ယနေ့ ၂၄ ရက် မြဝတီနယ်စပ် မြန်မာပြည်သို့ပြည်ဝင်ရန် တိုးဝင်နေသော အလုပ်သမားများ

ယနေ့ ၂၄.၃.၂၀၂၀

ထိုင်းပြန်မြန်မာများအားချစ်ကြည်ရေးတံတား
အမှတ်၁၏အောက်ဘက် ဆီးတဲလ်ဂိတ်မှ
ဝင်ထွက်သွားလာခွင့်ပြုထားကြောင်းသိရပါတယ်။

မြဝတီ ချစ်ကြည်ရေး အမှတ်(၁) နှင့် (၂)ကိုပိတ်ထားသောကြောင့် လှေများဖြင့် ဝင်ခွင့်ပြုနေကြောင်း သတင်းရရှိပါတယ်။

ယနေ့ ပြန်လာကြသည့် လူပေါင်း (၂၀၀၀)ကျော် လောက်ရှိတယ်လို့လဲသိရပါတယ်။ ထိုင်းနိုင်ငံဘက်မှာ ရွှေ့ပြောင်းအလုပ်သမားများ ယခုဆိုရင် မြန်မာပြည်သို့ ပြန်လည်ဝင်ရောက်လာသူပေါင်း ၃၅၀၀၀ ဝန်းကျင်လောက်ရှိနေပါပြီ။ ကိုရိုနာ ပိုးကာကွယ်ဖို့အတွက် ကျန်းမာရေး အဖွဲ့တွေလည်း ထပ်တိုး တာဝန်ထမ်းဆောင်နေတာလည်းတွေ့မြင်ရမှာပါ။ ထိုင်းနိုင်ငံမှာပြန်ဝင်လာကြသည့် မြန်မာတွေအနေဖြင့် မိမိ ဒေသရှိ အနီးဆုံး ကျန်းမာရေးဌာနသို့ ဆက်သွယ်ပေးကြရန်လည်း တိုက်တွန်းထားပါတယ်။ မြန်မာပြည်သို့ ပြန်လည်ဝင်ရောက်လာကြသော ရွှေ့ပြောင်းမြန်မာအလုပ်သမားများသည် မိမိဒေသသို့ ပြန်လည်ရောက်ရှိတာနဲ့ (၁၄)ရက် အိမ်အပြင်မထွက်ပဲနေရမယ် ကျန်းမာရေးဌာနနဲ့လည်း ဆက်သွယ်ရမယ်။ ဒေသအုပ်ချုပ်ရေးမှုတွေကိုလည်း သတင်းပို့ရမယ်ဆိုတဲ့အချက်တွေပါဝင်ပါတယ်။

ဗွီဒီယိုဖြင့်ကြည့်ရန်အတွက်

Tags:

Add a Comment

Your email address will not be published. Required fields are marked *