြီးပါပြီ။ အလုပ်သမားတွေ မပါပါဘူး”လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ နိုင်ငံတော်မှ စက်ရုံများကို တရားဝင် ပိတ်သိမ်းခိုင်းရန် ထုတ်ပြန်ထားခြင်း မရှိခြင်း၊ လုပ်ငန်း လိုအပ်ချက်များ ရှိခြင်းတို့ကြောင့် ကျန်းမာရေးအတွက် လိုအပ်သော ခွဲစိတ်ခန်းသုံး ပစ္စည်း ထုတ်သော စက်ရုံများနှင့် အခြားစက်ရုံများမှာ သြင်္ကန်ရက်များ ပြီးချိန်တွင် စက်ရုံများကို ပြန်လည်ဖွင့်လှစ် လည်ပတ်ခဲ့ရာ ရောဂါကူးစက်မှု ဖြစ်ပေါ်မည် ကိုစိုးရိမ်နေသော စက်ရုံ အလုပ်သမားများက အခုလို ပြောပါတယ်။

‟သူများဘစက်ရုံတွေ ပိတ်ထားသလို ရောဂါတွေ ကြောက်လို့ ကိုယ့်စက်ရုံလည်း ပိတ်ထား စေချင်တယ်။ အကုန်လုံး ကြောက်ကြောက် လန့်လန့်နဲ့ ဆင်းနေရတဲ့ သူတွေချည်းဘဲ အများနည်းတူ ဒီရောဂါကိုကြောက်လို့ မိသားစု တွေရှိလို့ ရပ်ကွက်မှာ ရောဂါတွေ ကူးစက်မှာ ကြောက်လို့ ပိတ်ပေးပါလို့ တောင်းဆိုတာကို လက်မခံကြဘူး ဒီပိုက်ဆံနဲ့ မိသားစုလည်း မလဲနိုင်ဘူး ရပ်ကွက်ထဲက လူတွေလည်း မလဲနိုင်ဘူး နိုင်ငံတော် ကလူတွေလည်း မလဲနိုင်ဘူး။ ဒီစက်ရုံ ဖွင့်မယ်ဆို တခြားစက်ရုံတွေလည်း ဖွင့်ပေါ့ မြန်မာနိုင်ငံမှာ လူစုလူဝေး မလုပ်ရဘူးဆိုပြီး ဒီစက်ရုံမှာ လူစုလူဝေး လုပ်တာဘဲ ဘာထူးလဲ ရေခွက် ၁၀ ခွက်ကို စက်ရုံတစ်ရုံလုံး သောက်နေကြတာ ဟိုရက်က လူမှုဖူလုံရေး ကလာတယ် မြင်တောင် မမြင်ရဘူး။

သူတို့ဘာသာ သူတို့ အထက်မှာ ပြောပြီး ပြန်သွားကြတာ ပါလို့ ”KM စက်ရုံက အလုပ်သမား တစ်ဦးဖြစ်သူ မသီသီကပြောပါတယ်။ ပဲခူးစက်မှုဇုံရှိ စက်ရုံများတွင် စက်ရုံဖွင့်လှစ်ခြင်းများကြောင့် ရောဂါကူးစက်ခံရမည်ကို စိုးရိမ်သော အလုပ်သမားများနှင့် စက်ရုံအလုပ်ရုံမှ တာဝန်ရှိသူများ အဆင်မပြေမှုများ နေ့စဉ်ဆက်တိုက် ဖြစ်ပေါ်ခဲ့ကြောင်းနဲ့မနေ့ဧပြီ ၂၂ ရက်ကလည်း CICစက်ရုံမှာ အလုပ်သ မားတွေ အလုပ်ဆင်းရတဲ့ အတွက် အလုပ်ရှင် အလုပ်သမား မကျေလည်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး အလုပ်သမားများ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လာကြ၍ စက်ရုံများ ပိတ်ပေးခဲ့ရပြီး အဆိုပါ ပိတ်ပေးရတဲ့ စက်ရုံများတွင် PPE ဝတ်စုံ ထုတ်လုပ်တဲ့ စက်ရုံ လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – ဝေဇင်ကြည် (bagowatch)

Add a Comment

Your email address will not be published. Required fields are marked *