မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း နေရာ ငါးနေရာမှာ မီး ပတ်ရှို့သူကို ဒေသခံများက ဝိုင်းဝန်းဖမ်းဆီး

“ရပ်ကွက်ထဲမှာနေလာတာ ကြာပီ ဒီကလေး လုံးဝမရူးဘူးဟု” ဆို…
ဧပြီ (၁၂) မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက်အတွင်း နေရာငါးနေရာမှာ မီးရှို့ခဲ့သူကို ဒေသခံများက ဝိုင်းဝန်း ဖမ်းပေးပြီး နယ်မြေရဲစခန်းကို အမှုဖွင့်လှစ်ရန်ဆောင်ရွက်ပေးနိုင််ရန်အပ်နှံခဲ့ပါတယ်။
နေရာငါးနေရာကို မီးရှို့သူကို နယ်မြေရဲစခန်းက စစ်ဆေးမှုများဆောင်ရွက်ကာ ဥပဒေအရ အမှုဖွင့် အရေးယူရန် ဆောင်ရွက်နေပြီး သက်သေခံပစ္စည်းများရှာဖွေသိမ်းဆည်းခဲ့ပါတယ်။
ငါးနေရာမီးရှို့ခဲ့သူကို အိမ်ရှင်သုံးဦးက အမှုဖွင့်ပေးရန် သက်သေအထောက်အထားများနဲ့ တိုင်တန်းလာခဲ့တာကြောင့်(ပ)၁၁၉/၂၀၂၀ ။ဥပဒေပုဒ်မ ၄၃၆ နဲ့ ပြည်ကြီးတံခွန်မြို့နယ်ရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားပါတယ် ။

သတင်း – အလင်းမြေ

Add a Comment

Your email address will not be published. Required fields are marked *