ကိုရိုနာဗိုင်းရပ်စ်အတွက် အကောင်းဆုံးဆေးကဘာလဲ
|လက်ရှိ ကိုဗစ် ကို အမြန်သက်သာစေတဲ့ ဆေး ဆိုပြီး နိုင်ငံကြီးတွေက ပရိုမိုးရှင်းဝင်နေတဲ့ အဓိက ဆေး၃ မျိုးပါရှိတယ်။
(၁) ပွဲဦးထွက် နာမည်ကြီး တရုတ်ကတောင် အမေရိကန်တွေက ဆီကဆေးလှမ်းတောင်းရတဲ့ Remdesivir ဆိုတဲ့ ဆေး သူက အီဘိုလာ အတွက် အဓိက ထုတ်ထားပြီး ဆေးလည်းရ အီဘိုလာလည်း ပျောက်ဆိုတော့ ပွဲတွေ့ အကြီးအကျယ် မစမ်းလိုက်ရဘူး။
(၂) Avigan ဆိုတဲ့ ၂၀၁၄ ကတည်းက RNA အမျိုးအစား တုပ်ကွေးအတွက် ထုတ်ထားတဲ့ ဖလူဆေး ဟောင်း ဖူဂျီ ကုမ္ပဏီ က ထုတ် ပြီး
ဂျပန် ကအကြီးအကျယ်ကြေငြာတယ် အလကားလည်းပေးမယ် ပြောတယ် တရုတ်မှာလည်း သုံးခဲ့ပြီး ထိုင်းမှာတော့ ရှေ့တန်း ဆေးအနေနဲ့ သုံးနေတယ် ပွဲတွေ့တကယ်စွမ်းတဲ့ဆေးလို့ တရုတ်ရော ထိုင်းရောက ထောက်ခံထားတယ်
ကိုရီးယားကတော့မကြိုက်ပါဘူး။ ကိုဗစ် ကလည်း RNA ဗိုင်းရပ်စ် Avigan ကလည်း RNA ကို သီးသန့် ချေမှုန်းဖို့ ထုတ်ထားတဲ့ဆေးဆိုတော့ နည်းနည်းတော့ အဆင်ပြေတဲ့ပုံရှိတယ် အဓိက အားသာချက်က ဘေးထွက်ဆိုးကျိုး နည်းတယ်။
(၃) ကတော့ သုတေသန ရလဒ် မထွက်ခင် ထရမ့် ကိုယ်တိုင် စင်ပေါ် ကောက်တင်လိုက်တဲ့ ကလိုရိုကွင်းလို့ခေါ်တဲ့ ဂန္တဝင် ငှက်ဖျားဆေး ဂန္တဝင် တို့ ထုံးစံအတိုင်း ဆေးခါးကြီး ဘေးထွက်ဆိုးကျိုးများတယ်။ သောက်ဖူးသူတွေသိကြပါတယ်အမေရိကန် ဆေးစတိုထဲမှာဆေးလုံးရေ သန်းချီပြီးရှိတယ် လိုအပ်ရင် အိန္ဒိယကိုပါထုတ်ပေးဖို့ပြောထားတယ် ပြင်သစ် သုတေသန နဲ့ တရုတ် သုတေသန ရလဒ်တွေ ကတော့ အလကား ဘေးထွက်ဆိုးကျိုးကြောင့် ဆေးအတွက်ပိုလေး တဲ့ဆေးတဲ့။
ပြောချင်တာလာပါပြီ
ပြောချင်တာ မနေ့က Remdesivir ကို သုတေသန လုပ်နေတဲ့ ချီကာဂို တက္ကသိုလ်က ဆရာဝန်က ဆေးအရမ်းကောင်းတယ် လူတရာကျော်ကုတာ လူနာ ၂ယောက်ပဲသေတယ် ပြောပြီး မကြာဘူး ချီကာဂိုတက္ကသိုလ်က သုတေသန ရလဒ် တပိုင်းတစ နဲ့ မပြောသင့်ကြောင်း control group လည်း မရှိတဲ့အတွက် ဒီဆေး တကယ် ထိရောက်မှုရှိမရှိ သက်သေပြရခက်ကြောင်းပြန်ပိတ်ပါတယ် ဒါပေမဲ့ စီအင်အင်ခေါင်းကြီးပိုင်းကတော့ အမေရိကန်ထုတ်ဆေးကိုပါးပါးလေးကြေငြာပေးလိုက်ပါတယ်
ဒါဆို တကယ်ကောင်းမကောင်းဘယ်လိုသိလဲ?
စိတ်မပူ ပါနဲ့ ဒီဆေးထုတ်တဲ့ Gilead ကုမ္ပဏီ ကိုယ်တိုင် ရောဂါစဖြစ်ကတည်းက ပြင်းထန်ကိုဗစ်လူနာ ၂၄၀၀ အလယ်အလတ် ပြင်းထန် လူနာ ၁၆၀၀ ခန့်ကို ကမ္ဘာတဝှမ်း စမ်းသပ်နေတာ ဒီလကုန်ဆို ရလဒ်တွေ ထုတ်ပြန်ပေးပါမယ်တဲ့။
အီဘိုလာ မှာ အစွမ်းမပြလိုက်ရပေမဲ့ ဆားစ် တို့ မားစ့် တို့ တုန်းက တိရစ္ဆာန်တွေ မှာ ထိရောက်စွာ အစွမ်းပြခဲ့တဲ့ Remdesivir ဆေး ကိုဗစ် မှာ အခြေအနေ ဘယ်လိုရှိမလဲ ဆိုတာ ရင်ခုန်စွာ နဲ့ စောင့်မျော်ကြပါ။ တကယ်စွမ်းရင်တော့ ထရမ့် တို့ ထီပေါက်ပြီပဲ။
မြန်မာက အဲဒီဆေးတွေလိုချင်ရင် ဂျပန် သံရုံး နဲ့ အမေရိကန် သံရုံးကို ကြိုဘိုကင်တင်ထားမှရမယ်။ ငှက်ဖျားဆေးကတော့ ဘီပီအိုင်ကမှာရပါတယ်။ ဈေးကွက်ထဲမှာတော့ ကုန်ပါပြီတဲ့။
ဘန်ကောက်မှ ဒေါက်တာ ဉာဏ်