အခြေခံလူတန်းစားများ အစိုးရထောက်ပံ့ကြေးရရန် ငွေ ၅၀၀ ပေးရပီး ဝေစုအပြည့်အဝမရသဖြင့် ပြည်သူတစ်ဦးရင်ဖွင့် ရုပ်သံ
|ကိုဗစ်ကြောင့် စက်ရုံအလုပ်ရုံများ ရပ်နားလိုက်သလို သင်္ကြန်ကာလ ရုံးပိတ်ရက် အလုပ်ပိတ်ကြသဖြင့် အခြေခံလူတန်းစား လက်လုပ် လက်စားတို့ဘဝ စားဝတ်နေရေး အခက်အခဲမရှိစေရန် နိုင်ငံတော်အစိုးရမှ ဆန်ဆီဆားပဲကြက်သွန်တို့ထောက်ပံ့ ပေးသော်လည်း အခြေခံလူတန်းစားတို့ မရခြင်း၊ ဝေစုအပြည့်အဝမရခြင်း ဝေစုရရှိရန်အတွက် စရိတ်စကဟုဆိုကာ ငွေ500ကာက်ခံနေခြင်း တို့မှာ အွန်လိုင်းပေါ်တွင် မကြားချင်မှအဆုံး မြင်တွေ့နေရပါတယ်။ အစိုးရတာဝန်ရှိသူများအနေဖြင့် ပြည့်သူအသံကိုနားထောင်ပြီး စီစစ်အရေးယူဖို့လိုနေပါပီ။ အခုလို အထွေထွေကျပ်တည်းနေချိန်မှာ အခုလို လက်သင့်ရာပေးဝေနေမှုကြောင့် အခြေခံလူတန်းစားတို့ မကျေနပ်မှုများ ကြီးမားလာပြီး ပြသနာများဖြစ်လာနိုင်ပါသည်။ တစ်ဖက်က တာဝန်ရှိသူ တို့အနေဖြင့်လည်း အခုလိုအခက်တွေ့နေချိန်မှာ ပြည်သူတို့ဘဝကို စာနာဖို့ မှန်ကန်စွာဆောင်ရွက်ဖို့လိုပါတယ်။ တစ်ချို့သော ကျေးရွာရပ်ကွက်များမှာလည်း အထက်က အခုတစ်မျိုးစာရင်းကောက်ခိုင်း စာရင်းတင်ပြလာတော့ စာရင်းလျှော့ခိုင်းတာတွေဖြစ်လာပြန်ပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှုး တို့မှာလည်း အမျိုးမျိုးခေါင်းခြောက်ရပြန်ပါတယ်။ အစိုးရအနေဖြင့်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ကိုင်ရသော အခုလို အလုပ်မျိုးမှာ တိကျသေခြာတဲ့ လမ်းညွှန်မှု့များ ချမှတ်ဖို့လိုပါတယ်။ အခုတော့ ပြည်သူတွေအချင်းချင်းကြားမှာ နားလည်းမှုလွဲတာတွေ မယုံကြည်မှုတွေ မုန်းတရားတွေဖြစ်ပေါ်လာနေတာကို အထက်လူကြီးများ သိရှိပီး အမြန်ဆုံးဖြေရှင်းဖို့ လိုနေပီဖြစ်ပါကြောင်း စေတနာဖြင့် တိုက်တွန်းလိုက်ပါသည်။
ကိုဗစ်ကြောင့် စက်ရုံအလုပ်ရုံများ ရပ်နားလိုက်သလို သင်္ကြန်ကာလ ရုံးပိတ်ရက် အလုပ်ပိတ်ကြသဖြင့် အခြေခံလူတန်းစား လက်လုပ် လက်စားတို့ဘဝ စားဝတ်နေရေး အခက်အခဲမရှိစေရန် နိုင်ငံတော်အစိုးရမှ ဆန်ဆီဆားပဲကြက်သွန်တို့ထောက်ပံ့ ပေးသော်လည်း အခြေခံလူတန်းစားတို့ မရခြင်း၊ ဝေစုအပြည့်အဝမရခြင်း ဝေစုရရှိရန်အတွက် စရိတ်စကဟုဆိုကာ ငွေ500ကောက်ခံနေခြင်း တို့မှာ အွန်လိုင်းပေါ်တွင် မကြားချင်မှအဆုံး မြင်တွေ့နေရပါတယ်။ အစိုးရတာဝန်ရှိသူများ အနေဖြင့် ပြည့်သူအသံကိုနားထောင်ပီး စီစစ်အရေးယူဖို့လိုနေပါပီ။ အခုလို အထွေထွေကျပ်တည်းနေချိန်မှာ အခုလို လက်သင့်ရာပေးဝေနေမှုကြောင့် အခြေခံလူတန်းစားတို့ မကျေနပ်မှုများ ကြီးမားလာပြီး ပြသနာများဖြစ်လာနိုင်ပါသည်။ တစ်ဖက်က တာဝန်ရှိသူ တို့အနေဖြင့်လည်း အခုလိုအခက်တွေ့နေချိန်မှာ ပြည်သူတို့ဘဝကို စာနာဖို့ မှန်ကန်စွာဆောင်ရွက်ဖို့လိုပါတယ်။ တစ်ချို့သော ကျေးရွာရပ်ကွက်များမှာလည်း အထက်က အခုတစ်မျိုးစာရင်းကောက်ခိုင်း စာရင်းတင်ပြလာတော့ စာရင်းလျှော့ခိုင်းတာတွေဖြစ်လာပြန်ပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှုးတို့မှာလည်း အမျိုးမျိုးခေါင်းခြောက်ရပြန်ပါတယ်။ အစိုးရအနေဖြင့်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ကိုင်ရသော အခုလို အလုပ်မျိုးမှာ တိကျသေခြာတဲ့ လမ်းညွှန်မှု့များ ချမှတ်ဖို့လိုပါတယ်။
သတင်း – ApannPyay