မြန်မာပြည်တော်ပြန်များကိုချက်ပြုပ်ကျွေးမွေးနေကြတဲ့ မယ်ဆိုင်မြို့ ဒွိုင်ဝေါင်းဘုန်းကြီးကျောင်းမှ သံဃာတော်များ
|တာချီလိတ်မြို့နယ်စပ်၊ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၊ ဒွိုင်ဝေါင်းဘုန်းတော်ကြီးကျောင်းတွင် မယ်ဆိုင်မြို့နယ်အုပ်ချုပ်ရေးရုံးအဖွဲ့မှ ယာယီစခန်းဖွင့်လှစ်၍
လက်ခံထိန်းသိမ်းစောင့်ရှောက်ထားသော ပြည်တော်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများ(၁၂၈)ဦးအတွက် မြန်မာတိုင်းရင်းသားများဖြင့်ဖွဲ့စည်းထားသော မယ်ဆိုင်မြို့အခြေစိုက် လူမှုဆက်ဆံရေး နာရေးကူညီမှုအသင်း-မယ်ဆိုင် အသင်းသူအသင်းသားများမှလည် ကူညီဆောင်ပေးလျှက်ရှိပါတယ်။
ပြည်တော်ပြန်တွေအတွက် စားသောက်ဖို့ သံဃာတော်များဝိုင်းဝန်း ကူညီနေကြပုံတွေကို အောက်တွင် ကြည့်ရှုနိုင်ပါတယ်။
ဓာတ်ပုံ – ဦးထွန်း(မယ်ဆိုင်)