လင်ကြီးကို လင်ငယ်နဲ့ ကြံစည်ပေါင်းပြီး သတ့်တဲ့ မိန်းမ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ မတ်လ ၂၇ရက်နေ့ ည ၈နာရီခန့်က ကိုသန်းမြင့်မှာ လမ်းဘေး၌ ဓါးထိုးသတ်ခံရကြောင်း ၎င်း၏ ညီမဖြစ်သူက ရဲတပ်ဖွဲ့ထံ အကြောင်းကြားလာ၍ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးပြီး ပြစ်မှုကျူးလွန်သူများကို အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ ၅၉လမ်းနှင့် ယောမင်းကြီးလမ်းထောင့်တွင် ကိုသန်းမြင့်မှာ လည်ပင်း ထိုးသွင်းဒဏ်ရာ ၂ချက်၊ ဝမ်းဗိုက် ဘယ်/ညာ ထိုးသွင်း ဒဏ်ရာ ၁ချက်စီတို့ဖြင့် သေဆုံးနေတာတွေ့ရှိရကြာင်း” ရဲတပ်ဖွဲ့က ဆိုသည်။အဆိုပါ ကိုသန်းမြင့် ဓားထိုးသတ်ခံရခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးကြည့်ရှုရာ ၎င်း၏ ဇနီးဖြစ်သူတွင်လည်း ညာဖက်လက်ခလယ်၊ လက်သကြွယ်နှင့် ညာလက်မ တို့တွင် ပွန်းပြဲဒဏ်ရာများ ရရှိပြီး ဆေးကုသနေကြောင်း သတင်းအရ သွားရောက် စစ်ဆေးမေးမြန်းပြီး ၎င်း၏ ဖုန်းအား သက်သေးများရှေ့တွင် သိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

သေဆုံးသူ၏ ဇနီးဖြစ်သူ ဖုန်းကို စစ်ဆေးကြည့်ချိန် အခင်းမဖြစ်မှီ၌ ဖုန်းနံပါတ်တစ်ခုအား အကြိမ်ကြိမ် ခေါ်ဆိုထားခြင်းနှင့် လူမှုကွန်ယက် fb ပေါ်မှ “ဇာနည်” fb အကောက်ပိုင်ရှင်နှင့် မက်ဆင်ဂျာတို့တွင် စကားပြောဆိုထားခြင်း တွေ့ရှိရ၍ ထပ်မံ စစ်ဆေးရာ ဖုန်းဆက်ခေါ်ဆိုသူတွင် အလုပ်အတူ လုပ်ကိုင်သူ ကျော်မင်းထွန်း ဖြစ်ပြီး၊ မက်ဆင်ဂျာမှာ စကားပြောဆိုက ရဲဇာနည်ဦးဖြစ်ကြောင်း ထွက်ဆိုတယ်။

ကျော်မင်းထွန်းကို စစ်ဆေးစဉ် “အလုပ်အတူ လုပ်ကိုင်၍ သေဆုံးသူ၏ ဇနီးနှင့် လွန်ခဲသော ၅လခန့်က ချစ်ကြိုက် ကြကြောင်း ပြောတယ်။ (ဈ)ရပ်ကွက်၊ ၅၉လမ်းနှင့် ယောမင်းကြီးလမ်းထောင့်တွင် သေဆုံးသူနှင့် ၎င်း၏ ဇနီး ဖြစ်သူ မမျိုးကေသီ(ခ)မျိုးမျိုးတို့ စကားများနေချိန် မမျိုးကေသီ(ခ)မျိုးမျိုးမှ ဓားဖြင့်ထိုးခိုင်း၍ အသင့်ပါလာသော ဓါးဖြင့် ထိုးသတ်တယ်။ သေဆုံးသူက ပြန်လည်ခုခံသဖြင့် ထပ်မံဓါးဖြင့် ထိုးသတ်ပြီး၊ မမျိုးကေသီ(ခ)မျိုးမျိုးနှင့် နှစ်ယောက်တွဲကာ ခြံစည်းရိုးမြောင်းထဲသို့ ပစ်ချသော်လည်း မသေဘဲ ဆံ့ငင်ဆံ့ငင်ဖြစ်နေ၍ အနီးနားရှိ ကျောက်တုံးဖြင့် ဦးခေါင်းအား ထပ်မံထုသတ်ပြီး ၎င်း၏ ဆွဲကြိုးအား ယူဆောင်ခဲ့ကြောင်း” ထွက်ဆိုသည်။

ဇာနည်” fb အကောက်ပိုင်ရှင် ရဲဇာနည်ဦး(၂၉နှစ်)အား စစ်ဆေးရာ “သေဆုံးသူ၏ ဇနီးဖြစ်သူ မမျိုးကေသီ(ခ)မျိုးမျိုး နှင့် အလုပ်တူလုပ်ဖူး၍ ခင်မင် စကားပြောခဲ့ခြင်းသာ ဖြစ်ကြောင်း၊ မမျိုးကေသီ (ခ)မျိုးမျိုးထွက်ဆိုချက်တွင် ၎င်းနှင့် ချစ်သူဖြစ်သူဟု ပြောဆိုချက်ဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်နေ့တွင်လည်း နေအိမ်၌ ရှိသည်”ဟု ထွက်ဆိုကြောင်း သိရသည်။

“သေဆုံးသူ၏ ဇနီးဖြစ်သူ မမျိုးကေသီ(ခ)မျိုးမျိုး အား ထပ်မံစစ်ဆေး မေးမြန်းရာ ခင်ပွန်သူအား ချစ်သူဖြစ်သူ ကျော်မင်းထွန်းနှင့်ပူးပေါင်း၍ သတ်ခဲ့ခြင်း ဝန်ခံထွက်ဆိုကြောင်း” ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက Top Phoenix မီဒီယာသို့ ပြောကြားသည်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျုးလွန်သူ ကျော်မင်းထွန်း (၂၀နှစ်)၊ မမျိုးကေသီ(ခ)မျိုးမျိုး(၂၇နှစ်) တို့ကို ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်းမှ (ပ)၁၀၉/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ထွန်းမင်းနောင်(မန္တလေး) Top Phoenix Media Group

Add a Comment

Your email address will not be published. Required fields are marked *