မင်းရာဇာအိမ်က အိမ်အကူမိန်းကလေး အတွက် ဆေးကုသစရိတ်တွေ ကိုယ်တိုင်သွားရောက် လှူဒါန်းပေး ခဲ့တဲ့ ဇာဇာထက်

သရုပ်ဆောင် မင်းရာဇာရဲ့ အိမ်တွင်းရေးပြဿနာအရှုပ်အရှင်းတွေကို ပရိသတ်ကြီးလည်း သိပြီးသား ဖြစ်မှာပါ။ ဒီအမှုကိစ္စနဲ့ ပက်သတ်ပြီး ဘယ်ဟာက အမှန်တရားလဲဆိုတာကို သေသေ ချာချာမသိရသေးပေမယ့် ပရိသတ်တွေကတော့ အသက်မပြည့်သေးတဲ့ အိမ်အကူကောင်မလေးကို သနားဂရုဏာဖြစ်နေကြတာ ဖြစ်ပါတယ်။ သရုပ်ဆောင်နဲ့ မော်ဒယ် ဇာဇာထက်ကလည်း အိမ်အကူမိန်းကလေး ဆေးကုသနေတဲ့ ဆေးရုံထိလိုက်ပြီး အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း အခုလို ပြောပြထားပါတယ်။

“ကျွန်မ အစအဆုံးမသိတဲ့ အတွင်းရေးမို့မည်သူ့ကိုမှမဝန်းရံနိုင်ပါ။ တစ်နေ့ပေါ်လာမဲ့အမှန်တ ရားကိုပဲ မျှော်လင့်ပါတယ်။ ခလေးမလေးကို လူသားချင်းစာနာစိတ်နဲ့ တတ်နိုင်သလောက်လေး သူငယ်ချင်းတွေနဲ့လှူတဲ့ငွေနဲ့ပေါင်းပြီး စုစုပေါင်း(၃၅၀၀၀၀) သွားလှူခဲ့တယ်။ ”

“ကလေးမလေးမိဘနဲ့ ရိုက်ထားတဲ့ပုံတောင် Ethic ထားပြီးမတင်ပါ။ လှူချင်စိတ်ကလွဲရင် ဓာတ်ပုံရိုက်ချင်စိတ်မရှိတာကြောင့် အပူရုပ်ဟန်လုပ်နေတဲ့ မိဘတွေနဲ့ အလှူငွေပေးတဲ့ ပုံဓာတ် ပုံမတင်ဖြစ်ရင်လည်း နားလည်မယ်မျှော်လင့်ပါတယ်။
အခုတင်ထားတဲ့စာရင်းမှာ လှူထားတဲ့ သူတွေအားလုံးကလည်း လူသားချင်းစာနာ လို့ကူညီ တဲ့သူတွေဖြစ်တာနဲ့အညီ ဓာတ်ပုံမလိုလှူ ရရင်အဆင်ပြေတဲ့ချစ်စရာစိတ်တွေ ပိုင်ဆိုင်ထား တဲ့သူတွေကိုလဲ ကျေးဇူးတင်ပါတယ်။” ဆိုပြီး ပြောထားပါတယ်။
ဇာဇာထက်ကတော့ မင်းရာဇာတို့ အိမ်တွင်းရေးကိစ္စတွေကို အတွင်းကျကျမသိပေမယ့် လူသား ချင်းစာနာတဲ့စိတ်ထားနဲ့ အိမ်အကူမိန်းကလေးအတွက် ဆေးကုသစရိတ် ထောက် ပံ့ပေးခဲ့တာပဲ ဖြစ်ပါတယ်။ မိန်းကလေးလည်း ခံစားနေရတဲ့ ဝေဒနာတွေ အမြန်ဆုံးသက် သာပျောက်ကင်း ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Add a Comment

Your email address will not be published. Required fields are marked *