fbpx

မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ သီတဂူဆေးရုံပေါင်း ၄၀ ကျော်ကို COVID-19 ရောဂါ စောင့်ကြည့် နေရာများအဖြစ် အသုံးပြုလိုပါက ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ သီတဂူ သာသနာပြုအဖွဲ့ ထုတ်ပြန်

ကလေးမြို့ ရှိ သီတဂူ စက္ခုဒါန ဆေးရုံကြီးတွင်   နိုင်ငံခြားမှ ပြန်လာသူများအား Quarantine ပြုလုပ်ရန်အတွက်  ပြင်ဆင်ထားသည်ကိုတွေ့ရစဉ် (ဓာတ်ပုံ - အောင်သူထွန်း)

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ သီတဂူဆေးရုံပေါင်း ၄၀ ကျော်ကို COVID-19 ရောဂါစောင့်ကြည့် နေရာများအဖြစ် အသုံးပြုလိုပါက ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ သီတဂူသာသနာပြုအဖွဲ့က မတ်လ ၂၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

ဆေးရုံတစ်ရုံလျှင် ပျမ်းမျှလူ ၅၀ ခန့် ထားရှိရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြောင်း သိရပြီး အဆိုပါ သီတဂူဆေးရုံများမှာ ရန်ကုန်၊ မန္တလေး၊ မကွေး၊စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူးနှင့် တနင်္သာရီတိုင်း အတွင်းရှိ ဆေးရုံပေါင်း ၃၀ ခန့်နှင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင်လည်း ဆေးရုံပေါင်း ၁၄ ရုံရှိကြောင်း သိရသည် ။

သီတဂူဆရာတော်ကြီး ဦးဆောင်တည်ထောင်ထားသော မြန်မာနိုင်ငံတစ်ဝှမ်းရှိ သီတဂူဆေးရုံတော်များကို (၁၄) ရက်တာ စောင့်ကြည့်နေရာဌာနများအဖြစ် အသုံးပြုရန်ဆန္ဒရှိပါက သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဌာနများဖြင့် ဆွေးနွေးတိုင်ပင်ပြီး အသုံးပြုနိုင်ရန်အတွက် ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ သီတဂူသာသနာပြုအဖွဲ့ ဆေးရုံအုပ်ချုပ်ရေးကော်မတီက မတ်လ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည် ။

မြန်မာနိုင်ငံအတွက် အထူးလိုအပ်လျှက်ရှိသော ကျန်းမာရေးကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှုများကို ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ စီစဉ်ညွှန်ကြားချက်များနှင့် ခွင့်ပြုချက်များ/ ခွင့်ပြုမိန့်များနှင့် အညီ တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်ရန်အတွက် သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် တည်ဆောက်ခဲ့သော တိုင်းနှင့်ပြည်နယ်၊ မြို့အသီးသီးမှ သီတဂူအာယုဒါန၊ သီတဂူ အာရောဂျဒါန၊ သီတဂူစက္ခုဒါနဆေးရုံတော်များကို Covid 19 ရောဂါ စောင့်ကြည့်နေရာများအဖြစ် အသုံးပြုလိုပါကသက်ဆိုင်ရာမြို့နယ် ကျန်း မာရေးဌာနနှင့် ဆွေးနွေးတိုင်ပင်၍ ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Crd Eleven

 

Add a Comment

Your email address will not be published. Required fields are marked *