နွေရာသီ ကျောင်းကြီးပိတ်သွားပြီဆိုပေမဲ့ ဒီမူလတန်း ကျောင်းအုပ်ကြီးကတော့ မပိတ် ဘယ်လို ကျောင်းအုပ်ကြီးမျိုးလဲ

နွေရာသီကျောင်းကြီး ပိတ်သွားပြီဆိုပေမဲ့ ဒီမူလတန်းကျောင်းအုပ်ကြီးကတော့ မပိတ်.. ဇာတိရွာကိုလည်းမပြန် ခမောက်ကြီးဆောင်းပြီး နောက်ကျောင်းဖွင့်ရာသီမှာ ကျောင်းတော်ကြီး သပ်သပ်ရပ်ရပ်ရှိအောင်တဲ့ဗျာ.. ကိုယ်တိုင်နေရာစုံ ဒေါင့်စုံက လုပ်နေတာမြင်ရတော့ တကယ်ကြီးအံ့သြမိပါရဲ့

ကျောင်းဆရာမတာဝန်ဟာ စာသင်ရုံနဲ့ လုံလောက်တယ်ဆိုတဲ့ အတွေးရှိပုံမတူ..

ကလေးတွေ ဘက်စုံထူးချွန်ဖို့ အပင်ပန်းခံ အမြဲကြိုးစားလုပ်ဆောင်နေတဲ့ ဆရာမကြီး.. နွားကွေ့ကျေးရွာကို မူအုပ်တာဝန်နဲ့ ရောက်လာခဲ့တာ ၆ လ ၇ လလောက်ပဲရှိပါအုံးမယ်.. တိုးတက်လာတဲ့ ကျောင်းသားတွေ.. စာတင်မဟုတ်ပါဘူး.. စည်းကမ်းပိုင်း ယဉ်ကျေးမှုပိုင်းတွေမှာပါ ကလေးတွေက သိသိသာသာပြောင်းလဲလာခဲ့တယ်။

အနေအထိုင်မှန် လုပ်ရပ်မှန် ဆရာ့တာဝန်ထက် ပိုလွန်သူမို့ တစ်ရွာလုံးကလည်း ချစ်ကြောက်ရိုသေလေးစားကြတယ်…

မြန်မာပြည်မှာ ဒီဆရာမလို နိုင်ငံတော်အပေါ် တပည့်တွေအပေါ် ရွာသူ/သားတွေအပေါ် တာဝန်ကျေတဲ့ကျောင်းဆရာမတွေ အများကြီးပေါ်ပေါက်လာပါစေဗျာ။

 

Add a Comment

Your email address will not be published. Required fields are marked *