မသေရုံတစ်မယ် အရိုက်ခံရပြီး တံတားအောက်စွန့်ပစ်ခံရတဲ့ကျောင်းဆရာတစ်ဦး

နွေရာသီ ကျောင်းပိတ်ရက်လေးမှာ ဝမ်းရေးအတွက် ဆိုင်ကယ် ကယ်ရီဆွဲနေသော ကျောင်းဆရာတစ်ဦး ကယ်ရီလိုက်ရင်း ပါလာသောခရီးသည်မှဆိုင်ကယ်လုယူရုံတင်မကပဲ မသေရုံတစ်မယ်ရိုက်နှက်ပြီး မကွေးမြို့၊ နတ်မောက်လမ်း၊ စုဆောင်းရေးတပ် အရှေ့ ပေါင်းကူးတံတားအောက်တွင် စွန့်ပစ်သွားခဲ့ပါတယ်။

ဖြစ်ပွားချိန်သည် ၂၇ ရက်နေ့ ည ၉ နာရီဝန်းကျင်ခန့်ဟုခန့်မှန်းရပြီး လူနာမှာအရိုက်ခံရသည့်အချိန်မှ စ၍ သတိမလစ်ပဲ အားလုံးကိုမှတ်မိနေသည်ဟုပြောပါတယ် အော်ဟစ်အကူညီတောင်းပေမယ့် တံတားအောက်ထဲဆိုတော့ ဘယ်သူမှ မကြား၊ (1 :00 am)ဝန်းကျင်အချိန်တွင် ပြည်သူတစ်ဦးမှ လူနာ၏အော်ဟစ်အကူညီတောင်းသံကိုကြားခဲ့ပြီး၊ မကွေးမြို့အဝင်ဆိုင်းဘုတ်နားတွင် လူတစ်ဦးအရိုက်ခံထားရကြောင်း တာဝန်သိစွာရောင်စုံမေတ္တာအသင်းထံသို့ အကူညီတောင်းခံလာသဖြင့်

အသင်းမှ ချက်ချင်းထွက်ခွာကာ သတင်းပေးတဲ့နေရာရောက်ရှိချိန်တွင် ဖိနပ်အားအရင်ဆုံးတွေ့ရှိသော်လည်းလူနာအားမတွေ့ရှိရသဖြင့် နီးစပ်ရာပတ်ဝန်းကျင်ကို ၂ ခါတိတိပြန်ရှာခဲ့ရပြီး နောက်ဆုံး ပေါင်းကူးတံတားအောက်တွင် ပုံပါအတိုင်း တွေ့ရှိခဲ့ပါသည်။ ဦးခေါင်းထိခိုက်ဒဏ်ရာပြင်းထန်သဖြင့် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ပါသည်။

လူနာ … ဦးမောင်အေး
အောင်စေတနာရပ်ကွက် .. အ .မ.က ၁၅ ၊ မကွေးမြို့ ဟု ကနဦးသိရပါသည်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့
မကွေးတိုင်းဒေသကြီး၊မကွေးမြို့
ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း
09 265 488 244

Add a Comment

Your email address will not be published. Required fields are marked *