မြန်မာထိုင်းနယ်စပ်က တာချီလိတ်တွင် မြန်မာနှင့် ထိုင်းလူမျိုးများမှလွဲ၍ အခြားနိုင်ငံသားများ ဝင်ခွင့်မပြုတော့
|ထိုင်း-မြန်မာနယ်စပ် တာချီလိတ်တွင် ထိုင်းနှင့်မြန်မာ နိုင်ငံကူးသွားလာသည့် တံတား(၁)တွင် မတ်လ(၁၉)ရက် နက်နံပိုင်းမှစတင်၍
မြန်မာနှင့် ထိုင်းလူမျိုးများမှလွဲ၍ အခြားနိုင်ငံသားများ တံတားဖြတ်ကူးခွင့် ယာယီရပ်ဆိုင်လိုက်ကြောင်း တာချီလိတ် လူဝင်မှုကြီးကြပ်ရေး ဌာနမှ
သိရှိရပါတယ်။ ထိုင်းနိုင်ငံကနေတဆင့် အများဆုံး ဝင်ရောက်ဖြတ်သန်းလာသော တရုတ်နိုင်ငံသားများ၊ ဥရောပနိုင်ငံသားများ ဖြစ်သည့် တတိယနိုင်ငံသားအားလုံး ဝင်ခွင့်ပိတ်ပင်လိုက်ခြင်းပါ။
တံတား(၁)တွင်လည်း နေ့စဉ် သန့်ရှင်းရေးလုပ်ခြင်း၊ ပိုးသတ်ဆေးများပတ်ဖြန်းခြင်းများလည်း နေ့စဉ် ဆောင်ရွက်လျှက်ရှိပါတယ်။
ဒီကြော်ငြာချက်ကတော့ မတ်လ(၁၈)ရက်နေ့တွင် COVID-19 ရောဂါထိန်းချုပ်ရေး ဗဟိုဌာနရဲ့ ညွှန့်ကြားချက်ကို အခြေခံပြီး ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
ခုဆိုရင် လူဝင်မှုကြီးကြပ်ရေး ဌာနကနေ ဘယ်တတိယနိုင်ငံသားကိုမှ မြန်မာပြည်အတွင်းပေးမဝင်တော့ဘူးလို့ ကြော်ငြာချက်ထုတ်ပြန်လိုက်တာပါ။
တာချီလိတ်မြို့ပေါ်တွင် ပြီးခဲ့သည့် ရက်တစ်ပတ်လောက်က တရုတ်နိုင်ငံသား (၅၀၀)ကျော် မြန်မာနိုင်ငံအတွင်းဝင်ရောက်လာပြီး
ထိုင်းနိုင်ငံဘက်ကိုပြန်ထွက်မရတော့တဲ့ သူတွေပါ။ ပိတ်မိနေတဲ့ တရုတ်နိုင်ငံသားများကိုလည်း ပြန်ခွင့်ရအောင် ဟိုတယ်တွေကတဆင့် အကြောင်းကြားပြီး
ပြန်ခွင့်ရအောင် ဆောင်ရွက်ပေးသွားမယ်လို့လည်း သတင်းရရှိပါတယ်။ လေကြောင်းဖြင့်ပြန်ချင်သူများအတွက်
မန္တလေးလေဆိပ်မှ ပြန်ခွင့်ရအောင် ဆောင်ရွက်သွားမှာဖြစ်ပြီး၊ မိုင်းလားမှပြန်ချင်သူများကိုလည်း ဆောင်ရွက်ပေးသွားမယ်လို့သိရှိရပါတယ်။
ဒါကလည်း ပြန်ချင်တဲ့ တရုတ်နိုင်ငံသားများအတွက်ပါ။ မပြန်ချင်သေးပဲ ဗီဇာသတ်တမ်း ကုန်ဆုံးသူများအတွက်လည်း ရက်လွန်းကြေး တစ်နေ့ကို
၃ ဒေါ်လာဖြင့် ဆက်လက်နေထိုင် နိုင်ကြောင်းကိုလည်း သတင်းရရှိပါတယ်။
ဦးသာကြီး