Avigan အေဗီဂင် ကိုရိုနာဗိုင်းရပ်စ် ကုသဆေး သတင်း

နယူးယောက်ပို့စ်မှာ ဒီကနေ့တင်ထားတယ်။ ဂျပန်လုပ်ဆေးက ကိုရိုနာဗိုင်းရပ်စ် ကုသရာမှာ ထိရောက်မှု သိသိသာသာ ရှိပါတယ်လို့ တရုပ်ပြည်က တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ဂါးဒီယန်းသတင်းစာအဆိုအရ တုပ်ကွေးဆေးဖြစ်တဲ့ Favipiravir ဖါဗီပီယာရာကို လူနာ ၃၄၀ ယောက်ကို စမ်းပေးတော့ နလံထချိန် တိုတောင်းတာ တွေ့ခဲ့ရတယ်။

ဝူဟန်နဲ့ ရှန်ဇန်းက ကူးစက်ခံရသူတွေကို ပေးစဉ်က ဆေးပေးပြီးနောက် ပိုးမတွေ့တော့တဲ့အချိန်ဟာ ပျမ်းမျှ ၄ ရက်သာ ကြာတယ်။ အဲဒီဆေး မပေးရသူတွေက ၁၁ ရက်ကြာတယ်လို့ NHK သတင်းမှာ တင်ပြထားတယ်။

၉၁% သော လူနာတွေရဲ့အဆုတ်အခြေအနေလည်း တိုးတက်တယ်လို့ ဆိုပါတယ်။ အဲဒီဆေးမပေးသူတွေရဲ့ ၆၂% သာ အဲလိုသက်သာတာ တွေ့ရတယ်။ Nikkei သတင်းကရေးထားတာ။

အဲဒီဆေးကို Fujifilm Toyama Chemical ကနေ ၂၀၁၄ ကစတင်ထုတ်ပါတယ်။ ဆေးအမည်က Avigan အေဗီဂင်။

ရိုက်တားစ်သတင်းအရ အဲဒီဆေးကို ၂၀၁၆ ခုနှဟ်က ဂီနီယာမှာ အီဘိုလာဖြစ်စဉ်လည်း သုံးစွဲခဲ့ပါသတဲ့။

ဒေါက်တာတင့်ဆွေ
၁၈-၃-၂၀၂၀

https://www.facebook.com/story.php?story_fbid=153953759414285&id=103865144423147

Tags:

Add a Comment

Your email address will not be published. Required fields are marked *