ထိုင်းနိုင်ငံတွင် covid-19 အတွက် ပစ္စည်းအတုများရောင်းချနေသည့် တရုတ်များကို ဖမ်းဆီး

၂၀၂၀ ခုနှစ် Apr 8 ရက်တွင် လက်ထောက်ကော်မရှင်နာရဲမင်းကြီးဒုတိယဗိုလ်ချုပ်ကြီး Permpun Chitchob ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်အရ COVID-19 စမ်းသပ်ကိရိယာများ၊မျက်နှာဖုံးများနှင့်သာမိုမီတာများကို အတုပြုလုပ်ကာ ရောင်းချနေသော ဈေးကွက်များအား တာဝန်ရှိအဖွဲ့အစည်းများဖြစ်သည့် စားသုံးသူကာကွယ်ရေးပြည်သူ့ရဲဌာန (CPPD) နှင့် စားနပ်ရိက္ခာနှင့်ဆေးဝါးစီမံခန့်ခွဲမှုဌာန (FDA) မှ တာဝန်ရှိသူများသည် ရှာဖွေစစ်ဆေးဖေါ်ထုတ်ခဲ့ကြပါသည်

ဖမ်းမိသော သက်သေခံပစ္စည်းများတွင် COVID-19 Test အတု ၄၅,၀၀၀ ကျော်၊ အနီအောက်ရောင်ခြည်သုံးသာမိုမီတာ ၁၂၀၀ နှင့် မျက်နှာဖုံး Mask များပါဝင်သည်။

ထိုပစ္စည်းများကို ဘန်ကောက်နှင့် အနီးအနားရှိခရိုင်များတွင် ခွင့်ပြုချက်မရှိဘဲရောင်းချခဲ့ကြပြီး တန်ဖိုးမှာ ဘတ် ၃၃ သန်းအထက်ဖြစ်သည်

COVID-19 စမ်းသပ်ကိရိယာများမှောင်ခိုရောင်းဝယ်နေကြောင်း သတင်းအရ ဘန်ကောက်ရှိ ၎င်းတို့၏နေအိမ်၌ရှာဖွေ ဖေါ်ထုတ်ဖမ်းဆီးခံရသူများမှာ တရုတ်လူမျိုး Chen Lei နှင့် Wein Pinpin တို့ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။

အဆိုးရွားဆုံးအချက်မှာ ထိုပစ္စည်းအတုများမှာ စစ်ဆေးတိုင်း Negative ပြနေစေမည့်ပစ္စည်းများဖြစ်နေခြင်းပင်ဖြစ်သည်။

မြန်မာပြည်ထဲကို ဘယ်လောက်ဝင်သွားပြီလဲ ဆိုတာဘယ်သူသိနိုင်မလဲ ။

Add a Comment

Your email address will not be published. Required fields are marked *