လတ်တလော လူပြောများနေတဲ့ တရုတ်ကာကွယ်ဆေးအကြောင်း

တရုတ်နိုင်ငံမှာ ကိုဗစ် ၁၉ ကာကွယ်ဆေး ၃မျိုးကို စမ်းသပ်ကုသမှုတွေပြုလုပ်ဖို့အတွက် ခွင့်ပြုလိုက်တယ် လို့ တရုတ်နိုင်ငံ သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန MOST က ဧပြီ ၁၄ ရက်နေ့ မှာ တရားဝင်ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ကိုဗစ် ၁၉ ကာကွယ်ဆေး ၃မျိုးကို စမ်းသပ်ကုသမှုတွေပြုလုပ်ဖို့အတွက် ခွင့်ပြုလိုက်တယ် လို့ တရုတ်နိုင်ငံ သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန MOST က ဧပြီ ၁၄ ရက်နေ့ မှာ တရားဝင်ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ဒီကာကွယ်ဆေးကို ပထမအဆင့်လူတွေနဲ့ စမ်းသပ်မှုအဟာ မတ်လကုန်မှာ ပြီးဆုံးခဲ့ပြီး ဒုတိယအဆင့် လူတွေနဲ့ စမ်းသပ်မှုကိုတော့ ဧပြီလ ၁၂ရက်နေ့မှာ ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။ ဒီဆေးဟာ ဒုတိယအဆင့် လက်တွေ့စမ်းသပ်မှုကို ပြုလုပ်နေတဲ့ ပထမဆုံး ကာကွယ်ဆေးဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဆိုပါတယ်။

ဝူဟန်မြို့က အသက် ၈၄နှစ်အရွယ် Xiong Zhengxing ဆိုတဲ့အဘိုးအိုကို ဧပြီ ၁၃ ရက်နေ့က ဒီကာကွယ်ဆေးကို ထိုးပေးခဲ့တာကြောင့် သူဟာ ဒုတိယအဆင့် ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုမှာ အသက်အကြီးဆုံးစေတနာ့ဝန်ထမ်းဖြစ်လာခဲ့ပါတယ်။ ဒုတိယအဆင့်ဟာ ပထမအဆင့် နဲ့ ဘာကွာသွားသလဲဆိုတော့ ပထမအဆင့်တုန်းက ငယ်ရွယ်ကျန်းမာသူတွေကိုသာခွင့်ပြုခဲ့တာပါ။ ဒုတိယအဆင့်မှာတော့ အသက်ကန့်သတ်ချက်ကို ဖယ်ရှားလိုက်တဲ့အတွက် စမ်းသပ်ခံတဲ့ စေတနာ့ဝန်ထမ်းတွေထဲမှာ အသက် ၆၀ကျော် အရွယ်တွေ ပါဝင်လာခဲ့ပါတယ်။

အသက်ကြီးသူတွေကို ပါဝင်စေရခြင်းကတော့ ကိုဗစ်နိုင်တင်းလူနာတွေထဲမှာ အသက်ကြီးသူအများစုပါဝင်ပြီး ဖျားနာခြင်းကို အပြင်းအထန်ခံစားရတာကြောင့် ကာကွယ်ဆေးဟာ သူတို့အတွက်လည်း လုံခြုံမှုရှိအောင် စီမံရမယ်လို့ ဗိုလ်ချုပ်ကြီး Chen Wei က ဆိုပါတယ်။

ပြုပြင်ထားတဲ့ မပြည့်မ၀ adenovirus ကို vector အဖြစ်ရယူလိုက်ခြင်းအားဖြင့် ကာကွယ်ဆေးက ကိုရိုနာဗိုင်းရပ်စ်ဆူးချွန်ပရိုတင်းတွေရဲ့ ဗီဇကို သယ်ဆောင်လာပေးပါတယ်။ receptor တခုဆီ ကနေ ကျူးကျော်ဆဲလ်တွေဆီကို ချိတ်ဆက်ဖို့ အဓိကမျက်နှာပြင်ပရိုတင်းကို ဒီဗိုင်းရပ်စ်ဟာ အသုံးပြုပါတယ်။ ဒါကြောင့် ဒီကာကွယ်ဆေးဟာ လူရဲ့ခန္ဓာကိုယ်ကနေ ဗိုင်းရပ်စ်ကို ကာကွယ်နိုင်( ရောဂါပြီးစေ) တဲ့ မှတ်ဉာဏ် ပရိုတင်းကို ထုတ်လုပ်ပေးပါလိမ့်မယ်။ တကယ်လို့ ကာကွယ်ဆေးထိုးပြီးသူကို ကိုရိုနာဗိုင်းရပ်စ်ဝင်တဲ့အခါ ခန္ဓာကိုယ်ဟာ ဆူးချွန်ပရိုတင်းကို သိရှိမှတ်မိပြီး ဗိုင်းရပ်စ်ဝင်ရောက်ခြင်းကို ရပ်တန့်စေလိမ့်မယ်လို့ ဗိုလ်ချုပ်ကြီး Chen Wei က ဆိုပါတယ်။

မတ်လ ၂၇ ရက်နေ့မှာ ပထမအဆင့်ကို စမ်းသပ်ရာမှာ စေတနာ့ဝန်ထမ်းပေါင်း ၁၀၈ယောက် ပါဝင်ခဲ့ပြီး ဆေးဘက်ဆိုင်ရာ အခြေအနေကောင်းတွေရရှိခဲ့တယ်လို့ သိရပါတယ်။ ယခု ဒုတိယအဆင့်မှာတော့ စေတနာ့ဝန်ထမ်းပေါင်း ၅၀၀ ပါဝင်ပြီး စမ်းသပ်မှာဖြစ်ပြီး ဧပြီ ၁၃ရက်နေ့မှာ စေတနာ့ဝန်ထမ်းပေါင်း ၂၇၃ယောက်ကို ကာကွယ်ဆေးစမ်းသပ်ထိုးသွင်းမှုပြုလုပ်ခဲ့ကာ ကာကွယ်ဆေးရဲ့ ခံနိုင်ရည်နှင့်လုံခြုံမှုကိုထပ်မံအကဲဖြတ်ဖို့ စတင်နေပြီဖြစ်ပါတယ်။

နောက်ခွင့်ပြုခြင်းခံရတဲ့ ကာကွယ်ဆေး တမျိုးကိုတော့ တရုတ်အမျိုးသားဆေးဝါးသုတေသနအဖွဲ့ Sinopharm ရဲ့လက်အောက်မှာရှိတဲ့ ဝူဟန်ဇီဝထုတ်ကုန် အင်စတီကျူ နဲ့ ဝူဟန် Virology အင်စတီကျူတို့ ပူးပေါင်းကာ စမ်းသပ်ဖော်ထုတ်နေတာဖြစ်ပါတယ်။ ဒီကာကွယ်ဆေးကိုတော့ ဧပြီလ ၁၂ရက်နေ့မှာ ဆေးဘက်ဆိုင်ရာ စမ်းသပ်ဖို့ ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

 

အခြား ကာကွယ်ဆေးတမျိုးကိုတော့ ဘေဂျင်းအခြေစိုက် Sinovac သုတေသနနှင့် ဖွင့်ဖြိုးမှုကုမ္ပဏီကနေ သုတေသနပြုနေတာဖြစ်ပြီး ဧပြီ ၁၃ရက်နေ့မှာ ဒီကာကွယ်ဆေးကို စမ်းသပ်ဖို့ခွင့်ပြုတဲ့စာရင်းမှာ ထပ်မံထည့်သွင်းလိုက်တာဖြစ်ပါတယ်။

လက်ရှိအချိန် ကမ္ဘာပေါ်က နိုင်ငံအသီးသီးမှာရှိတဲ့ ဆေးဝါး နဲ့ သိပ္ပံပညာရှင်တွေဟာ ကာကွယ်ဆေးအမျိုးပေါင်း ၇၀ ခန့်ကို စမ်းသပ်သုတေသနပြုလုပ်လျက်ရှိပါတယ်။ အမေရိကန်က ကာကွယ်ဆေးတခုဟာလည်း လူနဲ့ စမ်းသပ်ထိုးသွင်းတဲ့ ပထမအဆင့်ကို ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒုတိယအဆင့် အောင်မြင်ပြီး တတိယအဆင့် Phase 3 မှာဆိုရင်တော့ လူပေါင်း ၃၀၀၀ ခန့်နဲ့ စမ်းသပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။ တတိယအဆင့် အောင်မြင်ပြီးရင်တော့ တရားဝင် ကာကွယ်ဆေးအဖြစ် လူတွေကြားထဲရောက်ရှိလာတော့မှာဖြစ်ပါတယ်။

ကာကွယ်ဆေးအတွက် မျှော်လင့်ချက်ဟာ တဖြည်းဖြည်းတော့ နီးလာပါပြီ။ ဆက်ပြီး စည်းကမ်းလိုက်နာနေထိုင်ရင်း သီးခံကြပါဦးလို့

Ref: Xinhua News : China approves three COVID-19 vaccines for clinical trials

Add a Comment

Your email address will not be published. Required fields are marked *