တစ်ကယ်လို့များ ခင်ဗျားသာ သံသယလူနာဖြစ်ခဲ့ရင်


ခင်ဗျားအိမ်ရှေ့ကို PPE ဝတ်စုံပြည့်ဝတ်ထားတဲ့ လူသုံးလေးယောက်က အရေးပေါ်ကားအော်သံနဲ့အတူရောက်လာမယ်။ သူ့နောက်မှာ ယူနီဖောင်းဝတ်ထားတဲ့ရဲတွေ ပါလာမယ်။ မီးသတ်တွေကော ရပ်ကွက်လူကြီး စတာတွေပေါ့။ အဲ့နောက် ဘယ်သူသံသယလဲဆိုတာ မေးပြီး ခင်ဗျားအပြင် ခင်ဗျားတို့ တစ်မိသားစုလုံးကို အစစ်အဆေးမရှိ။ ခေါ်သွားကြလိမ့်မယ်။ပြီးရင် ခင်ဗျားတို့အိမ်ကို lock down ချကြမယ်။ ခင်ဗျားသားသမီးတွေ ခင်ဗျားမိဘအဖိုးအဖွားတွေ ။ ခင်ဗျားမောင်နှမသားချင်းတွေ။အရွယ်မရောက်လူမမယ်တွေ အသက်ကြီးလွန်းနေတာတွေ ဒါတွေကို စာနာငဲ့ညှာနေမှာမဟုတ်ဘူး။

ခင်ဗျားတို့ကိုသယ်ဆောင်နေတဲ့အချိန်မှာ ခင်ဗျားတို့ခြေရင်းခေါင်းရင်း ခင်ဗျားတို့လမ်းမှာရှိတဲ့သူတွေထွက်ကြည့်ကြလိမ့်မယ်။ခင်ဗျားတို့ကားကဘေးကဖြတ်သွားတဲ့အခါ သူတို့အိမ်ထဲဝင်ပြေးကြလိမ့်မယ်။ ဒီမြင်ကွင်းကိုခင်ဗျားတို့နာနာကျင်ကျင်ကြည့်နေရလိမ့်မယ်။ ခင်ဗျားတို့ ကားမြို့နယ်ကထွက်တာနဲ့ လူတွေ ဘုရားဘုရားတကြလိမ့်အုန်းမယ်။ ခင်ဗျားတို့ဆေးရုံရောက်ပါပြီတဲ့။ မိသားစုလိုက်အခန်းထဲထားမယ်ထင် လား။ ထားခဲ့ပါစေအုန်း။ တစ်ယောက်နဲ့တစ်ယောက် လှမ်းခေါ်ကြားရုံ အကွာအဝေးမှာပဲထားကြလိမ့်မယ်။ ခင်ဗျားသားသမီးငိုနေတာ ခင်ဗျားချော့ခွင့်မရဘုး။ ညအိပ်တေးဆိုပြီး နဖူးလေးစမ်းခွင့်ခင်ဗျားမရတော့ဘူး။ မြင်သာမြင် နာနာကျင်ကျင်ကြည့်နေရမယ့် ခင်ဗျားဘဝရဲ့နာကျင်မူက အစပဲရှိလိမ့်အူန်းမယ်။

အဲ့လိုရက်မျိုးခင်ဗျား အရင်နှစ်ပတ် အခုသုံးပတ်တိတိနေရတော့မယ်။ အဲ့အတွင်း ခင်ဗျားတို့ပုံမှန်အဖျားလာတိုင်းမယ်။ ဘယ်အချိန်မှာ မကောင်းဆိုးဝါးနိုးထလာမလဲဆိုတဲ့ စိတ်နဲ့ ခင်ဗျားဆီကိုလုံခြုံမူ့အပြည့်နဲ့လာတိုင်းကြလိမ့်မယ်။ တစ်ပတ်လောက်ကြာရင် ခင်ဗျားနှာခေါင်းထဲကိုဂွမ်းထည့်ပြီး ဆေးစစ်ချက်ယူကြလိမ့်မယ်။သြော်ဂွမ်းထည့်တယ်ဆိုလို့ ပြောရအူန်းမယ်။အဲ့နှာခေါင်းထဲထည့်တဲ့ဂွမ်းတံဟာ အာခေါင်ထိတောင်ရောက်နိုင်တယ်။အဲ့ခံစားမူကိုသိချင်ရင် နဖာကလော်တံဂွမ်းချောင်းလေးပဲဝင်သလောက်ထည့်ကြည့်ပါအုန်း။ ခင်ဗျားခံနိုင်ရည်ရှိတယ်ဟုတ်။
ဟုတ်တာပေါ့။ ခင်ဗျားက အံခဲခံနိုင်ပေမယ့် နုနယ်တဲ့ခင်ဗျား သားသမီး ကလေးသူငယ်တွေနဲ့ ခင်ဗျားမိဘဘိုးဘွားတွေ ခံနိုင်ကြပါ့မလား။
ခင်ဗျားတွေးကြည့်လေ။ အဲ့အချိန်မှာ ခင်ဗျားရင်ထဲ ခင်ဗျား မိဘတွေရင်ထဲ ခင်ဗျားမောင်နှမတွေရင်ထဲ ခင်ဗျားသားသမီးတွေရင်ထဲ ဘာတွေဖြစ်နေမလဲ။ ခင်ဗျားဟာ ချမ်းသားကြွယ်ဝပြီး အလယ်လတ်တန်းစားဆို ပြသနာမရှိပေမယ့် သာမာန်လက်လုပ်လက်စား အိမ်ငှားရမ်းနေရတဲ့ဘ ဝ ကြွေးမှီတွေ နေ့ပြန်တိုးတွေ နဲ့ဘဝဆို ခင်ဗျားအမျိုးသမီးရဲ့ သက်ပျင်းချသံဟာ ဆေးရုံခန်းထဲ ပလူပျံအောင်ကြားနေရလိမ့်အုန်းမယ်။
သံသယလူနာဖြစ်တဲ့ ခင်ဗျားတို့ကံကောင်းပါစေလို့မျော်လင့်ပါတယ်။

တစ်ကယ်လို့များ ခင်ဗျားတို့မိသားစု positive တွေ့ပါပြီတဲ့။ အရင်ဆုံး ခင်ဗျားတို့ကို ဒီ့ထပ်မကဝေးအောင်ခွဲထားကြလိမ့်အုန်းမယ်။ ထိတွေ့ခွင့်ဆုံးရှုံးနေရတဲ့ကြားက မြင်တွေ့ခွင့်တွေပါ ခင်ဗျားဆုံးရှုံးရလိမ့်မယ်။ ခင်ဗျားတို့လမ်း lock downချခံရမယ်။ ဘေးပတ်ဝန်းကျင်က ခင်ဗျားတို့ကိုဝမ်းမြောက်စွာဆုတောင်းမယ်ထင်သလား။ သူတို့စားဝတ်နေရေး ဂုဏ်သိက္ခါတွေအတွက် အခက်ခဲကြူံတိုင်း ခင်ဗျားတို့ကို ကျိတ်ဆဲဆဲကြလိမ့်မယ်။
ဒင်းကြောင့် ငါတို့ပါဒုက်ခရောက်ရပြီဆိုပြီးတော့ပေါ့။ ပိုးတွေ့လူနာစာရင်းဝင်တာနဲ့ ခင်ဗျားပျော်ရွှင်ရယ်မောပြီးစနောက်ပျော်ရွှင်ခဲ့ရတဲ့ မိသားစု ပတ်ဝန်းကျင် အပေါင်းအသင်းကြားမှာ ခင်ဗျားဟာ ညတိုင်းခြောက်တဲ့ တစ္ဆေတစ်ကောင်ဖြစ်သွားပြီ။သူတို့တင်မက ပတ်ဝန်းကျင်ရပ်ကွက် စတာတွေကို ခင်ဗျားခြောက်လှန့်နိုင်စွမ်းရှိခဲ့ပြီ။ ခင်ဗျားအလုပ်ရှင်က အလုပ်ထုတ်မယ်။ ခင်ဗျားအိမ်ရှင်က နှင်ချမယ်။ ခင်ဗျားမိသားစုနဲ့ ခွဲနေရမယ်။
ခင်ဗျားစားချင်တာရှိတဲ့အခါ ခင်ဗျားအခန်းဝမှာ ထမင်းထုတ်ချပြီး အဝေးရောက်မှ ထမင်းလာပို့တာပါလို့ အော်ကြလိမ့်မယ်။ ခင်ဗျားဝမ်းသာအားရနဲ့
ထမင်းထုတ်ဆီလှမ်းနိုင်မယ်လို့တော့မထင်ပါဘူး။ ခင်ဗျားတို့မိသားစုဝင်တွေက တွေ့ချင်တဲ့အခါ ဆယ်ပေဆယ့်ငါးပေအကွာကနေ ဒါမှမဟုတ် အလုံပိတ်မှန်ကာထားတဲ့နောက်ကွယ်ကနေခင်ဗျားကိုကြည့်ရလိမ့်မယ်။ ခင်ဗျားလဲ ပြန်ကြည့်နေရလိမ့်မယ်။ ခင်ဗျားလက်လေးကိုင်ဖို့ နဖူးလေးစမ်းဖို့ဆိုတာဝေး ခင်ဗျားဘာပြောလဲဆိုတာတောင်ကြားဖို့မနည်းနားထောင်ရလိမ့်မယ်။ ခင်ဗျားချောင်းတွေဆိုးလာပြီ။ ကိုယ်ပူချိန်တက်လာပြီ။ အသက်ရှုကျပ်လာပြီဆိုရင်တော့ ခင်ဗျားပါးစပ်ထဲ ကနေ အဆုပ်ထဲကိုအောက်ဆီဂျင်သွင်းဖို့ ပိုက်တွေထိုးထည့်ကြလိမ့်မယ်။ ခင်ဗျားကို မေ့ဆေး သို့ အိပ်ဆေးပေးထားလိမ့်မယ်။ ဆေးရှိန်ပြယ်ခါနီးလေ ထပ်ပေးလေလုပ်ကြလိမ့်မယ်။ ဒါဟာ လည်ချောင်းထဲအောက်ဆီဂျင်ပိုက်ကြောင့် နေရခက်နေမယ့်ခင်ဗျားအတွက် ဆရာဝန်တွေရဲ့ စေတနာပါ။ သို့ပေမယ့် ခင်ဗျားအပြင်လောကနဲ့ အမြင်အာရုံစပြီးအဆက်အသွယ်ပြတ်သွားပြီလေ။ ဆေးရုံ အထူးခန်း ကုတင်ပေါ်မှာ
အောက်ဆီဂျင်ပြွန်တပ်ပြီး ပက်လက်ကလေးမလူပ်မယှက်ငြိမ်သက်နေတဲ့ခဗျားကို မိသားစုဝင်တွေတွေ့အခါ သူတို့မျက်ရည်ဖြိုင်ဖြိုင်ကျလာလိမ့်မယ်။
ခင်ဗျားကို ပြုစုယုယခွင့်မပြောနဲ့။ မျက်နှာလေးတောင်ငုံ့ကြည့်ခွင့်မရနိုင်တော့ဘူး။ သူတို့အမှားတွေ သူတို့ကျူးလွန်ခဲ့တာတွေရှိရင် မှန်တံခါးအပြင်ဘက်ကနေ တောင်ပန်းတိုးလျိုးပြီးကန်တော့ကြလိမ့်မယ်။ ခင်ဗျားကတော့ မသိနိုင်တော့ဘုး။ ပြန်နိုးထမလားမထမလားမသေချာတော့တဲ့ လမ်းဆုံလမ်းခွမှာ
ခင်ဗျားဟာ ရှင်လျက်နဲ့ နူတ်ဆက်ခဲ့ရပြီ။ ခင်ဗျားဘာမှမကြားခဲ့ရခင် မိဘအတွက် မိသားစုအတွက် ခင်ဗျားပေါ်ကောင်းခဲ့တဲ့ လူသားတစ်ချို့အတွက်ဘာမှမလုပ်ပေးနိငင်ခင်မှာ ခင်ဗျားကိုယ်တိုင်မသိခြင်းတွေနဲ့ ခင်ဗျားအိပ်ပျော်နေရလိမ့်မယ်။ ပြန်နိုးထတယ်မနိုးထဘူးဆိုတာ ခင်ဗျားရှင်ခြင်းသေခြင်းရဲ့အဆုံးအဖြတ်တောင်ဖြစ်စေနိုင်ပါတယ်။ မတော်လို့ ခင်ဗျားမနိုးထနိုင်ခဲ့ဘူးဆိုရင် လူသုံးယောက်လောက်နဲ့ ခင်ဗျားကိုနေ့ချင်းပြီးမီးရှို့ကြလိမ့်မယ်။
ခင်ဗျားအသုဘကို ဘယ်သူမှလာခွင့်ပြုကြမယ်မဟုတ်ဘူး။ ခင်ဗျားမသိနိုင်တော့ပါဘူးဒါတွေကို။ တစ်ခါတစ်ရံ ခင်ဗျားရဲ့မဆင်ခြင်မူ ဂရုမစိုက်မူတွေက
ရင်နင့်စရာ ဒဏ္ဏာရီတွေကို မွေးဖွားစေခဲ့လိမ့်မယ်။ ခင်ဗျားရယ်ကောင်းရယ်နေလိမ့်မယ်။ ဒါတွေဟာ ပုံပြင်တွေဖြစ်ပါစေလို့ ကျနော် ဆုတောင်းပါတယ်။
Writer By – မိုးဒေဝါ

Add a Comment

Your email address will not be published. Required fields are marked *