ထိုင်း-မြန်မာနယ်စပ် မြဝတီတံတား အမှတ်( ၂ )၌ မြန်မာလုပ်သားများ ဖြတ်သန်းခွင့်ပြုထား

မြဝတီမြို့ ထိုင်း-မြန်မာနယ်စပ် အမှတ် (၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် မြန်မာရွှေ့ပြောင်းအလုပ် သမားများ နယ်စပ်ဖြတ်သန်းမှုခွင့် ပြုပေးထားကြောင်း ကရင်ပြည်နယ် မြဝတီမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောသည်။

မတ် ၂၁ ရက် နံနက်ပိုင်းမှစ၍ မြဝတီမြို့ ထိုင်း-မြန်မာနယ်စပ်အမှတ် (၂)ချစ်ကြည်ရေးတံတားမှနေ၍ နယ် စပ်ဖြတ်သန်းခွင့်ပြုပေးခဲ့ပြီး မြန်မာ နိုင်ငံသို့ ဝင်ရောက်လာသော ထိုင်း နိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ် သမားများနှင့် နေ့စဉ် BP၊TBPများဖြင့် ဝင်/ထွက်သွားလာနေသော ပြည်သူ များအား ကျန်းမာရေးဝန်ထမ်းများမှ COVID-19ကြပ်မတ်စစ်ဆေးပေး နေသည့်အပြင် ခရီးသည်များနှင့်အတူ ပါလာသော ပစ္စည်းများကို အကောက်ခွန် ဝန်ထမ်းများက X-ray စက်များဖြင့် စစ်ဆေးပေးလျက်ရှိကြောင်း ဦးသန့်ဇင်အောင်က ပြောသည်။

”အမှတ်(၂)တံတားကိုတော့ မြန်မာ အလုပ်သမားတွေဖြတ်ဖို့ ဖွင့်ထားပါ တယ်”ဟု ၎င်းက ပြောသည်။

မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးမှ မတ် ၂၁ ရက် သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ဖွင့်လှစ်ထားရှိသော ယာယီနယ်စပ် ကုန်သွယ်ရေးဂိတ်များအနက် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့၏ ကောင်စစ်နယ်မြေများအတွင်းရှိ ယာယီ နယ်စပ်ကုန်သွယ်ရေးစခန်းများကို မတ် ၂၁ ရက်မှအစပြု၍ X-ray အား ကာကွယ်တားဆီးထိန်းချုပ်ရန် အခြေအနေများ တည်ငြိမ်တိုးတက် ကောင်းမွန်လာသည်အထိ ယာယီ ပိတ်ထားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သတင်း – မင်းဝဿန်(မြန်မာတိုင်းမ်)

Add a Comment

Your email address will not be published. Required fields are marked *