(14)ရက်စောင့်ကြည့်ခံပြည်သူများကို ရဲတစ်ယောက်ဖျော်ဖြေပေးနေတဲ့ ရုပ်သံ

ကပ်ရောဂါ စောင့်ကြည့်ခံပြည်သူတွေကို သီဆိုဖျော်ဖြေနေတဲ့ ရဲတပ်သားတစ်ဦး

ပြည်မြို့က ကပ်ရောဂါ ကြိုတင်ကာကွယ်မှုစောင့်ကြည့်ရေးစခန်းတခုဖြစ်တဲ့ သူနာပြုသင်တန်းကျောင်းမှာ ဧပြီလ ၉ရက်နေ့ညပိုင်းက ပြည်မြို့နယ်ဂီတပညာရှင်များအစည်းအရုံးက သီချင်းတွေနဲ့ လာရောက်ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

အခုလို စောင့်ကြည့်ရေးစခန်းမှ စောင့်ကြည့်ခံပြည်သူတွေအတွက် ပြည်သူ့ရဲတပ်သားတစ်ဦးမှလည်း ပါဝင်ဖျော်ဖြေခဲ့တာကိုတွေ့ရပါတယ်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့အခြားနိုင်ငံတွေမှာလည်း ကပ်ရောဂါ ဖြစ်ပွားနေချိန် ပြည်သူတွေ စိုးရိမ်သောကတွေ ပြေပျောက်ဖို့ ရဲတပ်ဖွဲ့ဝင်တွေက အခုလို သီဆိုဖျော်ဖြေတာတွေ၊ ကပြတင်ဆက်မှုတွေပြုလုပ်ခဲ့ကြပါတယ်။
ပြည်မြို့မှာ ကပ်ရောဂါ ကြိုတင်ကာကွယ်မှုစောင့်ကြည့်ရေးစခန်းလေးခုကို မတ်လ ၂ရရက်က ဖွင့်လှစ်ထားရှိပြီး စောင့်ကြည့်စခန်းဖြစ်တဲ့ လယ်ဘဲ့အထကကိုတော့ စောင့်ကြည့်ရက် ၁၄ရက်ပြည့်သွားပြီဖြစ်လို့ ပိတ်သိမ်းလိုက်ပါပြီ။ ပြီးခဲ့တဲ့ရက်တွေကလည်း အဲဒီစောင့်ကြည့်စခန်းတွေမှာ လူရွှင်တော်အသင်း၊ ရင်ခွင်ဦးတေးဂီတအဖွဲ့တို့က အခုလိုပဲ လာရောက်သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

ဗွီဒီယိုမူရင်း – အလင်းမြေ

 

Add a Comment

Your email address will not be published. Required fields are marked *