ကိုဗစ်-19 က ဆံပင်မှာလဲ ကပ်နေတတ်တယ်လို့ သိပြီးတဲ့နောက်မှာ ရန်ကုန် ခုတင် ၅၀၀ အထူးကု ဆေးရုံကြီးရဲ့ အထူးကြပ်မတ်ကုသဆောင် ICU မှ သူနာပြုတွေ ကတုံး တုံး

အမျိုးသမီးတစ်ယောက် ခေါင်းရိတ်ဘို့ ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အမျိုးသမီးတို့ဘုဉ်း ဆံထုံး လို့တောင် ဆိုကြတယ် မဟုတ်ပါလား။

ဒါကို ဂရုမထားနိုင်ဘဲ COVID-19 က ဆံပင်မှာလဲ ကပ်နေတတ်တယ်လို့ သိပြီးတဲ့နောက်မှာ ရန်ကုန် ခုတင် ၅၀၀ အထူးကု ဆေးရုံကြီးရဲ့ အထူးကြပ်မတ်ကုသဆောင် ICU မှ သူနာပြုတွေ ခေါင်းရိတ်လိုက်ကြတာကို မြင်ရတော့ မလေးစားဘဲ မနေနိုင်ပါပြီ။

သူတို့ရဲ့ Sister ကိုယ်တိုင်က စပြီး ရိတ်တာ တဲ့။ ICU Sister နဲ့ မတွေ့ရပေမဲ့ Cheast Medical Ward Sister ပြောပြလို့ သိရတာ။ အပျိုလေး တွေနော်။
သူတို့ ဘယ်မှာ သွားရိတ်ကြတာလဲ မေးတော့ သူနာပြုဆောင်မှာ အချင်းချင်းဘဲ ရိတ်ပေးနေကြတာ တဲ့။ ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ယောက် ကတုံးနဲ့ နေတာ မဆန်းပေမဲ့ သူနာပြုတွေထည်း Christian တွေ ပါတယ်နော်။ Sister ကိုယ်တိုင် Christian မို့

Very Very Respect ပါ။

Photo From Chinese

Crd – Ye Naing

 

Add a Comment

Your email address will not be published. Required fields are marked *