fbpx

ကိုရိုနာ ဗိုင်းရပ်စ် သတင်းကောင်းများ စုစည်းတင်ပြမှု

Bloomberg သတင်းဋ္ဌာန၏သတင်းများမှ တိကျသေချာတဲ့ သတင်းတွေထဲက ကောက်နုတ်ချက်တွေကို ဘာသာပြန်ပြီး စုစည်းတင်ပြမှုတွေပါ ။ ပြည်သူများအနေနဲ့ လိုက်နာစရာများကိုလည်း လိုက်နာကြပါ သတင်းကောင်းများကိုလည်းဖြန့်ဝေကြပါ။ စနစ်တကျသတိရှိရှိဖြင့်သာ ကြောက်တတ်ကြပါလို့ တရုတ်တွင် ကိုရိုနာရောဂါကုသီးသန့်ဆေးရုံနောက်ဆုံးတစ်လုံးပိတ်လိုက်ပြီဖြစ်သည်။ လူနာအသစ်မရှိတော့သောကြောင့်ဖြစ်သည်။ — အိန္ဒိယဆရာဝန်များသည် Lopinavir,Ritonavir ဆိုသော HIV ရောဂါကုဆေးနှင့် Oseltamivir ဆိုသော တုပ်ကွေးကုဆေးကိုအသုံးပြုပြီး Chlorpheniramine ခေါ် ဘာမီတွန်နှင့်တွဲဖက်၍ အောင်မြင်စွာကုသနိုင်နေပြီဖြစ်သည်။ ထိုကုထုံးကို တစ်ကမ္ဘာလုံးသုံးအောင် အကြံပြုပြောကြားမည်ဖြစ်သည်။

— Erasmus medical center ရှိသုတေသီများသည် ကိုရိုနာဗိုင်းရပ်စ်ပိုးကိုတိုက်သော ပဋိပစ္စည်းကို သွေးအတွင်းမှ အောင်မြင်စွာ ခွဲထုတ်နိုင်ခဲ့ပြီဖြစ်သည်။ — ၁၀၃ နှစ်အရွယ် ဖွားဖွားသည် ခြောက်ရက်မြောက်ကုသပြီးပျောက်ကင်းသွား၍ ဝူဟန့်ဆေးရုံမှဆင်းခွင့်ရခဲ့ရာ အသက်အကြီးဆုံးပျောက်ကင်းသူအဖြစ် စံချိန်တင်ခဲ့သည်။ — Apple ကုမ္ပဏီသည် apple stores ၄၂ ခုကို တရုတ်နိုင်ငံတစ်ဝှမ်းလုံးပြန်ဖွင့်လိုက်နိုင်ပြီဖြစ်သည်။ — US ရှိ Cleveland Clinic မှ စစ်ဆေးစရာဖြစ်သော COVID-19 test ကို ရက်ပိုင်းစောင့်စရာမလိုဘဲ နာရီပိုင်းနှင့်အဖြေရအောင် တီထွင်နိုင်ခဲ့ပြီဖြစ်သည်။

— တောင်ကိုရီးယားနိုင်ငံတွင် သတင်းကောင်းအနေနှင့် ကူးစက်ခံလူနာများလျော့နည်းလာလျက်ရှိသည်။ — အီတလီနိုင်ငံသည် လူအသေအပျောက်နှုန်းအများဆုံးဖြစ်နေရာ အကြောင်းမှာ ဥရောပတစ်တိုက်လုံးတွင် အသက်အကြီးဆုံးသက်ကြီးရွယ်အိုဦးရေ ရှိသောကြောင့်ဖြစ်သည်။

— အစ္စရေးနိုင်ငံရှိသိပ္ပံပညာရှင်များက ကိုရိုနာပိုးကာကွယ်ဆေး vaccine ကို တွေ့ရှိရန်အလွန်နီးစပ်နေပြီဖြစ်ကြောင်း တရားဝင် ပြောကြားတော့မည်ဖြစ်သည်။ — အမေရိကန်နိုင်ငံ Maryland ပြည်နယ်တွင် ကူးစက်ခံလူနာသုံးဦးစလုံး လုံးဝပြန်ကောင်းသွားသောကြောင့် နေ့စဉ်သာမန်လူများကဲ့သို့ပြန်လည်နေထိုင်နိုင်ပြီဖြစ်သည်။ — COVID-19 အတွက် ကနေဒါနိုင်ငံတွင် သုတေသီပညာရှင်များက သုတေသနသည် ခရီးအတော်ပေါက်နေပြီဖြစ်ကြောင်း သိရှိရသည်။

— San Diego biotech ကုမ္ပဏီသည် စင်္ကာပူနိုင်ငံရှိ နာမည်အကြီးဆုံးဆေးတက္ကသိုလ်နှစ်ခုဖြစ်သော Duke University နှင့် NUS တို့နှင့် တွဲဖက်ကာ ကာကွယ်ဆေး vaccine ကို တီထွင်နေပြီဖြစ်သည်။ — USရှိ အိုကလာဟိုးမားပြည်နယ် Oklahoma , Tulsa ခရိုင်ရှိ COVID-19 positive ပထမဆုံးသောလူနာသည် စစ်ဆေးမှုနှစ်ခါစလုံး negative ထွက်သဖြင့် ပျောက်ကင်းခဲ့ပြီဖြစ်သည်။

— အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Safdarjung ဆေးရုံတွင် ကုသနေသော လူနာခုနှစ်ယောက်လုံး အပြည့်အဝပြန်ကောင်းသွားပြီဖြစ်သည်။ — ကုထုံးတစ်ခုအနေနှင့် လောလောလတ်လတ်ပြန်ကောင်းပြီးခဲ့သောလူနာ၏သွေးရည်ကြည်မှ အခြားလူနာရှိ COVID-19 ကို ပြန်လည်ကုသနိုင်ပြီဖြစ်သည်။ — ဖိလစ်ပိုင်နိုင်ငံရှိ ပထမဆုံးလူနာသည် ဆေးရုံမှဆင်းခဲ့ပြီဖြစ်သည်။

***BLOOMBERG သတင်းဋ္ဌာနမှ သတင်းများကို စုပေါင်းထားခြင်းဖြစ်သည်။ မကူးစက်အောင် ဆောင်ရန်ရှောင်ရန်များကိုလိုက်နာပြီး ထိရှလွယ်သော ဖိတ်စင်လွယ်သော သက်ကြီးရွယ်အိုများကို ပိုးမကူးစက်အောင်စောင့်ရှောက်ကြပါ။ သတင်းကောင်းကိုလည်းဖြန့်ဝေကြပါ။ မြောက်ကမ္ဘာခြမ်း နွေမြန်မြန်ပေါက်ပါစေ။

Writter By: Dr Aung Kyaw Thu

Tags:

Add a Comment

Your email address will not be published. Required fields are marked *