ရည်းစားနှင့် ချိန်းထားလို့ စောင့်နေတဲ့ မိန်းကလေးကို အကြိမ်ကြိမ် သားမယားပြုကျင့်မှုဖြစ်ပွား

အမှုဖြစ်စဉ်မှာ ၁၆.၄.၂၀၂၀ ရက်နေ့လည် ၁၂ နာရီ ၁၅ မိနစ်အချိန် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့မရဲစခန်းတွင် ဒုရဲမှူးစိုးမြင့်တာဝန်ထမ်းဆောင်နေစဉ် မ…….(၂၉)နှစ်၊ ကျပန်းလုပ်၊ (၂တန်း)………ဝန်း၊ ……..ရပ်ကွက်၊ ဇလွန်မြို့နေသူက၎င်းသည် ၁၄.၄.၂၀၂၀ ရက် ည ၈ နာရီအချိန်နေအိမ်တွင်ရှိနေစဉ် ……ကျေးရွာအုပ်စု၊ …….ကျေးရွာနေ တရားလို၎င်း၏အမေတူအဖေကွဲညီမတော်သူမ…..(၁၅)နှစ်၊ (၇)တန်းကျောင်းသူ၊ အ.ထ.က၊……အုပ်စု ၊……ရွာ၊ ဇလွန်မြို့နယ်နေသူသည် ညပိုင်းအချိန်နေအိမ်မှထွက်ကာပျောက်ဆုံးနေကြောင်း အတူနေအမအရင်းတော်စပ်သူ မ…..က လာရောက်တိုင်ကြားကြောင်းဆယ်အိမ်မှူးဖြစ်သူ ဦးဝင်းနိုင်က တရားလိုထံဖုန်းဆက်သွယ်ပြောကြားသောကြောင့် တရားလိုက….ကျေးရွာသို့ပြန်လာပြီးလိုက်လံစုံစမ်းရာ ၁၅.၄.၂၀၂၀ ရက်နံနက် ၅နာရီအချိန်ခန့်က ညီမဖြစ်သူမ…..(၁၅)နှစ်သည်….ကျေးရွာအတွင်းရှိ ဦးမြသိန်းဌေး၏ဝါးခြံထဲတွင်တစ်ဦးထဲတွေ့ရှိရကြောင်းဦးမြသိန်းဌေးကတရားလိုထံလာရောက်ပြောဆိုသဖြင့်တရားလိုကမ…..ကိုနေအိမ်သို့ပြန်လည်ခေါ်ဆောင်လာကာ နေအိမ်အရောက်တွင်မ…..ကိုအကျိုးအကြောင်းမေးမြန်းခဲ့ရာ ပြန်လည်မဖြေဘဲငိုယိုနေသောကြောင့်မမေးတော့ဘဲ ၁၅.၄.၂၀၂၀ ရက်နေ့လည် ၂ နာရီအချိန်ကျမှ ထပ်မံချော့မော့မေးမြန်းရာ မ….က ၁၄.၄.၂၀၂၀ ရက် ည ရ နာရီအချိန်ခန့်က ၎င်း၏ရည်းစားဖြစ်သူမောင်ဖြိုးကြွယ်နှင့် ချိန်းတွေ့ရန်နေအိမ်ကထွက်လာကာကျေးရွာသချိုင်းကုန်းအနီ းဦးမြသိန်းဌေး၏လယ်ကွက်ထဲရောက်ချိန် မောင်ဖြိုးကြွယ်ကိုမတွေ့ရှိရသဖြင့်တစ်ဦးထဲစောင့်နေစဉ် တစ်ရွာထဲနေ သန်းထိုက်နိုင်(၂၅)နှစ်၊ ကျဘမ်းလုပ်သူရောက်ရှိလာကာ ဘယ်သူ့ကိုစောင့်နေတာလည်းဟုမေးခဲ့ရာ မ…ကရည်းစားဖြိုးကြွယ်ကိုချိန်းထားကြောင်းပြောရာသန်းထိုက်နိုင်က၎င်းဖုန်းဆက်သွယ်ပေးမည်ဟုပြောပြီး ဖုန်းဆက်ခဲ့ရာဖုန်းဆက်သွယ်မရသဖြင့် သန်းထိုက်နိုင်ကငါပါကူစောင့်ပေးမည်ဟုပြောပြီး ဦးမြသိန်းဌေး၏ လူမနေသောဝါးခြံထဲအရောက်ခေါ်သွားကာ အလိုမတူဘဲသားမယားအဖြစ် (၁)ကြိမ်လျင်၅မိနစ်ခန့် (၄)ကြိမ်ပြုကျင့်ကာ ပြန်သွားခဲ့ကြောင်းသိရှိရသဖြင့် အသက်မပြည့်သောညီမဖြစ်သူကိုအလိုမတူပဲသားမယားပြုကျင့်သူ သန်းထိုက်နိုင်ကိုဖမ်းဆီးအပြစ်ပေးအရေးယူပေးပါရန်တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ဇလွန်ရဲစခန်း(ပ)၇၈၄/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆အရအမှုဖွင့်ကာအမှုစစ်ဒုရဲမှုးစိုးမြင့်က အခင်းဖြစ်စစ်ဆေးခြင်း၊ သက်သေခံပစ္စည်းတစ်ချို့သိမ်းဆည်းခြင်း၊ မှတ်တမ်းပုံရိုက်ကူးခြင်း၊ ကျူးလွန်သူ သန်းထိုက်နိုင်ကိုအမှုနှင့် ဖမ်းဆီးကာ အသေးစိပ်စစ်ဆေးနေကြောင်းနှင့် ဥပဒေအရတရားစွဲဆိုမည်ဖြစ်ကြောင်းသိရသည်။

အောင်ကျော်ကျော်(ဇလွန်မြို့)S .H

Add a Comment

Your email address will not be published. Required fields are marked *