ပိုးရှိလူနာနှင့်ထိတွေ့ခဲ့သည့် ရန်ကုန်ဆေးရုံကြီးမှ ခွဲစိတ်ဆရာဝန်
|ပိုးရှိလူနာနှင့်ထိတွေ့ခဲ့သည့် ရန်ကုန်ဆေးရုံကြီးမှ
ခွဲစိတ်ဆရာဝန်တွင် Covid-19 တွေ့၊ ၎င်းမှတစ်ဆင့် ထပ်မံထိတွေ့သည့် ဇနီးသည်အပါအဝင် တာချီလိတ် မြို ့ဆေးရုံမှ ဆရာဝန် / သူနာပြု / ကျန်းမာရေး ဝန်ထမ်းများအား Quarantine ပြုလုပ်ထား
လုပ်ဖော်ကိုင်ဖက်များအား ဇနီးဖြစ်သူ သားဖွားမီးယပ်
အထူးကု ဆရာဝန်မကြီးမှ တောင်းပန်ရေးသား
Covid-19 ရောဂါပိုးရှိ လူနာအမှတ်စဉ် ၄၇၊ ဒေါ် # # # နှင့်ထိတွေ့ခဲ့သည့် ရန်ကုန်ဆေးရုံကြီးမှ ခွဲစိတ်အ ထူးကုဆရာဝန်တွင် Covid-19ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့သလို အဆိုပါခွဲစိတ်ဆရာဝန်မှတစ်ဆင့် ထပ်မံ
ထိတွေ့ခဲ့သည့် ဆရာဝန်၊ သူနာပြုနှင့် အထွေထွေ
လုပ်သားတို့ကို Quarantine ပြုလုပ်ထားကြောင်း သိရသည်။
ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးမှခွဲစိတ်အထူး ကုဆရာဝန် ဒေါက်တာစိုင်း# # သည် ရန်ကုန်တွင်
ရှိနေစဉ် Covid-19 အတည်ပြုလူနာတစ်ဦးဖြစ်သည့်
တောင်ဥက္ကလာမြို ့နယ်တွင်နေထိုင်သူလူနာအမှတ် စဉ် ၄၇ နှင့် ဧပြီ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ တစ် နေ့လျှင် ၂ နာရီခန့် ၃ ရက် ဆက်တိုက် ထိတွေ့မှုရှိခဲ့သည်ဟု သိရသည်။
ဧပြီ ၁၈ ရက်နေ့တွင်မူ အဆိုပါခွဲစိတ်ဆရာဝန်တွင်
Covid-19 ရှိနေပြီး လူနာအမှတ်စဉ် ၉၆ အဖြစ် အ
တည်ပြုခဲ့ကြသည်ဟုလည်း သိရသည်။
ရန်ကုန်ဆေးရုံကြီးမှ ခွဲစိတ်ဆရာဝန်သည် ၎င်း၌ Covid-19 အတည်မပြုနိုင်ခင် မိသားစုနှင့်တွေ့ဆုံရန်
အတွက် တာချီလိတ်မြို့သို့ ဧပြီ ၆ ရက်ကလေယာဉ်
ခရီးစဉ်ဖြင့် ရောက်ရှိခဲ့သည်ဟု သိရှိရသည်။
၎င်းမှာ တာချီလိတ်ပြည်သူ့ဆေးရုံမှ ဇနီးဖြစ်သူ သားဖွားမီးယပ်အထူးကုဆရာဝန်ဒေါက်တာ # # # #
နှင့်နေ့စဉ်အတူရှိခဲ့ပြီး၊ ဆေးရုံအုပ်ဖြစ်သူဒေါက်တာ
# # နှင့်လည်း အလုပ်ကိစ္စများ ဆွေးနွေးခဲ့သည်ဟု
သိရသည်။
ထို့အတူ တာချီလိတ်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်(ဆေးပညာ)ဒေါက်တာ # # # ၊ အထူးကုဆရာဝန်(ကလေး)ဒေါက်တာ # # # တို့နှင့်လည်း အလုပ်ကိစ္စများကို ဆေးရုံအုပ်၏ နေအိမ်တွင် ဆွေး
နွေးခဲ့သေးကြောင်း သိရှိရသည်။
ဒေါက်တာ # # # သည် တာချီလိတ်ပြည်သူ့ဆေးရုံရှိ Ventilator ကို မေ့ဆေးအထူးကုဆရာဝန်၊ လက်
ထောက်ဆရာဝန်(၂)ဦး၊ ကျန်းမာရေးဝန်ထမ်း(၂)ဦး
နှင့်အတူကြည့်ရှုခဲ့ပြီး ဆရာဝန်နှင့်သူနာပြုများအပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၃ ဦးနှင့်လည်း ထမင်းအတူစားခဲ့ကြောင်း သိရသည်။
ဒေါက်တာ # # # သည် ရန်ကုန်မြို့တွင်ရှိနေစဉ် ပိုးရှိလူနာနှင့်နီးကပ်စွာ အတူရှိခဲ့ကြောင်းပေါ်ပေါက်
သဖြင့် ၎င်းနှင့်အတူ ဇနီးဖြစ်သူအား Home Quarantine ဆောင်ရွက်ရန်နှင့် Nasal Swab ယူပြီး အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာနပို့ရန် ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ညွှန်ကြားခဲ့ခြင်း
ဖြစ်သည်။
ထို့အတူ ၎င်းနှင့်ထိတွေ့ခဲ့သူများဖြစ်သည့် ဒေါက်တာ# # # # (အထူးကုဆရာဝန်-မေ့ဆေး)၊ ဒေါက်တာ # # (လက်ထောက်ဆရာဝန်) ၊ ဒေါက်တာ
# # # (လက်ထောက်ဆရာဝန်)၊ ဒေါက်တာ # # # (လက်ထောက်ဆရာဝန်)၊ ဒေါက်တာ # # # # # (လက်ထောက်ဆရာဝန်)၊ ဒေါက်တာ # # #
(လက်ထောက်ဆရာဝန်)၊ဒေါ် # # # (အထက်
တန်းသူနာပြု)၊ ဒေါ် # # # # (အထက်တန်းသူနာ
ပြု) ဒေါ် # # # (အထက်တန်းသူနာပြု)၊ ဦး # # (သူနာပြု)၊ ဒေါ်# # # # (သူနာပြု)၊ ဒေါ် # # # (သူနာပြု)၊ ကို # # (အထွေထွေလုပ်သား)တို့အား Home Quarantine ပြုလုပ်ရန် တာဝန်ရှိသူများက
ညွှန်ကြားထားကြောင်း သိရသည်။
တာချီလိတ်ဆေးရုံမှ လုပ်ဖော်ကိုင်ဖက်များ Home Quarantine ခံယူရခြင်းနှင့်ပတ်သက်၍လည်း ခွဲစိတ်
ဆရာဝန် လူနာအမှတ် ၉၆ ၏ ဇနီးဖြစ်သူ သားဖွားဆရာဝန်မကြီးက အောက်ပါအတိုင်းရေးသားတောင်း
ပန်ထားသည်ဟု သိရှိရသည်။
Case-96 ခွဲစိတ်ဆရာဝန်၏ အမျိုးသမီးဖြစ်သူ
သားဖွားမီးယပ်ဆရာဝန်မကြီး ရေးသည့်စာ
————————————————-
ကျွန်မ quarantine မနေ့က စဝင်ရပါတယ်။
ဖြစ်စဉ်ကဒီလိုပါ။ ကျွန်မရဲ့အမျိုးသားက ၃ ရက်နေ့မှာ ရန်ကုန်က သူ့အမျိုးတယောက် မူးလို့ဆိုပြီး လှမ်း
ခေါ်တော့ သွားကြည့်ပေးမိပါတယ်။
အဖျားလည်းမရှိတော့ သူက covid 19 ကို သံသယ မဝင်မိပါဘူး။ အမျိုးသားက ရန်ကုန်ဆေးရုံကြီး ခွဲစိပ်
ဆောင်မှာ အဖွဲ့လေးဖွဲ့ခွဲပြီး တလှည့်စီ ဂျူတီယူကြ
တော့ သူက အရင်ယူလိုက်ပြီး ပိတ်ရက်နဲ့လည်း
ဆက်နေတော့ ကျမဆီ ၆ရက်နေ့က ပြန်လာပါတယ်။
သူပြန်ရောက်ပြီး သုံးရက်လောက်ကြာတော့ သူ
ကြည့်ပေးခဲ့တဲ့အမျိုးက covid 19 positive caseနဲ့ ထိတွေ့မိခဲ့ကြောင်းသိလိုက်ရပါတယ်။
ကျမအမျိုးသားက သူ့ကိုလည်းသွားစစ်ခိုင်းပြီး
သူကိုယ်တိုင်လည်း social distancing နဲ့ self quarantine လုပ်ပြီး အခန်းထဲပဲ နေပါတော့တယ်။ ဆေးရုံအုပ်ကိုလည်း အကြောင်းကြားပါတယ်။
ဒီမတိုင်ခင်မှာ ကျမတို့လင်မယားက ဆေးရုံအုပ်၊
အထူးကုတွေ၊ လက်ထောက်ဆရာဝန်တွေနဲ့ သူနာပြုတချို့ အပါအဝင် ထိတွေ့မှုရှိခဲ့ပါတယ်။ ဆေးရုံ isolation ward ကိစ္စဆွေးနွေးတာတို့ ထမင်းအတူစားတာတို့လုပ်ခဲ့တာပါ။
၁၃ ရက်နေ့ညက သူကြည့်ပေးခဲ့တဲ့အမျိုးက positive ထွက်ပါတယ်။ သိသိချင်း သက်ဆိုင်ရာကိုအကြောင်း ကြားကြပါတယ်။ ကျမဆေးခန်းကတော့ သင်္ကြန်အတွင်းပိတ်ထားတော့ တော်ပါသေးတယ်။ ဒီ မတိုင်ခင် ကလည်း လူနာကြည့်ရင် ကိုယ့်ဟာကို asymtomatic carrier ဖြစ်နိုင်တယ် သဘောထားပြီး precaution ယူပြီး ကြည့်တာပါ။
ဒီနေ့တော့ nasal and throat swab ( နှာခေါင်းနှင့်လည်ချောင်း တို့ဖတ်)ယူပြီးပါပြီ။ အဖြေကတော့
နောက်သုံးရက်လောက်မှ သိရမှာပါ။
ကျမတို့နှစ်ယောက်လုံး အရမ်းစိတ်မကောင်းဖြစ်နေ
ကြပါတယ်။ ကိုယ့်ကြောင့် သူများထိမှာ စိတ်ပူနေကြတယ်။ ခုတောင် ကိုယ့်ကြောင့် လုပ်ဖော်ကိုင်ဖက်
တွေ အလုပ်ကိုင်ပျက် (quarantine ထိကုန်ပြီး)ဒုက္ခ ရောက်ကြရတာ စိတ်မကောင်းဖြစ်ပြီး လိုက်တောင်း ပန်နေမိတယ်။
အကယ်၍ Positive ဖြစ်ခဲ့ရင် ရောဂါကို ကြောက်တာထက် အနီးနားက လူတွေ ထိတ်လန့်မှာ ၊ ဟိုးလေးတကြော်ကြော်နဲ့ victum blaming လုပ်ကြမှာကို
လည်း မခံစားနိုင်ပါဘူး။ (အဲတာအစား ကိုယ့်ဟာကို တိတ်တိတ်လေးသာ သေလိုက်ချင်စိတ်ပေါက်မိပါ
တယ်)
အကယ်၍ Positive ဖြစ်ခဲ့ရင်လည်း Isolation ward duty ယူလိုက်မယ်စိတ်ကူးထားပါတယ်။(နေကောင်း နေရင်ပေါ့လေ) ။ မကောင်းရင်လည်း ventilator
တော့ အတင်မခံဘူးလို့ဆုံးဖြတ်ထားပါတယ်။ (သူများ ထိမှာစိုးလို့ပါ)
စိတ်ပူပြီး ဖုန်းနဲ့တမျိုး messanger နဲ့တဖုံ အားပေးကြတဲ့ ချစ်မိတ်ဆွေအပေါင်းကိုလည်း အထူးကျေးဇူးတင် ပါတယ်။ အားပေးစကားများကြောင့် စိတ်နွေးထွေးရပါတယ်။ အထူးသဖြင့် ဒီဆေးရုံက လူတွေပါ။ ဆေးရုံအုပ်ကြီးဇနီးမောင်နံကစလို့အထူးကုများ ၊ဆရာဝန်၊သူနာပြု ၊အလုပ်သမား၊ဓာတ်ခွဲဌာနကဝန် ထမ်းများ အားလုံးပါ။ အားလုံးက မိသားစုစိတ်ဓာတ် အပြည့်နဲ့ ဝိုင်းဝန်းပြီး လုပ်စရာရှိတာလုပ်ပေးကြ အားပေးကြနဲ့ စိတ်အားတက်ရပါတယ်။ မိတ်ဆွေ
စစ်တွေပါပဲ။
အတွေးအမျိုးမျိုးနဲ့ အိပ်မပျော်လို့ ရေးလိုက်တာပါ။
သေခြင်းတရားက လက်တကမ်းမှာပဲဆိုတာ သတိ
ပေးလိုက်သလိုပါပဲ။ လောကမှာ ဘာက အရေးကြီး
ပြီး ဘာကိုတန်ဖိုးထားရမယ်ဆိုတာကို သိလိုက်ရပါတယ်။
မိတ်ဆွေအားလုံးနဲ့တကွ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့ ကပ်ရောဂါဆိုးဘေးမှ ကင်းဝေးပြီး ကျန်းမာကြပါစေ။
The Ladies News