ဓါတ်ခွဲနမူနာသယ်လာတဲ့ WHO ကားမင်းပြားမှာပစ်ခတ်ခံရ

ရခိုင်ပြည်နယ်က ကိုဗစ်၁၉ စောင့်ကြည့်ခံရသူတွေရဲ့ ဓါတ်ခွဲနမူနာတွေကို ရန်ကုန်ကိုပို့ဖို့ သယ်ဆောင်လာတဲ့ WHO အမှတ်တံဆိပ်ပါကားဟာ ဒီနေ့ ဧပြီ ၂၀ ညနေ ၅ နာရီဝန်းကျင်က မင်းပြားမြို့နယ် ရာမောင်တံတားနားမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။

ဒီပစ်ခတ်မှုကြောင့် ကားမောင်းသူဟာ စိုရိမ်ရပြီး ကျန်တဦးလည်း မင်းပြားဆေးရုံမှာ ဆေးကုသမှုခံနေရတယ်လို့ ကျမ္မာရေးဝန်ထမ်း အသိုင်းအဝိုင်းကပြောပါတယ်။

ဒီပစ်ခတ်မှုဟာ ဘယ်သူဘယ်ဝါရဲ့ လက်ချက်ဖြစ်တယ်ဆိုတာ ဘယ်သူမှ ထုတ်ဖေါ်ပြောဆိုတာမရှိသေးပါဘူး။

ကမ္ဘာတဝှမ်း ကိုဗစ်၁၉ ရောဂါကပ်ဆိုးဖြစ်နေချိန် အကူညီပေးနေတဲ့ WHO ရဲ့ကား ပစ်ခတ်ခံရမှု ကမ္ဘာမှာ မြန်မာနိုင်ငံဟာ ပထမဆုံးဖြစ်ပါတယ်။

သတင်း — VOM

Add a Comment

Your email address will not be published. Required fields are marked *