မုံရွာ ဆည်ကြီးတောကျေးရွာတွင် တစ်ရက်လျှင်Mask ငါးထောင်ချုပ်

မုံရွာမြို့နယ် ဆည်ကြီးတောကျေးရွာတွင် COVID-19 ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် တစ်ရက် လျှင် Mask အခု ၅၀၀၀ အထိချုပ်ကာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြန့်ဖြူးရောင်းချပေးနေကြောင်း သိရသည်။

“ဆည်ကြီးတောရွာမှာ လက်ဆောင်ပစ္စည်းချုပ် တဲ့စက်ဆိုင်တွေအများကြီးရှိတယ်။အဲဒီမှာအပ်ပြီးချုပ်တာပါ။ လောလောဆယ်တစ်ရက်ကိုအခု၅၀၀၀ လောက်ထွက်နေတယ်။ထွက်သမျှကျွန်တော်တို့က ယူပြီးစစ်ကိုင်းတိုင်း တစ်တိုင်းလုံးဖြန့်ပေးနေပါတယ်။အလှူရှင်တွေရဲ့ငွေနဲ့လည်းဝယ်ပေးနေပါတယ်။ ဈေးပေါက်ကဆိုင်တွေမှာထားပြီးတစ် ဆင့်ရောင်းပေးတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီး အမှူဆောင်အရာရှိ ဦးသစ်ထူးမြင့်က ပြောသည်။ ဈေးနှူန်းချိုသာသော Mask များအား ဖြန့်ဖြူးရောင်းချရာတွင် ပြည်သူများ အန္တရာယ်ကင်း၍ အရည်အသွေးပြည့်မီစွာဖြင့် သုံးစွဲနိုင်ရေးအတွက် အထည်ချုပ်လုပ်ငန်းများမှ ရောက်ရှိလာသော Mask များအား ကျန်းမာရေးဦးစီးဌာနရှိ ပိုးသတ်ပေါင်းအိုးများဖြင့် ပိုးသတ်သန့်စင်၍ အဆင့်ဆင့်ပြန်လည်ထုတ်ပိုး သန့်စင်ပြီးမှသာ ပြည်သူများသို့ ပြန်လည်ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။

“ဒီအချိန်မှာဒေသအတွက်ရောတိုင်းအတွက်ပါလိုအပ်နေတဲ့  Mask တွေကိုဈေးနှုန်းချိုချိုသာသာနဲ့ချုပ်ပေးတာ အထူးကျေးဇူးတင်ရပါတယ်။သာမန်ပြည်သူတွေဝယ်နိုင်တဲ့ဈေးနဲ့ရောင်းပေးနေတာပါ။ သုံးစွဲသူပြည်သူတွေအခု ထက် လုံခြုံစိတ်ချရအောင် စစ်ကိုင်းတိုင်းအစိုးရကပံ့ပိုး ပေးတာနဲ့အတူ မျက်ခြေမပြတ်စောင့်ကြည့်ကူညီပေးနေ ဖို့လိုပါတယ်”ဟု ကိုကျော်မိုးလှိူင်(ချင်းတွင်းအင်စတီကျူ့ ) ကပြောသည်။

မုံရွာမြို့နယ်ကဲ့သို့ ကန့်ဘလူ၊ဝန်းသိုမြို့နယ် ကျေးရွာအချို့တွင် စည်ပင်သာယာအဖွဲ့အရပ်ဖက်အဖွဲ့နှင့် စက်ချုပ်အဖွဲ့များပူးပေါင်းကာ Mask များချုပ် လုပ်နေကြောင်း သိရသည်။

“ဧပြီလ၁၃ရက်လောက်ကစချုပ်နေတာပါ။တစ်ရက်အခု ၅၀၀၀ စီချုပ်နေပါတယ်။ထပ်ပြီးစက်ချုပ်တဲ့အင်အားထပ်တိုးပြီးတစ်ရက်အခုရေ ၁၀၀၀၀ လောက်အထိထုတ်ဖို့လုပ်နေတယ်။ ချုပ်တဲ့အဖွဲ့က စက်ခုံနဲ့လူ၈၀ လောက်က ချုပ်နေတယ်!နောက်ထပ်စက်ခုံရောလူပါ ၈၀  လောက်ထပ်တိုးချုပ်ဖို့ရှိတယ်”ဟု ဦးသစ်ထူးမြင့်က ပြောသည်။ မုံရွာမြို့၊ဗိုလ်ချုပ်မြင်းစီးရုပ်အဝိုင်းနှင့် ကျောက္ကာလမ်း မီးပွိုင့်လမ်းဆုံ၊ သံလမ်းဈေးနေရာများတွင် ဧပြီလ ၁၈ ရက် နေ့က ပြည်သူများသို့ Mask၂၁၀၀ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၊ စည်ပင်သာယာ ရေးအဖွဲ့ ၊ မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ဖြန့်ဝေပေးခဲ့သည်။

သတင်း – mmtimes

Add a Comment

Your email address will not be published. Required fields are marked *