Covid-19 ကုသရေး အတွက် စစ်ဆေးရုံ ဖောင်ကြီးမှ ပါတဂူများ စတင်ထွက်ခွာ

Covid-19 ကုသရေး ရှေ့တန်းဆေးရုံ ဖောင်ကြီး
ပထမ အသုတ် တိုက်ပွဲဝင်ကြမည့်
ဆေးမှူးပါရဂူများပါဝင်သော
တပ်မတော်ဆေးတပ်ဖွဲ့စတင်ထွက်ခွါကြပါပြီ။
Myanmar Army Medical Corps for COVID-19 Designated Hospital (Phaung Gyi)


COVID – 19 ဖောင်ကြီးယာယီဆေးရုံသို့ ရောက်ရှိလာမည့် ဆေးရုံကြီးကြပ်ရေးကော်မတီတွင် ဗိုလ်မှူးကြီးအဆင့်ရှိသည့် ဆရာဝန်ပါရဂူတစ်ဦး၊ ဆေးရုံအုပ်ချုပ်မှု စီမံခန့်ခွဲမှုကော်မတီတွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသည့် ဆရာဝန်ပါရဂူတစ်ဦး၊ ဆေးရုံအုပ်ချုပ်မှုကော်မတီထိန်းချုပ်ကုသရေးတွင် ဒုတိယ ဗိုလ်မှူးကြီးအဆင့်ရှိသည့် ဆရာဝန်ပါရဂူတစ်ဦးတို့ ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ဆေးကုသရေးပိုင်းအတွက် (၄၀)ဦးကိုအဖွဲ့နှစ်ဖွဲ့
စီစဉ်ထားသည်ဟု သိရှိရပြီး
အလှည့်ကျတာဝန်ထမ်းဆောင်မှာဖြစ်ပါသည်။
လူ ၄၀ကို ဖွဲ့စည်းထားတာကတော့ ပါရဂူ ၁၂ ဦး၊ ဆေးမှူးဆရာဝန် ၁၀ဦး၊ အထက်တန်း သူနာပြု ၁၄ဦး၊ ဓါတ်ခွဲကျွမ်းကျင် ၂ ဦး၊ ဓါတ်မှန် ကျွမ်းကျင် ၂ ဦး စုစုပေါင်း ၄၀ ဦး ဖြစ်သည်ဟု သိရှိရပါသည်။

ယခုလိုမထွက်ခွါမှီယခင်ရှေ့ရက်များကဖြင့်ကြိုတင်လေ့ကျင့်ပြင်ဆင်မူများနှင့်တာဝန်ခွဲဝေချထားမူများသေချာပြင်ဆင်ခဲ့ကြပါသည်။

Covid-19 ကာကွယ်ရေးအတွက်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှပညာရှင်များနှင့်အတူတပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့များအတူတကွညီညွတ်စွာပူးပေါင်းကြရင်းရောဂါကုသခြင်းနှင့်ပြန့်ပွါးမူများထိန်းချုပ်ကျဆင်းခြင်းတို့ကိုစွမ်းစွမ်းတမံဆောင်ရွက်နိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်း အရပ်ဘက်နှင့်တပ်ဆေးဝန်ထမ်းများအားလေးစားဦးညွတ်ဂါရဝပြုအပ်ပါသည်။

ဒေါက်တာသန့်ဇော်လွင်
(၁၉-၄-၂၀၂၀)

Tags:

Add a Comment

Your email address will not be published. Required fields are marked *