မြစ်ကြီးနား၌ COVID-19ရောဂါအသိပညာပေးသည်ဟုဆိုကာ ရဟန်းအသွင်ဖြင့် သေမင်းသဏ္ဍာန် ပန်းချီရေးဆွဲသူ သုံးဦး အား အမှုဖွင့်အရေးယူ

No photo description available.

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့တွင် COVID-19ရောဂါအသိပညာပေးသည်ဟုဆိုကာ ရဟန်းအသွင်ဖြင့် သေမင်း
သဏ္ဍာန် ပန်းချီရေးဆွဲသူ အမျိုးသားနှစ်ဦးနှင့်အမျိုးသမီး
တစ်ဦးတို့အား ဧပြီ ၃ ရက်နေ့က အမှုဖွင့်အရေးယူခဲ့ကြောင်း
သိရသည်။

ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်၊ နယ်မြေ(၃)၊
မြစ်ကြီးနားဘူတာတိုက်တန်းရှိ MK မိုဘိုင်း ဖုန်းအရောင်းဆိုင်
၏ တိုက်နံရံတွင် COVID-19ရောဂါ အသိပညာပေးပန်းချီရေး
ဆွဲခြင်းခေါင်းစဉ်ဖြင့် ဗုဒ္ဓဘာသာရဟန်းအသွင်ဖြင့် ခန္ဓာကိုယ်
တွင် အရိုးခြောက်ဦးခေါင်းတပ်ဆင်ထားသည့် သေမင်းသဏ္ဍာန်
ရေးဆွဲထားခဲ့ရာ အဆိုပါရေးဆွဲထားမှုနှင့်ပတ်သက်၍ ပုံရေး
ဆွဲထားသူများဖြစ်သည့် နော်ထွန်းအောင်(၂၈)နှစ်(ကချင်
ဒေသန္တရသုတေသနအဖွဲ့-ဒါရိုက်တာ)၊လယ်ကုန်းရပ်ကွက်၊
မြစ်ကြီးနားမြို့၊ ဇေယျာနှောင်း(၃၀)နှစ်၊စီတာပူရပ်ကွက်၊မြစ်
ကြီးနားမြို့နေသူနှင့် မဂျာဆိုင်း(၃၁)နှစ်၊ယုဇနရပ်ကွက်၊မြစ်
ကြီးနားမြို့နေသူတို့အား ဧပြီ ၃ ရက် နေ့လည် ၁၁ နာရီက
သက်ဆိုင်ရာမှ ခေါ်ယူမေးမြန်းရာ ၎င်းတို့ရေးဆွဲထားသည်မှာ
မှန်ကန်ကြောင်းနှင့်မိမိတို့တာဝန်ယူကြောင်း ပြောဆိုခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်များ၏ကိုးကွယ်ရာဖြစ်
သော ဗုဒ္ဓသာသနာတော်အား တမင်ညှိုးနွမ်းအောင် ပြုလုပ်ရုံ
သာမက လက်ရှိဖြစ်ပွားနေသည့် COVID-19ရောဂါအား ဗုဒ္ဓ
ဘာသာ ဘုန်းတော်ကြီးများက ဖြန့်ဝေနေသည့် သဘော သက်
ရောက်ခြင်းကြောင့် ပြည်နယ်သာသနာရေးမှူးရုံးမှ ဒုတိယ
ညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင် က အရေးယူပေးပါရန်
မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ ညနေ ၃ နာရီ
၂၀ မိနစ်တွင် တွဲဘက်တရားသူကြီး-၂ ဦးဂွန်ဆန်က ရာဇသတ်
ကြီးအမှတ် ၃၄၁/၂၀၂၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း
သိရသည်။

Image may contain: one or more people, people standing and outdoor

Crd

Add a Comment

Your email address will not be published. Required fields are marked *