ထိုင်းမှာထဲက ရောဂါရှိကြောင်း သိလာတဲ့ ထိုင်းပြန်လူနာ ကိုလူလိမ်ကြောင့် ကျိုက်မရောဆေးရုံက ဆရာဝန်တွေ Q ထိကုန်ပါပြီ

Case-27 ကျိုက်မရော ဆေးရုံက Positive လူနာက အရင် ထိုင်းမှာ စစ်ကတည်းကResultက Positive ထွက်ပြီးသား ခိုးပြီးပြန်လာတာတဲ့ ။

ကျိုက်မရော ဆေးရုံကသူ့အတွက်နဲ့ Quarantineတွေလုပ်၊Swabတွေယူ၊တဆေးရုံလုံး အလုပ်တွေရှုပ် နဲ့ စောစောကတည်းက အမှန်ကို ပြောပြလိုက်ပေါ့။

အခုတော့ အကုန်လုံး နေရတာ စိတ်ထဲ မသန့် မသန့် နဲ့Covid-19ဟာOropharyngeal Swab မှာ ၁၄ရက် ကြာ ရှိသလိုAnal Swab မှာ ၂၈ရက် ထိ ကြာကြာ ရှိနေနိုင်ပါတယ်။

ဒါကြောင့် ကျွန်တော်ကတော့ Stay at Home
Self Q လုပ်ပါတော့မယ်…။

ပြည်တော်ပြန်များ ခင်ဗျား
ကျန်းမာရေး ဝန်ကြီးဌာနကသတင်းတွေကို နားထောင်ပါ။
ကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားချက်များအတိုင်း လိုက်နာပါ။

ကျွန်တော့်အမေက ကျွန်တော့်ကို ပြောဖူးတယ် ဘာလဲ ဆိုတော့”မရှိတာထက်မသိတာပိုခက်တယ်”တဲ့ ။

ပြည်တော်ပြန်များ ခင်ဗျား
“အသိခေါက်ခက်အဝင်နက်တယ် မလုပ်ကြပါနဲ့”

ကျန်းမာရေး ဝန်ထမ်းများအားလုံးကိုကူညီပါ၊ရိုင်းပင်းပါ၊ဝိုင်းဝန်းကြပါ

လက်ဆေးပါ
Mask တပ်ပါ
Stay at Home..

မလိမ်ပါနဲ့၊မညာကြပါနဲ့ ခင်ဗျာ။

Dr Pyae Phyo Hlaing (ကျိုက်မရောဆေးရုံ)

Add a Comment

Your email address will not be published. Required fields are marked *