ထိုင်းနိုင်ငံမှာ အလုပ်သမားများကို လူမှုဖူလုံကြေး ၃ လပေးမည်

ထိုင်းအစိုးရကတော့ ထိုင်းနိုင်ငံသားတွေအတွက် သတင်းတခုထုတ်ပြန်ကြေညာပါတယ်။ လူမှုဖူလုံရေးရန်ပုံငွေ လစဉ်ကြေး ထည့်မဝင်ထားတဲ့ ထိုင်းပျံကျအလုပ်သမားများနဲ့ စျေးသည်တွေ၊ ဆိုင်ကယ်တိုင်စီသမားတွေ အနေနဲ့ ၂၈.၃.၂၀၂၀ ညနေ ၆နာရီမှာ အင်တာနက်ဝက်ဆိုဒ်စာမျက်နှာ www.เราไม่ทิ้นกัน.comမှာ သွားပြီး စာရင်းသွင်းရမှာဖြစ်ပါတယ်။ စာရင်းသွင်းပြီး ၇ ရက် အတောအတွင်းမှာ မိမိရဲ့ကိုယ်ပိုင်ဘဏ်အကောင့်ထဲကို တလ ဘတ် ၅၀၀၀ အစိုးရကလွှဲပေးမယ်လို့ဆိုပါတယ်။ ၃လထိအောင်ပေးသွားမှာပါ။ လူမှုဖူလုံရေးကဒ်ရှိသူတွေအတွက်တော့ ထိုင်းအလုပ်သမားရော မြန်မာအလုပ်သမားတွေအပါအဝင် အလုပ်သမားတိုင်း အလုပ်မလုပ်ရတော့ဘူးဆိုရင် သူ့စနစ်အတိုင်းအချိုးအစားအလိုက် လုပ်အားခရဲ့အနည်းဆုံး 70% ကိုခံစားခွင့်ရကြမှာဖြစ်တယ်။ ဒါပေမယ့် လူမှုဖူလုံရေးကဒ်မလုပ်ထားတဲ့ တချို့သော မြန်မာအလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်တဲ့ကိစ္စမှာ ဘယ်လိုထောက်ပံ့မယ်ဆိုတာကိုတော့ အခုထိသတင်းမထုတ်ပြန်သေးပါဘူး။

Add a Comment

Your email address will not be published. Required fields are marked *