မူးယစ်ဆေး မသိမသာထည့်ပြီး လူတစ်ယောက်ကို ဖမ်းဆီးခဲ့တဲ့ရဲတွေကို စုံစမ်းစစ်ဆေး
|ယခင်ခေတ်တွေတုန်းက ခေတ်စားခဲ့တဲ့ စကားလေးရှိပါတယ်။ “ဆေးပစ်ပြီးဖမ်း”ဆိုတဲ့စကားလေးပါ။ တရားဥပဒေစိုးမိုးမှု အလွဲသုံးစား ပြုခံရတဲ့ခေတ်တွေတုန်းက ရပ်ကွက်ထဲမှာ ကိုယ်မုန်းတဲ့လူကို ဆေးပစ်ပြီးဖမ်းခိုင်းတာ၊ တစ်ခါတလေ ဒီကိစ္စကို တရားဥပဒေဘက်တော်သားတွေကိုယ်တိုင်က အမှုဆင် ဖမ်းတာမျိုးလည်း ရှိခဲ့ပါတယ်။ နိုင်ငံတိုင်းလိုလိုမှာ ရှိခဲ့ပါတယ်။ အခုလို တရားဥပဒေဘက်မှာ ပွင့်လင်းမြင်သာမှုတွေ အများကြီးရှိလာချိန် ဒီလို အမှုဆင်ဖမ်းဆီးတာမျိုးတွေလည်း ရှိတတ်ပါတယ်။ အခုလည်း ရဲတပ်ဖွဲ့ဝင်တွေအချို့ဟာ လူတစ်ယောက်ကို ဖမ်းဆီးစဉ်မှာ အသင့်ယူလာတဲ့ မူးယစ်ဆေးကို မသိမသာပစ်ချပြီး၊ အဲဒီလူကို အမှုဆင် ဖမ်းဆီးခဲ့တာပါ။
Jefferson Parish Sheriff ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတွေဟာ တာဝန်သိပြည်သူတစ်ဦးက သတင်းပေးတိုင်ကြားခဲ့လို့ဆိုပြီး မူးယစ်ဆေး ရောင်းချနေတယ်လို့ သံသယရှိတဲ့သူကို ပိတ်စို့ဖမ်းဆီးခဲ့တာပါ။ အဆိုပါအမျိုးသားက ” ခင်ဗျားတို့ ရူးနေလား … အိတ်ထဲမှာ ဘာမှ မရှိဘူး”ဆိုပြီး အော်ခဲ့ပါတယ်။အခင်းဖြစ်ဗွီဒီယိုကိုတော့ အနီးအနားက ရပ်ကြည့်နေသူတစ်ဦးက မှတ်တမ်းတင်ခဲ့ပုံပါ။ ဒီလို ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေဟာ သံသယရှိသူလို့စွပ်စွဲခံရသူကို လက်ထိပ်ခတ်လိုက်ပါတယ်။ အဲဒီအခါမှာပဲ ရဲသားတစ်ဦးက ဘိန်းဖြူပါတဲ့ အိတ်ငယ်လေးကို ဖမ်းခံရသူအနီးအနားကိုချလိုက်တာကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရပါတယ်။
ရဲအရာရှိတစ်ဦးက “အကုန် အိမ်ထဲဝင် … ဒီနားမှာ မနေနဲ့ “ဆိုပြီး ပြောခဲ့ပါတယ်။ အဆိုပါဗွီဒီယိုကို အမှုအမှန်အတိုင်း ပေါ်ပေါက်စေလိုသူက လူမှုကွန်ရက်မှာတင်ခဲ့ရာ၊ ကြည့်ရှုသူ (၄.၄)သန်းအထိ ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့လုပ်ရပ်ကိုလည်း အများက ဝေဖန်ခဲ့ကြပြီး၊ တာဝန်ရှိသူတွေအတွက် ရှက်စရာဖြစ်ခဲ့ရပါတယ်။Jefferson Parish Sheriff ရဲတပ်ဖွဲ့ကလည်း ဒီကိစ္စကို တာဝန်ခံခဲ့ပါတယ်။ တတိယလူအုပ်စုတစ်စုက ဒါကို လုပ်ကြံဖို့စေခိုင်းခဲ့တာလို့လည်း ဝန်ခံခဲ့ပြီး၊ ဒါကို အဲဒီရဲတပ်ဖွဲ့အရာရှိတစ်ဦးက အကောင်အထည်ဖော်ခဲ့တာပါ။ ဒါပေမယ့် ဒီဖြစ်စဉ်မှာပါဝင်တဲ့ ရဲတွေအကုန်လုံးဟာ တစ်စိတ်တဝမ်းထဲဖြစ်ကြကြောင်း ကြေညာထားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီလုပ်ရက်ကြောင့် အများပြည်သူအတွက် ရဲတပ်ဖွဲ့အပေါ်မှာ အတော်လေး ယုံကြည်မှု ကင်းမဲ့သွားစေပါတယ်။ ဖမ်းဆီးခံရတဲ့လူကိုတော့ ပြန်လွှတ်ပြီးပါပြီတဲ့။ နောက်ပြီး အဖြူရောင်အမှုန့်တွေကလည်း ဘိန်းဖြူ/ကိုကင်းမဟုတ်ဘူးလို့ ဆိုပါတယ်။ ဖမ်းဆီးတုန်းက သူက ပါးစပ်နဲ့ကိုက်ပြီး တိုက်ခိုက်ခဲ့လို့ ရဲသားတစ်ဦး ဆေးကုသမှုခံယူခဲ့ရပါသေးတယ်။
THIS IS WHATS GOING ON IN OUR NEIGHBORHOOD! JP PUTTING DRUGS ON PPL!!! pic.twitter.com/KHZMGFKWXB
— Simply Jasmine K (@PrettyJasBadAss) March 16, 2020
Ref: CNN
Translated By : လင်းဇော်ကို