မူဆယ်မြို့၊ မြန်မာ-တရုတ် ဝင်ပေါက် ဆင်ဖြူပေါက်ဂိတ်တွင် တရုတ်ရဲများနှင့် ရုန်းရင်းဆန်ခတ် ဆူပူမှု ဖြစ်ပွား

မူဆယ်မြို့၊ မြန်မာ-တရုတ် ဝင်ပေါက် ဆင်ဖြူပေါက်ဂိတ် အနီး ယနေ့ မတ်လ ၂၁ရက်နေ့ နံနက် ၇နာရီအချိန်ခန့်က တရုတ်နိုင်ငံသို့ ဝင်ရောက်မဲ့ မြန်မာနိုင်ငံသားများကို စာရွက်ပေါ်တွင် တရုတ်ဘာသာစကားများဖြင့် ရေးသားခိုင်းရာမှ ရုန်းရင်းဆန်ခက် ဆူပူမှု ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။ တရုတ်ဘာသာစကားမှ မရေးတတ်တာကို ရေးသားခိုင်တယ်။ လူစုလူဝေး ဖြစ်ပွားနေချိန်မှာဘဲ တရုတ်ရဲက မြန်မာလူမျိုးတို့ကို ခြေထောက်ဖြင့် ကန်လိုက်တော့ ရုန်းရင်းဆန်ခတ် ဆူပူမှု ဖြစ်ပွားခဲ့ရကြောင်းဟု အဆိုပါအခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိနေတဲ့ ဦးဘဌေးက ပြောကြားသည်။

ယခုတွင် ရုန်းရင်းဆန်ခတ် ဆူပူမှုဖြစ်ပွားခြင်း ငြိမ်သွားပေမဲ့ တရုတ်နိုင်ငံ(ကျယ်ခေါင်၊ ရွှေလီ)မြို့တို့ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ တရုတ်ရဲများ လိုက်လံဖမ်းဆီးတော့မှာကို စိုးရိမ်ကြောင်း ဆိုသည်။ မြန်မာနိုင်ငံ မူဆယ်မြို့မှတဆင့် တရုတ်နိုင်ငံတွင်းသို့ ဝင်ရောက်၍ တစ်နေ့တာ ဝင်/ထွက် အလုပ်လုပ်ကိုင်သူ လူဦးရေး (၃၀၀၀)ဦးခန့် ရှိကြောင်း သိရသည်။ အဆိုပါ အလုပ်လုပ်ကိုင်ရန် ဝင်ရောက်သူများတို့တွင် အလည်အပတ် ဗီဇာများတို့ဖြင့် အလုပ်လုပ်ကိုင်ကြခြင်း ဖြစ်သည်။

Top Phoenix Media Group

Add a Comment

Your email address will not be published. Required fields are marked *