ချောက်မြို့ ပြည်သူ့ဆေးရုံတွင် Hospital Quarantine လူနာ ၁ ဦး သေဆုံး


မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ပြည်သူ့ဆေးရုံကို အသက် ၃၀ အရွယ် အမျိုးသား လူနာ တဦး ဒီကနေ့ မတ်လ ၃၁ ရက် မနက်ကရောက်ရှိလာပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်စစ်ဆေး Hospital Quarantine လုပ်ထားစဉ် မွန်းလွဲ ၃ နာရီလောက်မှာ သေဆုံးသွားတယ်လို့ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက ပြောပါတယ်။

“ကုသဖို့ လမ်းညွှန်ချက် ထွက်ထားတဲ့ အထဲက အေဘီစီ ထဲမှာ စီထဲမှာဝင်ပါတယ်။ Hospital Quarantine လူနာ မနက်ပိုင်းက ရောက်လာပြီးတော့ ဆေးရုံကိုလာကတည်းက သတိလစ်၊ ဖျားနာ ၊ အော့အန်နေတာ လိုအပ်တဲ့ လုပ်ငန်းတွေ လုပ်တယ်။ အထက်အဆင့်ကို သတင်းပို့ထားတယ်” လို့ ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက ပြောပါတယ်။

သေဆုံးသူဟာ ချောက်မြို့မှာနေထိုင်သူဖြစ်ပြီး COVID-19 ဖြစ်ပွားရာဒေသတွေကို ခရီးသွားခဲ့တဲ့ ရာဇဝင်မရှိသလို လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် ဦးခေါင်း ခွဲစိပ်ကုသမှုခံယူခဲ့ရဖူးပါတယ်။

သေဆုံးသူမှာ COVID-19 ရောဂါ ရှိ မရှိသိရဖို့ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း(ရန်ကုန်)သို့ ပေးပို့စစ်ဆေးသွားမှာဖြစ်ပြီး သူနဲ့အတူနေတဲ့ မိသားစုလေးဦးကိုလည်း Home Quarantine ထားရှိဖို့ စီစဉ်နေပါတယ်။

သတင်း- ကိုလင်း(ချောက်)

Tags:

Add a Comment

Your email address will not be published. Required fields are marked *