ရွှေမီးမီး ရွှေမီးမီးနဲ့ နာမည်ကြီးနေတဲ့ အရုပ် ကလေးတွေကို ဘာနဲ့ စီရင်ထားသလဲ ဆိုတော့
|ရွှေမီးမီး ရွှေမီးမီးနဲ့ နာမည်ကြီးနေတဲ့ အရုပ် ကလေးတွေက ဘာနဲ့ စီရင်ထားသလဲ ဆိုတော့ ကလေးဝိညာဉ်တွေနဲ့ အသက်သွင်းစီရင်ထားတာပါပဲ။မိန်းကလေး ဝိညာဉ် – ယောက်ျားလေးဝိညာဉ် ကြိုက်သလို ချုပ်နှောင်အသက်သွင်းလို့ရတယ်။
ပြောရ ရင် သေသွားတဲ့လူတွေရဲ့ ဝိညာဉ်ကို နောင်ဘဝမကူးပြောင်းနိုင်အောင် အရုပ်ကို ကြားခံနယ်သုံးပြီး နှစ်ပေါင်းများစွာ ချုပ်နှောင်ထားမယ်။ ကိုယ်ကျိုးစီးပွားအတွက် အလိုရှိသလို ခိုင်းစားမယ်။ ဒါပါပဲ။ သာမာန် နတ်ရုပ်ကလေး ထုပြီး စင်ပေါ ်တင်ထားရတဲ့ ကိစ္စ မဟုတ်ပါဘူး။
အဲဒီကလေးသရဲရုပ်ကလေးတွေကို လူအတိုင်း ချစ်ခင်ကြင်နာလေလေ အစွမ်းရှိလေလေပါပဲတဲ့။ အကြားအမြင်ရသလို အစွမ်းကနေ အလိုရှိရာ ခိုင်းစေလို့ရပါသတဲ့။
အပြစ်မဲ့တဲ့ ဝိညာဉ်တစ်ခုကို နှစ်ပေါင်းများစွာ ချုပ်နှောင်ပြီး ကိုယ်ကျိုးအတွက် ခိုင်းစားတဲ့ လုပ်ရပ်က ဘယ်လောက် ငရဲကြီးနိုင်မလဲ စဉ်းစားကြည့်ပေါ့။
အခုတောင် အရုပ်ပိုင်ရှင်က အရုပ်ကလေး ပြလိုက် live လွှင့်လိုက် ရွှေမီးမီးနတ် ဝင်တယ် ဆိုပြီး အော်ဂလီဆန်စရာ ဆိုက်ကို ဖောက်ပြလိုက်နဲ့ လုပ်စားနေတာ ကျက်သရေရှိတယ် လို့ ကို မထင်မိတာပါ။
လူဆိုတာ ဘာသာရေးမှာ ကိုယ် အမည်ခံကိုးကွယ်ရာဘာသာအလိုက် ဘယ်လောက်ရွတ်ဖတ်ပုဇော် ကျင့်ကြံနေပါစေ စိတ်နှလုံးယုတ်မာရင် စိတ်နှလုံးယုတ်မာတဲ့စိတ်နဲ့ လုပ်တဲ့လုပ်ရပ်ရှိရင် မကောင်းဆိုးဝါးပါပဲ။
ပဌာန်းတွေ ပရိတ်တွေ မည်သို့ပင် ရွတ်ဖတ်ပြနေစေကာမူ ကလေးသရဲဝိညာဉ်ကို ဖမ်းချုပ်ခိုင်းစားတဲ့ အကြားအမြင်ဆရာမ မျိုးကို ယုံကြည်သင့်မယုံကြည်သင့် စဉ်းစားကြပါလေ။
P.S. အဲလို ရွှေမီးမီး အရုပ်ဆိုတာလေးတွေ လုပ်ဖို့အတွက် ထိုင်းနိုင်ငံအပါအဝင် အရှေ့တောင်အာရှ က အယူသီးတဲ့ ဒေသတွေမှာ ကလေးတွေကို သတ်ဖြတ်ယစ်ပူဇော်တာနဲ့ ကိုယ်ဝန်သည်တွေကို သတ်ဖြတ်တဲ့ ရာဇဝတ်မှု တွေပါ ဖြစ်ပွားလျက်ရှိပါတယ်။
မူရင်းရေးသားသူ https://m.facebook.com/story.php?story_fbid=1510449519115295&id=100004507832374