မန္တလေး ဈေးချိုတော်အပါအဝင် ဈေး ၄၀ ကျော် ယာယီပိတ်မည်

COVID-19 ရောဂါ ကာကွယ်တဲ့အနေနဲ့ မန္တလေးမြို့ရဲ့ ကုန်ရောင်း၊ ကုန်ဝယ် အများဆုံးနေရာဖြစ်တဲ့ မန္တလေးဈေးချိုတော် အပါအဝင်ဈေးပေါင်း ၄၀ ကျော်ကို မတ်လ ၂၉ ရက်က စတင်ပြီး ယာယီပိတ်သိမ်းမှာ ဖြစ်ပါတယ်။

ဈေးတွေကို ယာယီပိတ်သိမ်းပေမယ့် အသားငါးနဲ့ စားသောက်တန်းကို အချိန်အကန့်အသတ် ပုံစံနဲ့ ရောင်းချသွားဖို့ အစီအစဉ်ရှိပါတယ်။

အချိန်ဘယ်လောက်ကြာအထိ ပိတ်ထားမည်ကိုတော့ မသိရှိရသေးပါခင်ဗျာ။ ဒီလိုပိတ်ရတာဟာ မန္တလေးမြို့မှာ covid 19 ပိုးကူးစက်ခံရသူများတွေ့ရှိထားခြင်းကြောင့် ဖြစ်ပါတယ်။

Photo-Kaung Zaw Hein

 

 

Add a Comment

Your email address will not be published. Required fields are marked *