ကိုဗစ်-19 ကို ရင်ဆိုင်ရာမှာ အမျိုးသားတွေရဲ့ ဝှေးစေ့ဟာ အားနည်းချက်ဖြစ်နေ

ကိုဗစ်-19 ရဲ့ လိင်ခွဲခြားမှုကို လေ့လာနိုင်ဖို့ သုတေသနလေ့လာသူများတွေဟာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ပြန်လည် ကောင်းမွန်လာတဲ့ လူနာ ၆၈ ယောက်ကို ခြေရာခံ လေ့လာကြည့်တဲ့အခါ ကိုဗစ်-19 ဟာ အမျိုးသားတွေအပေါ်ပိုမိုဆိုးရွားကြောင်း MedRxix မှာ ဖော်ပြထားတဲ့ စစ်တမ်းတွေအရ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ ဝှေးစေ့အတွင်းမှာ ပုန်းခိုနေထိုင်နိုင်ခြင်းကြောင့် အမျိုးသားတွေမှာ ပိုမိုရှည်ကြာပြီး ပိုမိုပြင်းထန်တဲ့ ဖျားနာမှုတွေ ဖြစ်ရလေ့ရှိကြောင်း လေ့လာမှုအသစ်များအရ သိရပါတယ်။


ဝှေးစေ့တွေဟာ ကိုယ်ခံအားစနစ် သက်ရောက်နိုင်တဲ့ စွမ်းအား မရှိတဲ့အတွက် ဗိုင်းရပ်စ်ဟာ ခန္ဓာကိုယ်ရဲ့ တခြား အစိတ်အပိုင်းနေရာတွေထက် ဝှေးစေ့မှာ အချိန်ကြာမြင့်တဲ့အထိ နေနိုင်ကြောင်း လေ့လာမှု တွေအရ သိရပါတယ်။
ဒါကြောင့်လည်း အခု ရှာဖွေတွေ့ရှိမှုဟာ အမျိုးသမီးတွေဟာ အမျိုးသားများထက် ဗိုင်းရပ်စ်ရန်ကို ပိုပြီးမြန်မြန်ဆန်ဆန် တွန်းလှန်နိုင်တယ်လို့ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းရှိ Kasturba ဆေးရုံမှ သုတေသနပညာရှင် ဒေါက်တာ Aditi Shastri နဲ့ သူ့မိခင် ဒေါက်တာ Jayanthi Shastri တို့က ပြောပါတယ်။

အမျိုးသမီးလူနာတွေအတွက် ဗိုင်းရပ်စ်ကင်းစင်ဖို့ ကြာမြင့်ချိန်က ပျှမ်းမျှအနေနဲ့ ၄ ရက်သာဖြစ်ပေမယ့် အမျိုးသားတွေအတွက်ကတော့ နလန် ပြန်ထူနိုင်ဖို့က ပျှမ်းမျှအားဖြင့် ၂ ရက် ပိုမိုကြာမြင့်နိုင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

အဆိုပါ လေ့လာတွေ့ရှိချက်များအရ အထီးများက ဗိုင်းရပ်စ် ဖယ်ထုတ်ရှင်းလင်းရာမှာ နှောင့်နှေး ကြန့် ကြာတတ်ကြောင်း ပြဆိုနေပြီး အမျိုးသားတွေရဲ့ဝှေးစေ့တွေကတော့ ဗိုင်းရပ်စ်တွေ စုစည်း သိုမှီးရာနေရာအဖြစ် လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ဒါကြောင့်လည်း အီတလီ၊ တောင်ကိုရီးယားနှင့် နယူးယောက်မြို့တို့မှာ ဗိုင်းရပ်စ်ကြောင့် အမျိုးသား သေဆုံးနှုန်းနေရတာ ဖြစ်ပါတယ်။ အမျိုးသားတွေအနေနဲ့ ခံနိုင်ရည် ပိုမိုနည်းပါးရခြင်း အကြောင်းကတော့ ဆေးလိပ်သောက်ခြင်း၊ သွေးတိုးရောဂါရှိခြင်း ဒါမှမဟုတ် နှလုံးသွေးလွှတ်ကြောဆိုင်ရာ ရောဂါခံစားရခြင်းတို့ကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Crd The Irrawaddy

Add a Comment

Your email address will not be published. Required fields are marked *