COVID-19 ကာကွယ်ဆေး ထုတ်ချင်တယ်လို့ပြောလာတဲ့ ဒေါက်တာ အောင်မြင့်

COVID-19 ကာကွယ်ဆေး ထုတ်ချင်တယ် ၊ ကူညီပါ
========================================

COVID – 19 ကာကွယ်ဆေး
ထုတ်ချင်ပါတယ်။

စမ်းသပ်ထုတ်လုပ်မှု ကြာချိန် ၂ ပတ် ပါ။
ကုန်ကျစရိတ် မြန်မာငွေကျပ် သိန်း ၁၅၀ ပါ။

နိုင်ငံတကာမှာ ကာကွယ်ဆေးထုတ်ဖို့
တစ်နှစ်ကျော် ကြာမယ်ဆိုတော့ . . . .

ဒေါက်တာ အောင်မြင့် က သူတွေ့ရှိတဲ့နည်းက
၂ ပတ် နဲ့ ထုတ်တဲ့နည်းဆိုပြီး ပေးပို့ လိုက်တော့ . . . .

British Veterinary Association ကထုတ်ဝေတဲ့
ယခု မတ်လ ၂၇ ထုတ် Veterinary Record ဂျာနယ်မှာလည်း
ထို နည်းကို ဖော်ပြခဲ့ပြီးပါပြီ ။

ဒီက
စ ထုတ်ဖို့ပဲ။

နိုင်ငံတော် အကြီးအကဲတွေကို
အမြန်ရှင်းပြချင်ပါတယ်။
ခွင့်ပြုချက် အမြန်ရချင်ပါတယ်။

Project proposal ရေးပြီးပါပြီ။

အကြီးအကဲတွေ နှင့် သက်ဆိုင်ရာပညာရှင်တွေကို
ရှင်းပြပြီး စ ချင်ပါတယ်။
အားလုံး ပူပေါင်း ကူညီပါ။

ဒေါက်တာ အောင်မြင့် မှာ ကိုယ်ပိုင်ဓာတ်ခွဲခန်းလည်း
ရှိပါတယ် ။

ကြက်မွေးမြူရေးလောက —
ကြက်တွေမှာ လေပြွန်ရောင်ရောဂါ ( IB disease ) ဖြစ်တာလည်း
Corona virus တစ်မျိူးပါ။
ဆရာ ကိုယ်တိုင် ကာကွယ်ဆေးထုတ်ခဲ့ဖူးပါတယ်။
ထိထိရောက်ရောက်
ကာကွယ်နိုင်ခဲ့ပါတယ်။
ကုသ နိုင်ခဲ့ ပါတယ်။

ဒါပေမယ့်
အခုက
ထုတ်ပြီးရင် လူကိုစမ်းသပ်ရမှာမို့
ခွင့်ပြုချက်က အဓိက တောင်းနေရတာပါ။

နိုင်ငံတော်က ခွင့်ပြုတဲ့
ဓာတ်ခွဲခန်း မှာပဲ ထုတ်ချင်ပါတယ်။
နိုင်ငံတကာကိုလည်း
ဒီနည်းသစ်ကို မိတ်ဆက်ပေးချင်ပါတယ်။
အကျိုးများမှာပါ။
ကယ်တင်ခွင့်ရမှာပါ။

အစမ်းသပ်ခံမယ့် လူငယ်တွေလည်း
ရှိပြီးသားပါ။

ခွင့်ပြုပေးနိုင်မည့်သူနှင့်
ကြိုးစားပြီး ဆက်သွယ်နေပါတယ်။
၁ ပတ်ပြည့်တော့မယ်။

ကူညီပါ။

သန်းဇော်ဦး

======================================

ဒေါက်တာ အောင်မြင့် 09 50 10 328 (ရန်ကုန်)
ဒေါက်တာ သန်းဇာ်ဦး 09 445 199 110 ( နေပြည်တော် )
ဒေါက်တာ ဝင်းစိုးဦး 09 4025 31 553 ( မိတ္ထီလာ )

လို့ Facebook စာမျက်နှာမှာတင်ထားပါတယ်။

 

ဆရာဦး​အောင်မြင့်သည်အလွန်​တော်​သောဆရာဖြစ်ပါသည်။​ပြောရရင်အရှည်ကြီးပါ။လွန်ခဲ့​သော၂၈နှစ်​လောက်က၊unက​တောင်မှအသိအမှတ်ပြုခဲ့ရတဲ့ကျွဲနွားHS vacc၊ liveVacကိုတည်ထွင်ခဲ့တဲ့ပညာရှင်ပါ။သူ့ကိုအခွင့်အ​ရေး​ပေး​စေလိုပါသည်။​အောင်မြင်မည်ဟုလုံးဝယုံကြည်ပါသည်။ထိုစဥ်ကာလကသူတီထွင်ခဲ့​သော​ဆေးကို​သေချာစွာ၊ဆရာဦး​အောင်မြင့်မှာတဲ့အတိုင်းစမ်းသပ်​ဆောင်ရွက်ခဲ့တာရာနှုံးပြည့်နီးပါး​အောင်မြင်ခဲ့ပါသည်။ဒါ​ပေမဲ့အ​ကြောင်း​ကြောင်း​ကြောင့်နစ်မြုတ်ခဲ့ရပါသည်။ပြီးခဲ့တဲ့တာ​တွေကိုထားခဲ့ပါ။အခုအချိန်မှာဆရာ့ကိုအခွင့်အ​ရေး​ပေးလိုက်စမ်းပါလို့ Comment ရေး သားတာလဲ တွေ့ရပါတယ်။

 

အားလုံးသိအောင် မျှဝေပေးကြပါ။

 

မူရင်းပို့ https://www.facebook.com/story.php?story_fbid=2621278138103664&id=100006645098745

Add a Comment

Your email address will not be published. Required fields are marked *