မြန်မာနိုင်ငံမှာ ၁၉၇၈ ခုနှစ်မှစတင်၍ ယခုအထိ ထိုးနှံခဲသောဘီစီဂျီကာကွယ်ဆေးက ကိုဗစ်ကိုတိုက်ဖျက်ဖို့အတွက် အစွမ်းထက်တဲ့လက်နက်တစ်ခု ဖြစ်ခဲ့သလား
|BCG vaccine a potential new tool to fight COVID-19’
ဘီစီဂျီကာကွယ်ဆေးက ကိုဗစ်ကိုတိုက်ဖျက်ဖို့အတွက် အစွမ်းထက်တဲ့လက်နက်တစ်ခု ဖြစ်ခဲ့သလား
ဒီလေ့လာချက်ကတော့ မတ် ၃၀ ရက်က ထုတ်ပြန်တဲ့ IANS/New York ဖြစ်ပါတယ်။အကျဉ်းချုပ်ကို တင်ပြရလျှင်…-TB ရောဂါကို ကာကွယ်နိုင်ရန်အတွက်ပေးသော BCG ဘီစီဂျီကာကွယ်ဆေးသည် ယခုဖြစ်ပွားနေသော ကိုဗစ်အတွက် အစွမ်းထက်သော လက်နက်တစ်ခုဖြစ်ကြောင်း တွေ့ရှိရ
-ဒီလေ့လာချက်ဟာ ကလေးငယ်ဘဝမှာ BCG ကာကွယ်ဆေးထိုးနှံခြင်း ခံခဲ့ရသူတွေမှာ ကိုဗစ်ဖြစ်ပွားမှုကို တိုင်းပြည်အမျိုးမျိုးရဲ့ ကာကွယ်ဆေးထိုးပေါ်လစီနှင့် နှိုင်းယှဉ်လေ့လာပြီး ပြောရခြင်းဖြစ်ပါတယ်။-BCG ကာကွယ်ဆေးထိုးခြင်းသည် ဦးနှောက်အမြှေးပါးရောင်တီဘီနှင့် အဆုတ်ပြင်းထန်တီဘီကို ကာကွယ်နိုင်သည်ဆိုသည့်အထောက်အထားရှိပြီးဖြစ်ပါသည်
-ထိုကာကွယ်ဆေးသည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများအတွက် ကျယ်ကျယ်ပြန်ပြန့်ကာကွယ်ပေးနိုင်စွမ်းရှိသည်ကို ရီပို့စ်လုပ်ထားသည်လည်း ရှိပါသည်။-ယခုသုတေသနတွင် တိုင်းပြည်အမျိုးမျိုး၏ BCG ထိုးနှံမှုပေါ်လစီနှင့် ကိုဗစ်ကြောင့်ဖြစ်ပွားသေဆုံးမှုများကို လေ့လာခဲ့ကြပါသည်။-တွေ့ရှိချက်အနေနဲ့ BCG ထိုးနှံခြင်းပေါ်လစီမရှိသောအီတလီ နယ်သာလန်နှင့် US တို့တွင် ရောဂါဖြစ်ပွား သေဆုံးမှု များပြားသည်ကိုတွေ့ရပါသည်
-အဆိုပါလေ့လာမှုကို New York Institute of Technology (NYIT) College of Osteopathic Medicine in the US က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။-US တွင် ဓာတ်ခွဲအတည်ပြုလူနာ ၁၄၂,၅၀၂ ဦးရှိပြီး ကမ္ဘာပေါ်တွင်အမြင့်ဆုံးဖြစ်ကြောင်း Johns Hopkins University’s Center for Systems Science & Engineering (CSSE) က ပြောထားပါသည်
-အီတလီသည်လည်း အဆိုးဝါးဆုံးတိုင်းပြည်များတွင် ပါဝင်ပြီး ကိုဗစ်ကြောင့် ၁၀, ၇၇၉ ဦး သေဆုံးပါသည်။-နောက်ဆုံးထွက်သောလေ့လာမှုတွင် BCG ထိုးနှံမှုနောက်ကျသော တိုင်းပြည်များတွင် သေဆုံးမှု ဖြစ်ပွားမှုများသည်ကို တွေ့ရသည် ဥပမာ အီရန်နိုင်ငံတွင် သေဆုံးမှုများသော်လည်း ကာကွယ်ဆေးထိုးထားသော အသက်ကြီးအုပ်စုများ ဖြစ်ပွားမှုနည်းသည်ကို တွေ့ရသည်မှာ ကာကွယ်ဆေးထိုးမှုနှင့် ဆက်စပ်မှုရှိနေသည်ကို တွေ့ရပါသည်
အီရန်တွင် ဘီစီဂျီကာကွယ်ဆေးထိုးအစီအစဉ်သည် ၁၉၈၄ မှစတင်နိုင်သည့်အတွက် အသက်ကြီးသောသူများတွင် ကာကွယ်နိုင်ခြင်းဖြစ်ပါသည်
-ဒါ့ကြောင့် ဘီစီဂျီကာကွယ်ဆေးထိုးလုပ်ငန်းနှင့်သေဆုံးမှုသည် positive correlation ရှိနေသည်ကို တွေ့ရပါသည်။-ဂျပန်နိုင်ငံသည် ဘီစီဂျီ ကာကွယ်ဆေးထိုးအစီအစဉ်ကို ၁၉၄၇ ကစ၍ စတင်နိုင်ခဲ့သဖြင့် သေဆုံးမှုသည် လူတစ်သန်းလျှင် ၁၀၀ အောက်သာ သေဆုံးမှုရှိသည်ကို တွေ့ရပါသည်။-ဘရာဇီးနိုင်ငံကို ကြည့်ပါကလည်း ကာကွယ်ဆေးထိုးအစီအစဉ်ကို ၁၉၂၀ မှစ၍ အစောဆုံးစတင်နိုင်ခဲ့သဖြင့် လူတစ်သန်းလျှင် သေဆုံးမှု ၀.၀၅၇၃ သာရှိပါသည်
-အီရန်တွင် ဓာတ်ခွဲအတည်ပြုလူနာ ၃၈,၃၀၉ ဦးရှိပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့ (၂၉-၃-၂၀၂၀) တွင် အတည်ပြုလူနာအသစ် ၂,၉၀၁ ဦးရှိပါသည် သေဆုံးသူ ၂,၆၄၀ ရှိပြီး ၁၂,၃၉၁ ပြန်ကောင်းလာသည်ကို တွေ့ရပါသည်။-၂၀ ရာစုနှောင်းပိုင်းတွင် တီဘီလူနာအရေအတွက်လျော့နည်းလာသည်နှင့်အမျှ middle & high income တိုင်းပြည်တွေဟာ ဘီစီဂျီကာကွယ်ဆေးထိုးနှံမှုကို ၁၉၆၃ နှစ်မှ ၂၀၁၀ အတွင်း ရပ်ဆိုင်းခဲ့ပါသည်။ နိဂုံးချုပ်အနေနှင့်ပြောရလျှင် ဘီစီဂျီကာကွယ်ဆေးထိုးခြင်းသည် ကိုဗစ်ကြောင့် ဖြစ်ပွားမှု သေဆုံးမှုများအတွက် လက်နက်ကောင်းတစ်ခုဖြစ်သည်ကို တွေ့ရှိရပါသည်။
-ယခုအခါ ဥရောပတိုင်းပြည်တွင် ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ ၃၆၀,၀၀၀ ကျော်ရှိပြီး သေဆုံးမှု ၂၁,၀၀၀ ကျော်ရှိကြောင်း နောက်ဆုံးအနေနှင့် သိရပါသည်။
https://www.khaleejtimes.com/…/bcg-vaccine-a-potential-new-…
– စာကြွင်း မြန်မာနိုင်ငံ တိုးချဲ့ကာကွယ်ဆေးထိုးအစီအစဉ်တွင် ဘီစီဂျီ (တီဘီကာကွယ်ဆေး) နှင့်အတူ ဆုံဆို့ကြက်ညှာမေးခိုင်ကာကွယ်ဆေးနှင့် မေးခိုင်ကာကွယ်ဆေးတို့ကို ၁၉၇၈ ခုနှစ်မှစတင်၍ ထိုးနှံနိုင်ခဲ့သဖြင့် ယခုအခါ ၄၂ နှစ်ရှိပြီဖြစ်ပါသည်။
Writer By Khin Khin Gyi
မူရင်းပိုစ့် – https://web.facebook.com/khin.gyi.31/posts/2948098771916295