အတွဲများအား နှာခေါင်းစည်းများတပ်ရန်နှင့် ခွာထိုင်ရန်အသိပေး

ချိန်းတွေ့နေသော အတွဲများကို နှာခေါင်းစည်းများတပ်ထားရန်နှင့် တစ်ဦးနှင့်တစ်ဦး ပူးကပ်မနေဘဲ ခပ်ခွာခွာနေရန်
မိတ္ထီလာကန်စောင်းတွင် ချိန်းတွေ့နေသော အတွဲများကို နှာခေါင်းစည်းများတပ်ထားရန်နှင့် တစ်ဦးနှင့်တစ်ဦး ပူးကပ်မနေဘဲ ခပ်ခွာခွာနေရန် လိုက်လံ သတိပေးနေသည်ကို တွေ့ရစဉ်။

မန္တလေးတိုင်းဒေသကြီးမိတ္တီလာမြို့နယ်မှာCovid19 ရောဂါကာကွယ်ရေးလုပ်ငန်းတွေကိုအားကစားနှင့်ကျမ်းမာရေးဝန်ကြီးဌာန၏ညွှန်ကြားချက်များနှင့်အညီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စည်ပင်သာယာရေး ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များလူမှုကူညီရေးအသင်းအဖွဲ့အစည်းများမှသက်ဆိုင်ရာကျမ်းမာရေးဌာနဝန်ထမ်းများနှင့်ပူးပေါင်း၍နေ့စဉ်အရှိန်အဟုန်မြှင့်ပြီးနေ့မအားညမနားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့်သက်ဆိုင်ရာဌာနများနှင့်Covid 19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်ပူးပေါင်းဆောင်ရွက်ရုံမျှမက

မြို့နယ်အတွင်းရာဇဝတ်မှုခင်းများမဖြစ်ပွားစေရေးအတွက်နေ့/ညလှည့်ကင်းများဖြင့်နယ်မြေစိုးမိုးဆောင်ရွက်လျက်ရှိရာရာဇဝတ်မှုခင်းများဖြစ်သောလူသတ်မှု လုယက်မှုများဖြစ်ပွားလေ့ရှိသည့်မိတ္တီလာကန်ပတ်လမ်းတစ်လျှောက်နေ့လှည့်ကင်းများဖြင့်လှည့်လည်ဆောင်ရွက်ခဲ့ရာရောဂါကာကွယ်ရေးညွှန်ကြားချက်များကိုဆန့်ကျင်၍နေအိမ်များအတွင်းနေထိုင်ခြင်းမရှိပဲ အရက်ဝိုင်းဖွဲ့သောက်သူများ သမီးရည်းစားစုံတွဲများအားတွေ့ရှိ၍လိုအပ်သည်များစစ်မေးကာရောဂါကာကွယ်ရေးညွှန်ကြားချက်များရှင်းလင်းပြခြင်းမှုခင်းအသိပညာပေးခြင်းများအားနားလည်သည်အထိရှင်းလင်းပြောပြပြီးနေအိမ်များသို့ပြန်လည်စေလွှတ်ခဲ့ကြောင်းသိရသည်။

သတင်း — ရွှေမောင်မောင်(မိတ္တီလာ)

Add a Comment

Your email address will not be published. Required fields are marked *