fbpx

ဗြိတိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ယခုလ(၂၃)ရက်နေ့တွင် စတင်စမ်းသပ် သုံးစွဲမည်ဟု အစိုးရကြေညာ

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လူသားတွေနဲ့ စမ်းသပ်အသုံးပြုတာကို အခုလ(၂၃)ရက်နေ့မှာ စတင်သွားမယ်လို့ ကျန်းမာရေးဝန်ကြီး Matt Hancock က ကြေညာလိုက်ပါတယ်။

အောက်စဖို့ဒ်တက္ကသိုလ်က သုတေသနပြုထုတ်လုပ်ထားတဲ့ ဒီကာကွယ်ဆေးကို လူသားတွေနဲ့ လက်တွေ့စမ်းသပ်သွားတော့မှာဖြစ်ပြီး၊ တကယ်လို့ စမ်းသပ်မှုဟာအောင်မြင်မှုရတယ်ဆိုရင် ကာကွယ်ဆေးပေါင်း သန်းပေါင်းများစွာကို အခုနှစ်ဆောင်းရာသီမှာ အသုံးပြုလို့ ရနိုင်မှာဖြစ်တယ်လို့ အောက်စဖို့ဒ်တက္ကသိုလ် ကာကွယ်ဆေးရှာဖွေရေးအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

ဗြိတိန်အစိုးရအနေနဲ့ အောက်စဖို့ဒ်ကာကွယ်ဆေးရှာဖွေရေးအဖွဲ့ကို ဆေးပညာစမ်းသပ်မှုတွေအတွက် ပေါင်သန်း(၂၀) ထောက်ပံ့ပေးထားပြီး၊ Imperical College London မှ သုတေသနလုပ်ငန်းတွေအတွက်လည်း ပေါင် (၂၂.၅)သန်း ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

အောက်စဖို့တက္ကသိုလ်မှ ကာကွယ်ဆေးဗေဒဆိုင်ရာ ပရော်ဖက်ဆာ Sarah Gilbert ကတော့ ထိရောက်တဲ့ကာကွယ်ဆေးတစ်ခုကို ရရှိဖို့ ပုံမှန်အနေနဲ့ (၁၈)လလောက်အချိန်ယူရလေ့ရှိပေမဲ့ သူ့အဖွဲ့က ကြိုးစားထားတဲ့ ကာကွယ်ဆေးကတော့ အခုနှစ် စက်တင်ဘာလအစောပိုင်းမှာ အသုံးပြုလို့ရဖို့ အဆင့်သင့်ဖြစ်နေလိမ့်မယ်လို့ ပြောကြားထားပါတယ်။

source photo : Skynews
@One News Myanmar

Add a Comment

Your email address will not be published. Required fields are marked *